" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, November 24, 2023

MNDAAက စခန်း ၄ ခုကို ဆက်လက်သိမ်းပိုက်ပြီးနောက် လောက်ကိုင်မြို့ သို့ ဦးတည်ချီတက်လာနေ

Narinjara
ရက်စွဲ: ၂၄ နိုဝင်ဘာ ၂၀၂၃ 

(မဟာမိတ်တပ်ဖွဲ့မှ စစ်ဆင်ရေး ၂၉ ရက်မြောက်နေ့တွင် စစ်ကောင်စီ၏တပ်စခန်းအကြီးအသေး အနည်း ဆုံး စုစုပေါင်း(၁၇၁)ခု သိမ်းပိုက်ရရှိပြီဟုဆို)

ကိုးကန့် MNDAAသည် ဆိုင်တာအိုင်တောင်ကုန်းအပါအဝင် စခန်း ၄ ခု ကိုသိမ်းပိုက်လိုက်ပြီးနောက် လောက်ကိုင်မြို့ သို့ ဦးတည် ချီတက်လာနေပြီ ဖြစ်ကြောင်း ကိုးကန့် မီဒီယာတွင် သတင်းဖော်ပြသည်။

နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ကိုးကန့်ဒေသ၏ တောင်ပိုင်းနှင့် မြောက်ပိုင်းရှိစစ်ရေး စခန်း(၄)ခုကို သိမ်း ယူနိုင်ခဲ့ကြောင်း သိမ်းယူနိုင်ခဲ့သည့် စခန်းများမှာ ကိုးကန့် တုန်းရှမ်းဒေသ ပါကျောက်ရွှေစခန်း၊ လွမ်း လောက်လင် တောင်ကုန်းရှိ စစ်ကောင်စီ တပ်စခန်း၊ ကိုးကန့်တုန်းရှမ်းဒေသ ဆိုင်တာအိုင် တောင်ကုန်း ရှိ စစ်ကောင်၏ စခန်းနှင့် လောက်ပေါက်ကျိုင့်အနောက်တောင်ကုန်းမှ စစ်ကောင်စီအခြေချ နေ ထိုင် သော ပေထန်တပ်စခန်းတို့ဖြစ်ကြသည်။

ကိုးကန့်တုန်းရှမ်းဒေသ လောက်ကိုင်တုန်းချိန်ပြင်ပတစ်ဝိုက် ရှိ ဆိုင်တာအိုင် တောင်ကုန်းရှိ စခန်းသည်

စစ်ကောင်စီ၏လောက်ကိုင်ဒေသတွင်အခြေချ သောနောက်ဆုံးတောင်ကုန်း (High Point)တစ်ခု ဖြစ် ပြီး လက်ရှိ MNDAA၏စစ်ဆင်ရေးသည်လည်းလောက်ကိုင်‌ဒေသဘက်သို့ဦးတည်လာနေကြောင်း ဖော်ပြထားသည်။

တိုက်ပွဲအတွင်း ၆၀ မမ စိန်ပြောင်း (၂)လက် ၊ (၈၄ မမ) နောက်ကန်အားမဲ့အမြောက်(၁)လက် ၊ စက် သေနက် အကြီး(၂)လက် ၊ ရိုင်ဖယ်(၃)လက် ၊ ပီစတို(၁)လက် ၊ မိုင်းထောက်စက်(၁)စက်နှင့် ၆၀မမ ကျည်များ ၊ ဟောင်ဝီဇာ အမြောက်ကျည် ၊ လက်ပစ်ဗုံးအမျိုးမျိုး နှင့် ကျည်ဆံများ စသည့်စစ်ပစ္စည်းများ နှင့် ကွန်ဗျူတာ တစ်လုံး ၊ မြင်းနှင့် မြည်း(၁၅)ကောင် တို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။

နိုဝင်ဘာ ၂၃ ရက်နှင့် ၂၄ ရက် နှစ်ရက်အတွင်း MNDAAနှင့် စစ်ကောင်စီတပ်ဖွဲ့တို့သည် တိုက်ပွဲ များ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း၊ နိုဝင်ဘာ ၂၃ ရက်က ကိုးကန့် တုန်းရှမ်းဒေသ ရှိဟူတောင်စခန်းကို သိမ်းပိုက်စဉ်တွင် စစ်ကောင်စီ၏ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။

မဟာမိတ်တပ်ဖွဲ့သည် စစ်ကောင်စီ၏တပ်စခန်းအကြီးအသေး အနည်းဆုံး စုစုပေါင်း(၁၇၁)ခု သိမ်း ပိုက် ရရှိပြီး အခြားစစ်ကြောင်းများတွင်လည်း စစ်အောင်ပွဲသတင်းကောင်းများ ရရှိနေသည်ဟု ဆို သည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */