Friday, February 21, 2020

မောင်နုရွာနှင့် ချွတ်ပြင်ရွာ ဖြစ်စဉ်တို့အား စစ်တရားရုံးဖြင့် စစ်ဆေးစီရင်မည်ဟု တပ်မတော်ပြော

မဇ္ဈိမ
By စိုးသူအောင် 
21 February 2020
ရခိုင်ပြည်နယ်အတွင်းမှာ လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်သားများကိုတွေ့ရစဉ်


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ။ ။ အစုအပြုံလိုက် သတ်ဖြတ်ခံရသည်ဟု လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မ ရှင် (ICOE ) အစီရင်ခံစာတွင် ဖော်ပြခဲ့သည့် မောင်နုရွာနှင့် ချွတ်ပြင်ရွာ ဖြစ်စဉ်တို့အား စုံစမ်းစစ်ဆေး ရေးခုံရုံးဖြင့် စစ်ဆေးကာ စစ်တရားရုံးနှင့် စီရင်မည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ ရက်က ထုတ်ပြန်ခဲ့သည်။

မျက်မြင်သက်သေများ၏ ထွက်ဆိုချက်များအရ နယ်မြေရှင်းလင်းရေး လုပ်ငန်းစဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ များ က မောင်တောမြို့နယ်ရှိ မင်းကြီးကျေးရွာ၊ ရသေ့တောင်မြို့နယ်ရှိ ချွတ်ပြင်ကျေးရွာနှင့် ဘူးသီးတောင် မြို့ နယ်ရှိ ဂူတာပြင်ကျေးရွာတို့တွင် အစုအပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်မှုများ ရှိခဲ့သည်ကို တွေ့ရသည် ဟု ICOE က ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ ၂၁ ရက်တွင် အစီရင်ခံစာ တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။


ထို အစီရင်ခံစာတွင် ချွတ်ပြင်ကျေးရွာတွင် (ARSA တိုက်ခိုက်ရေးသမားများနှင့် အရပ်သားများ အပါအဝင်) လူဦးရေ ၁၀၀ နီးပါးနှင့် မောင်နုကျေးရွာမှာ လူဦးရေ ၁၀၀ နှင့် ၂၀၀ ကြား အသတ်ခံ ခဲ့ရ သည် ဟု ICOE ၏ အစီရင် ခံစာမှာ ဖော်ပြပါရှိသည်။

တပ်မတော်က “တပ်မတော်အနေဖြင့် အစီရင်ခံစာပါ ကျန်ဖြစ်စဉ်များအနက် မောင်နုရွာနှင့် ချွတ်ပြင်ရွာ ဖြစ် စဉ် တို့အား လေ့လာ သုံးသပ် စိစစ်ခဲ့ပြီးဖြစ်ပါသည်။ ယင်းဖြစ်စဉ်များအပေါ် စုံစမ်းစစ်ဆေးရေး ခုံရုံး (Court of Inquiry)ဖြင့် စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ပြီး စစ်ဘက်တရားစီရင်ရေး၏ လုပ်ငန်းစဉ်များအတိုင်း စစ်တရား ရုံးဖြင့် စစ်ဆေးစီရင်ခြင်းကို ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။”ဟု ဖေေ ဖာ်ဝါရီ ၂၁ ရက်က ထုတ်ပြန်ချက်မှာ ပြောထားသည်။

ပုံ- သမ္မတရုံးသမ္မတဦးဝင်းမြင့်ထံ ICOE မှ အစီရင်ခံစာပေးအပ်
 
ဆက်လက်ပြီး တပ်မတော်က ဂူတာပြင်ရွာ ဖြစ်စဉ်အား အရေးယူ ဆောင်ရွက်ဆဲဖြစ်ပြီး အင်းဒင်ကျေးရွာ ဖြစ်စဉ်မှာ အရေးယူဆောင်ရွက်ခဲ့ပြီဖြစ်ကြောင်းနှင့် ဂူတာပြင်ရွာ ဖြစ်စဉ်နှင့် စပ်လျဉ်း၍ စစ်တရားရုံး(Court-Martial)၏ စစ်ဆေး ဆောင်ရွက်မှု အခြေအနေအား မကြာမီ သတင်းထုတ်ပြန်ပေးသွားမည်ဟု ဆိုသည်။ 

ICOE အစီရင်ခံစာပါ တခြားသော အချက်အလတ်များနှင့် ပတ်သက်ပြီးတော့လည်း အပြီးသတ် အစီရင်ခံ စာနှင့် နောက်ဆက်တွဲ(၃၀)တို့ကို တပ်မတော်က အသေးစိတ် လေ့လာသုံးသပ်မှုများ ပြုလုပ်နေကြောင်း ဆိုသည်။

လက်ရှိမှာတော့ ICOE က ဇန်နဝါရီ ၂၁ ရက်က ထုတ်ပြန်ခဲ့သော အစီရင်ခံစာကို နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အား ပေးအပ်ထားသည်။

အဆိုပါ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE )ကို ဖိလစ်ပိုင်သံအမတ်ကြီး ရိုဆာရီယိုမယ် နာလိုက ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး အဖွဲ့ဝင်များအဖြစ် ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်၊ အခြေခံ ဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌဟောင်း ဦးမြသိန်းနှင့် ဂျပန်သံအမတ်ကြီးဟောင်း ကင်ဇိုအိုရှီးမားတို့က အဖွဲ့ဝင် များအဖြစ် ပါဝင်ကာ ဆောင်ရွက်ထားကြောင်း သိရသည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */