" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, May 22, 2023

ရန်ပုံငွေ မလုံလောက်မှုကြောင့် ရိုဟင်ဂျာတွေ အထောက်အ ပံ့ ထပ်မံလျှော့ချဖို့ ကုလစီစဉ်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
၂၂ မေ၊ ၂၀၂၃
ကုတုပလောင် ဒုက္ခသည်စခန်း မြင်ကွင်းတခု။ ၆ အောက်တိုဘာ၊ ၂၀၂၀

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁ သန်းလောက်အတွက် ၃ လအတွင်း ဒုတိယအကြိမ်အဖြစ် စားနပ်ရိက္ခာ အကူညီတွေ ဖြတ်တောက်မယ်လို့ ကုလသမဂ္ဂ စားနပ်ရိက္ခာအစီ အ စဉ် WFP က ဒီကနေ့ပဲ ပြောလိုက်ပါတယ်။

လစဉ် လူ ၁ ယောက်အတွက် ၁၀ ဒေါ်လာ သုံးနေရာကနေ ဇွန်လ ၁ ရက်ကစပြီး ၈ ဒေါ်လာ လျှော့ချမယ့်အ ကြောင်း WFP ပြောရေးဆိုခွင့်ရှိသူ Kun Li (ကွန်လီ) ကို ကိုးကားပြီး AFP သတင်းက ဖော်ပြခဲ့တာပါ။ ရန်ပုံငွေမလောက်လို့ ရိက္ခာ ဖြတ်တောက်ရတာဖြစ်ကြောင်းနဲ့ ၁၂ ဒေါ်လ) အပြည့်အ၀ ထောက်ပံ့ဖို့ ဒေါ်လာ ၅၆ သန်း အရေးတကြီး လိုနေတယ်လို့လည်း ပြောပါတယ်။ ဒီလိုရိက္ခာတွေ ဖြတ်တောက်ခံရတဲ့အတွက် အာဟာရချို့တဲ့မှု တွေဖြစ်နေပြီး လူပြည့်ကျပ်နေတဲ့ စခန်းတွေမှာ အခက်အခဲတွေဖြစ်နေကြတယ်လို့ အကူအညီပေးရေးအဖွဲ့တွေက ပြောပါတယ်။ အထောက်အပံ့ ဖြတ်တောက်မယ့် အစီအစဉ်ဟာ မြန်မာနိုင်ငံကို ပြန်ပို့ဖို့ တွန်းအားပေးတဲ့အနေနဲ့ တမင်လုပ်တာလို့လည်း ရိုဟင်ဂျာတွေက ဝေဖန်နေကြပါတယ်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ်က စစ်ဆင်ရေးအတွင်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး ၂ နိုင်ငံကြား သဘောတူညီချက် ရရှိထားပေမဲ့ လက်တွေ့အကောင် အ ထည် မဖော်နိုင်ပဲ ဖြစ်နေတာပါ။ နေရပ်ပြန်ရေး အစီအစဉ်အတွက် မြန်မာကိုယ်စားလှယ် အဖွဲ့တဖွဲ့ဟာလည်း မကြာခင် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေကို သွားမယ်လို့ ခန့်မှန်းရပါတယ်။ မကြာသေးခင်က ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေနဲ့ ရခိုင်ပြည်နယ်ကို သွားရောက် အကဲခတ်ခဲ့ကြတဲ့ ရိုဟင်ဂျာ တချို့ကတော့ နေရပ်ပြန်နိုင်တဲ့ အခြေအနေ မရှိသေးဘူးဆိုပြီး ခရီးစဉ်အပြီးမှာပဲ ပြောဆိုထားကြပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */