Showing posts with label ၁၉၄၀. Show all posts
Showing posts with label ၁၉၄၀. Show all posts

Tuesday, November 11, 2025

၁၉၄၀ နှစ်များ မြန်မာတွင် လူမျိုးရေးနိုင်ငံရေး ပေါ်ပေါက်လာပုံ - ကရင်များနှင့် သခင်သမိုင်းပုံ

၁၉၄၀ နှစ်များ မြန်မာတွင် လူမျိုးရေးနိုင်ငံရေး ပေါ်ပေါက်လာပုံ - ကရင်များနှင့် သခင်သမိုင်းပုံ



သခင် ဆိုသည်မှာ တို့ဗမာအစည်းအရုံး၏ အဖွဲ့ဝင်များဖြစ်ပြီး ၁၉၃ဝ ပြည့်လွန်နှစ်များအတွင်း နိုင်ငံရေး" တတိယမျိုးဆက်' များ အဖြစ် အမျိုးသားရေးဝါဒီများ၏ နိုင်ငံရေးစုဖွဲ့မှုဖြစ်ပြီး အဆုံးသတ်အားဖြင့် မြန်မာနိုင်ငံအား လွတ် လပ်ရေး ဆောင်ကြဉ်း ပေးနိုင်ခဲ့သူများ ဖြစ်ပါသည်။ သခင်ရှုထောင့်မှ ရေးသား ထားသော သမိုင်းများသည် မြန် မာနိုင်ငံ၏ ဇာစ်မြစ်များကို ဖြေရှင်းဖော်ပြကာ ပြည်သူများကို စည်းလုံး ညီညွတ်စေခဲ့သည်။ သို့ရာတွင် ဤသမိုင်းရေးသားမှုသည် သခင်တို့၏ လုပ်ဆောင်ချက်များကိုသာ အကြွင်းမဲ့မှန်ကန်မှု ဖြစ်စေကာ အချို့သော ပြည်သူလူထု အစိတ်အပိုင်းများ ကို ဖယ်ကျဉ်ခြင်း၊ အပယ်ခံ ဖြစ်စေခြင်းများကို လည်း ဖြစ်စေခဲ့ပြီး သခင်တို့၏ ကျရှုံးမှုများကိုလည်း ဖုံးကွယ် ထားပေသည်။ ဖုံးကွယ်ထားခြင်း ခံရသည့် မြန်မာ့သမိုင်း၏ အရေးကြီးသည့်အစိတ်အပိုင်းတရပ်မှာ တိုင်းရင်းသား လူမျိုးများ ဆိုင်ရာ ပြဿနာများနှင့် နိုင်ငံရေး သမိုင်းပင် ဖြစ်သည်။ ကိုလိုနီခေတ်သမိုင်းပညာရှင်များမှ စတင်ခဲ့သော အစောပိုင်း အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် သုတေသနများသည် သခင် ရှုထောင့် သမိုင်းပုံ နှင့် ဆက်စပ်နေခဲ့သည်။ ဤစာတမ်းသည် ထိုသမိုင်းရေးအမြင် နှစ်ခုကြောင့် ဖုံးကွယ်ထားခြင်းခံရသည့် ၁၉၄၇ ခုနှစ် လူမျိုးရေး နိုင်ငံရေး၏ အစကို လေ့လာဖော်ပြမည်။ ထိုကာလတွင် အဓိက နိုင်ငံရေးလှုပ်ရှားသူများမှာ ဖဆပလ (ဖက်ဆစ် ဆန့်ကျင်ရေး နှင့် ပြည်သူ့ လွတ်လပ်ရေးအဖွဲ့ချုပ်) မှ သခင်များနှင့် ခရစ်ယာန် ကရင်များဖြစ် သည်။ သခင်များသည် လူမျိုးပေါင်းစုံ ပါဝင်သည့် အုပ်စုများကို ၎င်းတို့လိုလားသည့် စနစ်ပုံစံအတိုင်း လွတ်လပ်သော မြန်မာနိုင်ငံအဖြစ် ပေါင်းစည်းရန် ကြိုးပမ်းခဲ့ကြသော်လည်း ကရင်များအဖို့မူ ၁၉၄ဝ ပြည့်နှစ်များ တွင် သခင်များနှင့် ပူးပေါင်းမှုနှင့် ပဋိပက္ခဖြစ်မှုတို့ကို အခြေခံ၍ ညီညွတ်သောကရင် အဖြစ် ပေါင်းစည်းရန် ဆောင်ရွက်ခဲ့ကြ ပေသည်။ ရခိုင်၊ မွန်၊ ရှမ်း၊ ရိုဟင်ဂျာကဲ့သို့ အခြားသော လူမျိုးစုများ အတွက်လည်း ၁၉၄၇ ခုနှစ်သည် လူမျိုးရေးနိုင်ငံရေး၏ အစဖြစ်ခဲ့သည်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */