" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, August 28, 2023

ရိုဟင်ဂျာများ လူမျိုးတုန်းသတ်ဖြတ်ခံရမှု အမှုရင်ဆိုင်ရာ တွင် NUG အစိုးရ ပူးပေါင်းကူညီပါဝင်သွားမည်

သံလွင်တိုင်းမ်
Published
Monday, August 28, 2023

မြန်မာနိုင်ငံ၏ အာဏာရှင် ခေတ်အဆက်ဆက်တွင် ပုံစံမျိုးစုံနှင့် လူမျိုးတုန်းသတ်ဖြတ်‌မှုကို ခံခဲ့ရပြီး၊ ဘင်္ဂလား ဒေ့ရှ်နိုင်ငံ နှင့် အခြားနိုင်ငံများကို ပုံစံမျိုးစုံ၊ နည်းမျိုးစုံဖြင့် ထွက်ပြေးခဲ့ကြရသည့်အပြင် ၂၀၁၇ ခုနှစ်တွင် လူမျိုး တုန်းသတ်ဖြတ်မှုကို ခံခဲ့ရသည့် ရိုဟင်ဂျာများအရေး NUG အစိုးရမှပူးပေါင်း ကူညီသွားမည်ဟု ပြောသည်။

၂၀၁၇ ခုနှစ်တွင် စစ်တပ်၏ နယ်မြေ ရှင်းလင်းရေးဟုဆိုကာရိုဟင်ဂျာကျေးရွာများကိုမီးရှို့ခြင်းရွာသား များကို သတ်ဖြတ်မှုများ ပြင်းထန်စွာလုပ်ခဲ့ခြင်းကြောင့် ရိုဟင်ဂျာ ၇ သိန်းကျော်အသက်လုထွက်ပြေးခဲ့ ရသည်။

ယခု ဩဂုတ်လ ၂၅ ရက်နေ့က လူမျိုးတုန်းသတ်ဖြတ်မှု (၆ )နှစ်ပြည့်သည့်နေ့ဖြစ်ပြီးထိုနေ့တွင်ပြုလုပ် သည့် အခမ်းအနားတစ်ခုတွင် အမျိုးသား ညီညွတ်ရေး အစိုးရ - NUG က ဝန်ကြီး နှစ်ဦးသည် ရိုဟင် ဂျာ များကို လူမျိုး တုန်း သတ်ဖြတ်ခံရမှုအတွက် အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် လက်ရှိတရား စွဲ ဆို ထားသော ကိစ္စအတွက် NUG အစိုးရမှ ပူးပေါင်းကူညီသွားမည်ဟု ပြောဆိုလိုက်ခြင်း ဖြစ်သည်။

NUG ၏ လူ့အခွင့်အရေး၀န်ကြီး ဦးအောင်မျိုးမင်းက “အရင်အစိုးရ လက်ထက်တုန်းက လက်မခံခဲ့ တဲ့ ငြင်းဆို ချက်တွေကို ပြန်လည်ရုပ်သိမ်ကြောင်း၊ ICJ ရဲ့ ဆုံးဖြတ်ချက်တွေကိုလည်းကျေကျေနပ်နပ် ခံယူမယ် ဖြစ်ကြောင်း၊ အခုလို ရိုဟင်ဂျာတွေ မူလနေရာကို လုံခြုံစိတ်ချပြီး၊ ဂုဏ်သိက္ခာရှိစွာပြန်နိုင် ရေး၊ ရာဇ၀တ်မှု ကျူးလွန်သူတွေကို အပြစ်ပေး အရေးယူရေးတွေ အတွက် နိုင်ငံတကာကိုဖိအားပေး သွားမှာဖြစ်သလို NUG အစိုးရအနေနဲ့လည်း အရေးယူသွားမှာ ဖြစ်ကြောင်း၊လိုအပ်တဲ့သက်သေတွေ ကိုလည်း ကူညီရှာဖွေပေးသွားမှာ ဖြစ်ကြောင်း၊ ရိုဟင် ဂျာတွေနဲ့လည်း ပူးပေါင်းပါဝင်သွားမှာဖြစ် ကြောင်း” Zoon Link မှ ဗွီဒီယိုဖိုင်တခုပေးပို့၍ ပြောဆိုခဲ့သည်။

ယခု ၆ နှစ်ပြည့်အခမ်းအနားကို နိုင်ငံခြားရေးဝန်ကြီးလည်း တက်ရောက်ခဲ့ပြီး ၎င်းကလည်းမြန်မာနိုင် ငံ တွင် ရိုဟင်ဂျာများနှင့် အစ္စလာမ်ဘာသာဝင်များကို ဖိနိုပ်ခွဲခြားဆက်ဆံဖို့ ရေးစွဲထားသည့် ၁၉၈၂ ခု နှစ် ဥပဒေကို အသစ်ပြန်လည် ရေးစွဲဖို့၊ ခွဲခြားဆက်ဆံခံရမှုများအတွက် အသိအမှတ်ပြုကြောင်း၊ ဝမ်း နည်းကြောင်းနှင့် အကောင်းဆုံး တရားမျှတမှုများ ရရှိနိုင်ရေး ခေတ်သစ် စနစ်သစ်နှင့် သွားဖို့လိုအပ် ပြောသည်။

နွေဦးတော်လှန်ရေးကနေ စစ်ကောင်စီနှင့် စစ်အုပ်စုကို အပြီးတိုင် ဖြုတ်ချရေး အတူလက်တွဲ တိုက်ပွဲ ၀င် သွား ဖို့ကိုလည်း တိုက်တွန်းပြောဆိုထားသည်။

ရှေ့ပြေးအသံအဖွဲ့၊ အကြံပေးဘုတ်အဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ဥမ္မာက “ICJ တရားရုံးမှာ စစ်အုပ်စု ကြားကာ လ အစီအမံ တွေကို အစီရင်ခံစာတွေ တင်ပြနေချိန်မှာ NUG အနေနဲ့လည်း ICJ နဲ့ ပူးပေါင်းဆောင် ရွက်မှု မြင့်တင်ဖို့၊ အခုလို နေ ရပ်ပြန်ရေး ဆိုပြီး စစ်အုပ်စုက လုပ်နေချိန်မှာ NUG အနေနဲ့ ဘင်္ဂလား ဒေ့ရှ် အစိုးရ၊ UNHCR တို့နဲ့လည်း မကြာ ခဏ တွေ့ဆုံတာတွေ ဖိအားပေးပြောဆိုတာတွေ မကြာခ ဏ လုပ်နေသင့်တယ်၊ အခုထိလည်း ပြည်တွင်းမှာ ကျန်နေခဲ့တဲ့ ရိုဟင်ဂျာတွေ မကြာခဏ အဖမ်းခံနေ ရတာ လွတ်လပ်စွာ သွားလာခွင့်မရကြသေးတာ၊ ခွဲခြား ဆက် ဆံခံနေရတာတွေ လုပ်နေတုန်း အချိန် မှာ ဘယ်လိုမှ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်ရေး ဖြစ်လာမှာလဲ၊ NUG အနေနဲ့ အဲ့ဒီကိစ္စတွေကို စဥ်ဆက် မပြတ်လုပ်နေဖို့ လိုတယ်။ နောက် ၁၉၈၂ ဥပဒေ ကို အမြန်အသစ်ရေးဆွဲဖို့ လိုနေပြီ” ဟု တိုက်တွန်း ထားသည်။

၂၀၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ်အတွင်း စစ်တပ်၏ နယ်မြေရှင်းလင်းမှုများထဲ ရွာပေါင်း ၃၀၀ ကျော် ဖျက်ဆီး ခံခဲ့ရပြီး ရိုဟင်ဂျာ ၇ သိန်းကျော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံခဲ့ရပါသည်။

လူမျိုးတုန်း သတ်ဖြတ်မှုဟု စွပ်စွဲထားသည့် စစ်တပ်၏ စစ်ဆင်ရေးများအတွင်း ရိုဟင်ဂျာ အမျိုးသား၊ အမျိုး သမီးနှင့် မွေးကာစကလေးငယ် ၁ သောင်းခန့် အသက်ခံခဲ့ရသည်။

ရိုဟင်ဂျာတွေအပေါ် ထပ်ခါထပ်ခါ ဖိနှိပ်ညှဥ်းပန်း နေသည့် စစ်တပ်ကို အရေးယူနိုင်ဖို့ အပြင် နိုင်ငံတ ဝှမ်း လူ့အခွင့်အရေး ချိုးဖောက်ခံနေရသူများနှင့် ပြည်သူများကို အတိဒုက္ခ ရောက်အောင်ဆောင်ရွက် နေခြင်းများအား တားဆီးနိုင်ရေး ယခုထက်ပိုမိုထိရောက်သော လုပ်ဆောင်မှုများ လိုအပ်သည်ဟု ကုလ သမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး Volker Turk က ကြေညာချက် ထုတ်ပြန်တောင်း ဆိုထားသည်။

ဩဂုတ်လ ၂၅ ရက်နေ့တွင် ၆ နှစ်ပြည့် အခမ်းအနားကို နိုင်ငံတကာရောက် ရိုဟင်ဂျာများ အရေး ဆောင်ရွက် နေသူများက Zoon Link နဲ့ ပြုလုပ်ခဲ့ကြခြင်း ဖြစ်ပြီး၊ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊အမေရိကန်၊ ဘင်္ဂလားဒေံရှ်နိုင်ငံတို့မှ လူ့အခွင့်အရေး ဆောင်ရွက်နေသူများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ အ ပြင် NUG အစိုးရအဖွဲ့က ပြည်ထောင် စုဝန်ကြီး ၂ ဦး၊ ဒု၀န်ကြီး ၂ ဦး တက်ရောက်ခဲ့ကြသည်။

လတ်တလော ICJ တရားရုံးတွင် လူမျိုးတုန်း သတ်ဖြတ်မှုအတွက် အမှုရင်ဆိုင်နေဆဲ ကြားကာလ တွင် လိုက်နာရ မည့် အစီအစဥ်များကို ချမှတ်ထားသော်လည်း ပြည်တွင်းရှိ ရိုဟင်ဂျာများမှာမူ နေ့စဉ် နှင့်အမျှ ဖမ်းဆီးထောင်ချ ခံနေရသည်ဟု စောင့်ကြည့်နေသူများက ဆိုသည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */