" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, August 25, 2023

ထိုင်း-မြန်မာနယ်စပ်အပါအဝင် နိုင်ငံအချို့တွင် ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်ခံရမှု ၆ နှစ်ပြည့် အခမ်းအနား ပြုလုပ်

Myanmar Pressphoto Agency
by MPA CJ012
Aug 25, 2023

ထိုင်း-မြန်မာနယ်စပ်အပါအဝင် နိုင်ငံအချို့တွင် ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်ခံရမှု ၆ နှစ်ပြည့် အခမ်းအနား ပြုလုပ်

ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ရိုဟင်ဂျာများ လူမျိုးတုန်းသတ်ဖြတ်ခံရမှုသည် ယနေ့ ဩဂုတ်လ ၂၅ ရက်နေ့တွင် ၆ နှစ်ပြည့်ပြီဖြစ်ပြီး ယင်းနှစ်ပတ်လည်ပွဲ အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ်နေရာနှင့် ကနေဒါနိုင်ငံတို့အပါအဝင် နိုင်ငံတကာတွင်လည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ဂျီနိုဆိုက် ၆ နှစ်ပြည့်ဆိုတာ သက်မှတ်ချက်အရပါ။ တကယ်တန်းက ၆ နှစ်မကပါဘူး။ ကျတော်တို့ သိရသလောက်ဆို ၁၉၄၂ ခုနှစ်နောက်ပိုင်းကာလတွေတည်းက စနစ်တကျ အစပျိုးလာခဲ့တာပေါ့။ အခုသိရသလောက်ဆိုရင် ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးအတွက် တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ်တို့က ပူးပေါင်းပြီး ကြိုးစားနေတယ်လို့လည်း သိရတယ်။ ရိုဟင်ဂျာတွေဘက်ကလည်း ဂုဏ်သိက္ခာရှိရှိနဲ့ လုံလုံခြုံခြုံ နေရပ်ပြန်ခွင့်ရချင်တယ်။ ဒါမျိုးတွေမရဘူး ဆိုရင်တော့ မပြန်ဘူးလို့ ပြတ်ပြတ်သားသား ငြင်းဆိုထားတယ်လို့လည်း သိရပါတယ်”ဟု မြန်မာမွတ်စလင် တော်လှန်ရေးအင်အားစု (MMRF) မှ တာဝန်ရှိသူတစ်ဦးက MPA သို့ ပြောသည်။

ယင်းအပြင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ရိုဟင်ဂျာလူမျိုးများ၏ ရပိုင်ခွင့်များနှင့် ၎င်းတို့အား အမှန်တကယ် ဒုက္ခသည်ဖြစ်ကြောင်း အသိအမှတ်ပြုစေချင်ကြောင်းလည်း MMRF က ဆိုသည်။

“ရိုဟင်ဂျာလူမျိုးတွေက အခုဆို ယာယီကယ်ဆယ်ထားတဲ့ အနေအထားဖြစ်နေပြီးတော့ ဒုက္ခသည် အခွင့်အရေးလည်းမရ၊ ကိုယ့်နိုင်ငံမှာလည်း ရပ်တည်နေထိုင်ရခြင်းမရှိနဲ့ ခိုကိုးရာမဲ့နေတာပေါ့။ ဒီအ ခြေအနေတွေကို နိုင်ငံတကာ အသိုင်းအဝိုင်းတွေက သေချာကိုင်တွယ်သင့်တယ်”ဟု ရိုဟင်ဂျာအရေး လှုပ်ရှားသူ မရိုသင်းသင်းလှိုင်က ပြောသည်။

ထို့အပြင် ရိုဟင်ဂျာလူမျိုးသည် ပြည်သူထဲမှ ပြည်သူဖြစ်ကြောင်း ခိုင်ခိုင်မာမာ ထုတ်ဖော်ပြသင့်ပြီး၊ အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် ရိုဟင်ဂျာများကို သိသာထင်ရှားစွာ လက်ကမ်း ကြိုစေချင် ကြောင်း၊ ရိုဟင်ဂျာလူမျိုးများအား အသိအမှတ်ပြုမည်ဆိုပါက အနာဂတ်တွင် ခွဲခြားမှုများအား ဖယ် ခွာ၍ ပြည်သူတိုင်းအတွက် ရပ်တည်သော အစိုးရတစ်ရပ် ဖြစ်ပေါ်လာနိုင်ကြောင်းလည်း တော်လှန် ရေး အင်အားစုများက MPA သို့ မှတ်ချက်ပြု ပြောဆိုသည်။

“ဂျီနိုဆိုက်ကို စနစ်တကျကျူးလွန်တဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင် ရှိနေသ၍တော့ ရိုဟင်ဂျာတွေ က ဘယ်လိုနည်းနဲ့မှ ပြည်တွင်းကို ပြန်လို့ မဖြစ်သေးဘူး။ ကျတော်တို့နိုင်ငံမှာ အားလုံးပါဝင်တဲ့ ဖက်ဒ ရယ်ပြည်ထောင်စုတစ်ခု ဖြစ်လာတယ်ဆိုမှ ရိုဟင်ဂျာတွေက ပြန်လို့ရမှာပေါ့။ အခုဆိုလည်း ဘင်္ဂလား ဒေ့ရှ်ကို ရောက်နေတာလည်း အများကြီးပါ။ ၁ သန်းနီးပါးသော လူမျိုးတုန်းသတ်ဖြတ် ခံရတဲ့သူတွေ ဆီကနေ လွတ်မြောက်လာတဲ့ ဒီရိုဟင်ဂျာတွေကို နိုင်ငံတကာအနေနဲ့ လူသားချင်းစာနာတဲ့ အထောက် အပံ့တွေ ပေးဖို့လိုပါမယ်။ ကျတော်တို့ အနေနဲ့လည်း ကြိုးစားနေပါတယ်”ဟု Burmese Rohingya Organization – BRO ၏ ဥက္ကဋ္ဌဖြစ်သူ ဦးထွန်းခင်က ပြောသည်။

၂၀၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်၏ နယ်မြေရှင်းလင်းမှုများကြောင့် ရွာပေါင်း ၃၀၀ ကျော် ဖျက်ဆီးခံခဲ့ရသည့်အပြင် ရိုဟင်ဂျာ ၇ သိန်းကျော်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး ခိုလှုံခဲ့ရပြီး လက်ရှိချိန်အထိ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ခြင်း မရှိသေးပေ။

“မင်းကောင်းမင်းမြတ်ရဲ့ လက်အောက်မှာ နေထိုင်ခြင်းကလည်း အစ္စလာမ်ပဲ။ မင်းဆိုးမင်းညစ် လက် အောက်ကနေ လွတ်မြောက်ရေးအတွက် တော်လှန်တိုက်ပွဲဝင်ရေးကလည်း အစ္စလာမ်ပဲ။ မင်းအောင် လှိုင်ဦးဆောင်တဲ့ အစွန်းရောက် စစ်အုပ်စုသည် မင်းဆိုးမင်းညစ်ထက်တောင် ပိုပြီး ဆိုးယုတ်နိမ့်ကျတဲ့ သူတွေဖြစ်လို့ ရိုဟင်ဂျာ လူ့အဖွဲ့အစည်းရော မြန်မာမွတ်စလင် လူ့အဖွဲ့အစည်းရောက စုစုစည်းစည်းနဲ့ စုံလင်ကွဲပြားတဲ့ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ စုပေါင်းပြီး လက်တွဲရမယ့် အချိန်တန်ပြီလို့ ပြော ချင် ပါတယ်”ဟု အစ္စလာမ်ဘာသာဝင် အကျဉ်းသားဟောင်း တစ်ဦးဖြစ်သူ ဦးထွန်းကြည်မှ MPA သို့ မှတ် ချက်ပြုပြောဆိုသည်။

ရိုဟင်ဂျာများအပေါ် ထပ်ခါတလဲလဲ ဖိနှိပ်ညှဥ်းပမ်းနေသည့် စစ်ကောင်စီအား အရေးယူနိုင်ရန်နှင့် နိုင် ငံတစ်ဝန်း လူ့အခွင့်အရေး ချိုးဖောက်မှုများအပြင် လူသားများဒုက္ခရောက်စေရန် ဆောင်ရွက် နေ မှု များအား တားဆီးနိုင်ရန်အတွက် ထိထိရောက်ရောက် ဆောင်ရွက်ရန်လိုအပ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာရုံးမှ ကြေညာချက်ထုတ်ပြန်ထားသေးသည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */