Sunday, September 8, 2024

စစ်ကောင်စီနဲ့ RSO အချင်းချင်းမတိုက်ခိုက်ဖို့ နားလည်မှုရှိ (RSO နိုင်ငံရေးဆိုင်ရာတာဝန်ခံ)

VOA
ဗွီအိုအေ (မြန်မာဌာန)
၀၈ စက်တင်ဘာ၊ ၂၀၂၄ 
ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) (Photo: RSO X media)
 
ရိုဟင်ဂျာလက်နက်ကိုင် အဖွဲ့တခု ဖြစ်တဲ့ ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) နဲ့ မြန်မာ စစ်ကောင်စီတပ်တွေ ကြားမှာ အချင်းချင်း မတိုက်ခိုက်ဖို့ နားလည်မှု ရှိထားကြတယ်လို့ RSO တာဝန်ရှိသူ တဦးက ရိုက်တာ သတင်း ဌာနကို သီးသန့် ဖြေကြားကြောင်း စက်တင်ဘာ ၆ ရက်နေ့မှာ ရိုက်တာက ထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်က သူတို့ကို မတိုက်သလို သူတို့ကလည်း စစ်ကောင်စီ တပ်တွေကို မတိုက်ဘူး လို့ ရိုက်တာက ရရှိတဲ့ ရှားပါး တွေ့ဆုံမေးမြန်းချက်တခုထဲမှာ ဦးကိုကိုလင်း အမည်နဲ့ RSO ရဲ့ နိုင်ငံရေးဌာန အကြီးအကဲဆိုသူက ဖြေကြားထားပါတယ်။

ဒါပေမဲ့ နှစ်ဘက် ဒီလို နားလည်မှုကို ဘယ်အချိန်လောက်ကတည်းက ရရှိထားလဲ ဆိုတာကိုတော့ ဦးကိုကိုလင်းက အတိအကျ မဖြေပါဘူး၊။ ဒါပေမယ့် ဒီလို မတိုက်ခိုက်ဖို့ တရားဝင် သဘောတူညီထားတာမျိုးတော့ မရှိဘူး ဆိုပါတယ်။ နှစ်ဘက်စလုံးက အာရက္ခတပ်တော် (AA) နဲ့ ရင်ဆိုင်တိုက်နေရတာမှန်ပေမယ့် နှစ်ဘက် ပူးပေါင်း တိုက်ခိုက်တာမျိုးလည်း မရှိကြောင်း အဲဒီ RSO တာဝန်ရှိသူက ပြောပါတယ်။

“ကျနော်တို့ရဲ့ တပ်ဖွဲ့ဝင်တွေဟာ ကိုယ်ပိုင်ယူနီဖောင်း၊ ကိုယ်ပိုင်တံဆိပ်တွေနဲ့ တိုက်ပွဲဝင်နေပြီး ကိုယ်ပိုင်သေနတ်တွေကို အသုံးပြုနေတယ်” လို့ ဆိုပါတယ်။ မောင်တောမြို့ အပါအဝင် ရခိုင်ပြည်နယ်က စစ်မြေပြင် အခြေအနေနဲ့ ပတ်သက်ပြီး ဦးကိုကိုလင်းရဲ့ ပြေဆိုချက်တွေ အပေါ်မှာ ရိုက်တာ သတင်းဌာနက သီးခြား အတည်မပြုနိုင်သေးပါဘူး။ မြန်မာစစ်ကောင်စီကိုလည်း တယ်လီဖုန်းနဲ့ အီးမေးလ်တွေက တဆင့် ဒီကိစ္စ မှတ်ချက်ပေးဖို့ တောင်းဆိုထားပေမယ့် တုံ့ပြန်ခြင်းမရှိသေးပါဘူး။

မြန်မာစစ်ကောင်စီတပ်ကို တိုက်ခိုက်ရာမှာ အာရက္ခာ တပ်တော် (AA) ကို အတူ မဟာမိတ်ဖွဲ့နိုင်ဖို့ RSO က ကြိုး စားခဲ့ပေမယ့် AA ဘက်က ငြင်းဆန်ခဲ့တယ်လို့လည်း ဦးကိုကိုလင်းက ပြောပါတယ်။ "သူတို့က အချိန်ဆွဲနေပြီး အ တူတူ ထိုင် စကားပြောကြဖို့ကို ရှောင်နေတယ်" လို့ သူက ရိုက်တာကို ပြောပါတယ်။ “ရိုဟင်ဂျာတွေကို မတိုက်ခိုက်ဖို့ RSO က အာရက္ခာ တပ်တော် (AA) ကို တောင်းဆိုထားပြီး မကြာခဏ သတိပေးပေမယ့် AA u လျစ်လျူရှုထားတယ်လို့ ဆိုပါတယ်။ အာရက္ခာ တပ်တော် (AA) ကတော့ ရိုဟင်ဂျာတွေကို ပစ်မှတ်ထား တိုက်ခိုက်တာ မရှိဘူးလို့ အရင် ငြင်းဆိုထားပြီး RSO ရဲ့ အခု ပြောဆိုမှတ်ချက်တွေနဲ့ ပတ်သက်ပြီး ရိုက်တာက မေးခွန်းတွေ မေးမြန်းခဲ့ပေမယ့် ပြန်လည် ဖြေကြားခြင်း မရှိဘူး လို့ သတင်းမှာ ဖော်ပြထားပါတယ်။

အာရက္ခတပ်တော် ကျောထောက်နောက်ခံပြုထားတဲ့ ရခိုင် အသိုင်းအဝန်းနဲ့ ရိုဟင်ဂျာတွေကြားမှာ နက်နက်ရှိုင်းရှိုင်းနဲ့ကို တင်းမာမှုတွေက ရှိနေတာပါ။ RSO အပါအဝင် ရိုဟင်ဂျာ မွတ်ဆလင် တွေဟာ အာဏာသိမ်း စစ်အစိုးရနဲ့ ပူးပေါင်းနေတယ် ဆိုတဲ့ စွပ်စွဲချက်တွေလည်း အများအပြား ထွက်နေပြီး စစ်ကောင်စီကလည်း AA ကို တိုက်ခိုက်ရာမှာ အသုံးပြုဖို့ ရိုဟင်ဂျာတချို့ကို စစ်တပ်က အတင်းအဓမ္မ စစ်မှုထမ်းစေခဲ့ပါတယ်။

RSO အဖွဲ့ဟာ ရိုဟင်ဂျာတွေအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တည်ထောင်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ ၁၉၈၂ ခုနှစ်မှာ စတင် ဖွဲ့စည်း ပေါ်ပေါက်လာပေမယ့် အရင်ကတော့ ပျက်ပြယ်လုနီးပါး ဖြစ်နေပြီလို့ လေ့လာသူတွေက ကာလ ကြာရှည်စွာ ယူဆခဲ့ကြပါတယ်။ ဒါပေမယ့် ၂၀၂၂ ခုနှစ်က စတင်ပြီး စ တပ်ဖွဲ့ဝင် ၁,၀၀၀ ဝန်းကျင်လောက်ပဲ ရှိခဲ့ရာကနေ အခုအခါမှာ အင်အား ၅,၀၀၀ ကနေ ၆,၀၀၀ ကြားအထိ တိုးချဲ့ဖွဲ့စည်းထားနိုင်ပေမယ့် အားလုံးကိုတော့လက် နက်တပ်ဆင် ထားနိုင်ခြင်း မရှိသေးဘူးလို့ ဦးကိုကိုလင်းက ပြောပါတယ်။

RSO အဖွဲ့ဟာ လက်ရှိမှာ လက်ရှိမှာ မဟာဗျူဟာ ပြောင်းလဲနေပြီး အတွင်းပိုင်းကို ပိုဝင်လာဖို့ ရှိတယ်လို့ ဦးကိုကိုလင်းက ပြောပေမယ့် အသေးစိတ် ထုတ်ပြောဖို့ကိုတော့ ငြင်းဆန်ခဲ့ကြောင်း ရိုက်တာ သတင်းဌာနမှာ ဖော်ပြထားပါတယ်။

Link: Here

1 comment:

  1. 1962 to 2016 we are facing with Myanmar gvt but that time have remaining rohingya in Arkan state and that time afew Refugee in bangladesh but since 2017 to 2024 ARSA time no more Rohinhya in Arkan because of ARSA we are fleeing to Bangladesh refugee camp .more then 1-million Rohingya in refugee camp because of ARSA

    All ARSA are Myanmar military agent since 2017 to 2024 until ARSA support only Myanmar Military .its mean ARSA only Myanmar military agent .if ARSA cant safe Rohingya life .why ARSA destroy rohingya life .

    we are not called any Rohingya Rebel groups in Arkan . why ARSA are coming in ARKAN .WHY ARSA are OUR LIFE DESTROY .ITS happened because of ARSA.today we are in refugee camp in bangladesh

    Everyone knows Myanmar gvt don’t want any Rohingya in Arkan state also Myanmar gvt 1960 to trying take out all Rohingya from ARKAN but 1960 to 2016 never successful to take out Rphingya From Arkan ,ARSA time 2017 to 2024 no more Rohingya in Arkan because of ARSA and RSO no more Rohingya in Arkan

    since 2017 to 2024 until ARSA support only Myanmar Military

    if ARSA cant Safe Rohingya life .why destroy Rohingya life .................?

    Any rebels groups. we don’t need in Arkan state . Why ARSA And RSO coming to Arkan state . 2024 may Buthidauing and 2024 June Maung Daw towhsip destroy Rohingya life .its happened because of ARSA .

    we dont need any rebels group in Arkan .why ARSA destroy Rohingya life. Why take byforce for Jihad if not support ARSA. Why ARSA killing own community

    Why ARSA taking byforce for Jihad. Why ARSA terrorist joined with Myanmar military.

    ARSA only blaming other party groups . we are fleeing to Bangladesh refugee camp because of ARSA .Why ARSA come To in ARkan ?

    ReplyDelete

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */