Saturday, April 6, 2019

ဒေါက်တာအေးမောင်နှင့် ကိုဝေဟင်အောင်တို့အမည် မသိနေရာသို့ ခေါ်ဆောင်သွား

နိရဉ္စရာ
နိရဉ္စရာ၊ ဧပြီ ၆ / ၂၀၁၉
 ထောင်နှစ် (၂၀) ချမှတ်ခံထားရသည့် ဒေါက်တာ အေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ကို ယနေ့ ညနေက စစ်တွေထောင်မှ လေယာဉ်ဖြင့် အမည်မသိနေရာသို့ ယူဆောင်သွားကြောင်း မိသားစုများက ပြောကြားသည်။

ဒေါက်တာအေးမောင်၏ သားဖြစ်သူ ရသေ့တောင်မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးတင် မောင်ဝင်းအား နိရဉ္စရာသတင်းဌာနမှ ဆက်သွယ်မေးမြန်းရာ စစ်တွေထောင်မှ ထုတ်ယူသွားခြင်းကို အ တည်ပြု ပြောကြားသည်။

“ ကျွန်တော်တို့ မိသားစုကိုလည်း ဘာမှ အကြောင်းမကြားဘူး သူတို့က။ ကျွန်တော်တို့ သိရတာကနောက် မှ ၇ နာရီလောက်မှ ထုတ်တော့မယ်လို့ အတွင်းစကားအရ သိရတာပေါ့။ ကြားရတာ စစ်တွေ လေ ဆိပ်မှာ ည ၆ နာရီ တပ်မတော်ပိုင် လေယာဉ်လို့ ကြားပါတယ်။ တစ်စီးရောက်နေတယ်လို့။ ကျွန်တော် က စစ်တွေ မှာ မရှိဘူး။ ရန်ကုန်ရောက်နေတော့ တိတိကျကျတော့ မသိဘူး။ အဲဒီလေယာဉ်နဲ့ ဘဲ ည ၇ နာရီ လောက် မှာ ယူသွားတယ်လို့ ကြားရပါတယ်။ ဘယ်ကို ယူသွားတယ် ဆိုတာလည်း အခုအချိန်ထိ သတင်း မရသေး ပါဘူး”ဟု ဦးတင်မောင်ဝင်းက ပြောကြားသည်။

ဦးတင်မောင်ဝင်းမှာ လေယာဉ်ဖြင့် ယူသွားသဖြင့် ရန်ကုန်လေဆိပ်မှ စောင့်နေခဲ့ရာ ည ၉ နာရီ ထိ ထူးခြားမှု မရှိသဖြင့် တည်းခိုနေရာသို့ ပြန်လာပြီဟု ပြောဆိုသည်။

“ တကယ် အကျဉ်းသားတစ်ယောက်ရဲ့ခံစားပိုင်ခွင့်အရ ဆိုရင် သူ့မိသားစုနဲ့ အနီးဆုံးနေရာမှာ ထားပေး ရမယ်ဆိုတာကို ကျွန်တော်နားလည်တယ်။ အခုဟာက မိသားစုနဲ့ အနီးဆုံးမဟုတ်ဘဲ အဝေးဆုံး ဘယ်နေ ရာကို ပို့တယ်ဆိုတာ မသိရတဲ့ အတွက် စိုးရိမ်တာက ပြောစရာ မလိုဘူးပေါ့ဗျာ” ဟု ၎င်းက ပြောဆိုသည်။

ထိုသို့ ခေါ်ဆောင်သွားရာတွင် မိသားစုများသို့လည်း တစ်စုံတစ်ရာ အကြောင်းကြားခြင်း မရှိကြောင်း သိ ရသည်။

ဒေါက်တာအေးမောင်နှင့် ဆရာဝေဟင်အောင်တို့ စစ်တွေထောင်မှ ယူဆောင်သွားခြင်းနှင့် ပတ်သက်ပြီး အတည် ပြုချက် ရယူနိုင်ရန် စစ်တွေထောင်သို့ ယနေ့ ညဉ့် ၉ နာရီ မိနစ် ၅၀ က ဆက်သွယ်ရာ တာဝန်ရှိသူ တစ်ဦးက ဖုန်းလက်ခံသော်လည်း ပြောဆိုရန် ငြင်းဆိုသည်။

ထောင်အရာရှိက “ အဲဒါတော့ ကျွန်တော်တို့ မပြောတတ်ပါဘူးခင်ဗျား။ ဆိုင်ရာ ဆိုင်ရာကိုဘဲ မေးပါခင် ဗျား။ ကျွန်တော်တို့လည်း တော်ကြာလောက်မှဘဲ ရောက်တာ။ မပြောတတ်ပါဘူးခင်ဗျား” ဟု ပြော ဆို ကာဖုန်းချသွားခဲ့သည်။

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */