" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, September 7, 2023

မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေးမှောင်ခိုလုပ်ငန်း

The Tanintharyi Times
September 7, 2023

အမေရိကန်က ပိတ်ဆို့ဒဏ်ခတ်ထားတဲ့ မြန်မာနိုင်ငံဘဏ် ၂ ဘဏ်နဲ့ ငွေကြေးဆိုင်ရာ လုပ်ငန်းတွေ ကို မလုပ်ကိုင် ဖို့ ဘင်္ဂလားဒေ့ရှ်ဗဟိုဘဏ်ကနေ ညွှန်ကြားချက် ထုတ်ပြန်လိုက်တယ်လို့ ဘင်္ဂလား ဒေ့ရှ် အခြေစိုက် Daily Sun သတင်းက ဖော်ပြပါတယ်။

ဘင်္ဂလားဒေ့ရှ်ရှိ ဘဏ်တွေဆီ ညွှန်ကြားချက်စာကို ပြီးခဲ့တဲ့ အင်္ဂါနေ့က ပေးပို့ခဲ့တာလို့ ဗဟိုဘဏ် တာဝန် ရှိသူတစ် ဦးက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

အမေရိကန်အစိုးရက အရေးယူဒဏ်ခတ်ထားတဲ့ မြန်မာ့ဘဏ်တွေဟာ မြန်မာ့နိုင်ငံခြားကုန်သွယ်မှု ဘဏ် MFTB နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် MICB တို့ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လကလည်း ဒါကာမြို့ရှိ အမေရိကန်သံရုံးကနေ မြန်မာဘဏ် ၂ ဘဏ်ဟာသူတို့ပိတ်ဆို့ ဒဏ် ခတ်မှုအောက် မှာ ရှိနေတယ်လို့ သတိပေးစာ ထုတ်ပြန်လိုက်အပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံရှိSonaliဘဏ် မှာရှိတဲ့ မြန်မာ့အပ်နှံငွေ ကန်ဒေါ်လာ ၁ သန်းကျော်ကို ဘင်္ဂလားဒေ့ရှ် အစိုးရက ထုတ်ခွင့် ပိတ် လိုက်ပါတယ်။

မြန်မာစစ်တပ်ဟာ ဒီဘဏ် ၂ ဘဏ်ကနေ ဝင်ငွေအထောက်အပံ့ရနေတာကြောင့် အမေရိကန်က ပိတ်ဆို့ဒဏ်ခတ် တာလို့ ဆိုထားပြီး ဒီဘဏ်တွေနဲ့ ချိတ်ဆက်လုပ်ကိုင်နေတဲ့လုပ်ငန်းအားလုံးကို စောင့်ကြည့်သွားမယ်လို့ အမေရိ ကန် နိုင်ငံခြားရေးဌာနက ကြေညာချက် ထုတ်ပြန်ထားတာ ရှိပါ တယ်။

စင်ကာပူနိုင်ငံရှိ နာမည်ကြီးဘဏ်တစ်ခုဖြစ်တဲ့ UOB ကလည်း မြန်မာ့ဘဏ်အားလုံးနဲ့ ဘဏ်လုပ်ငန်း ချိတ်ဆက်မှု အဆက်ဖြတ်လိုက်သလို ဘင်္ဂလားဒေ့ရှ်ကလည်း မြန်မာစစ်အုပ်စုနဲ့ ဘဏ်လုပ်ငန်း ချိတ် ဆက်မှုရပ်နားလိုက်တဲ့ ဒုတိယမြောက်နိုင်ငံ ဖြစ်လာပါတယ်။


Related Posts:

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */