Showing posts with label မူးယစ်. Show all posts
Showing posts with label မူးယစ်. Show all posts

Thursday, January 17, 2019

မြန်မာဘက်က မူးယစ်ဆေးတွေကို တားဆီးဖို့ ဘင်္ဂလားဒေ့ရှ် တပ်ရင်းသစ် ချထားမယ်

 MCV TV
January 17, 2019
 
 
 
မြန်မာနိုင်ငံဘက်က မူးယစ်ဆေးဝါးတွေ ဝင်နေတာကို တားဆီးဖို့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကောက်ဘ ဇား မှာ တပ်ရင်သစ်တစ်ခု ချထားမယ်လို့ အထူးမှုခင်း နှိမ်နင်းရေးတပ်ဖွဲ့ (RAB) အထွေထွေ ညွှန်ကြားရေး မှူး ဘီနာဇီယာ အာမက်က ပြောပါတယ်။


ဝန်ကြီးချုပ်ရဲ့ သဘောတူညီချက်အရ RAB တပ်ရင်း အမှတ် (၁၅) ဟာ လာမယ့် ဖေဖော်ဝါရီလမှာ စတင် လှုပ်ရှားဆောင်ရွက်မှာ ဖြစ်ပါတယ်။ အဲဒီ တပ်ရင်းဟာ မူးယစ်ဆေး မှောင်ခိုကူးမှု နှိမ်နင်းရေးအပြင် ဘင်္ဂါလီ မွတ်စလင် ဒုက္ခသည်တွေနဲ့ ကမ္ဘာလှည့် ခရီးသွားတွေကို လုံခြုံရေး ယူပေးဖို့နဲ့ ကောက်ဘဇားရှိ စီမံကိန်း တွေကို အကာအကွယ်ပေးတာတွေ လုပ်ဆောင်မယ်လို့ ဒေးလီးစတား သတင်းစာက ဖော်ပြပါတယ်။

အစပိုင်းမှာ တပ်ရင်းသစ်အတွင်း ရဲအင်အား ၂၅၀ ပါဝင်မှာ ဖြစ်ပြီး နောက်ပိုင်းမှာ အင်အားကို တဖြည်းဖြည်း တိုးချဲ့သွားမှာ ဖြစ်ပါတယ်လို့ RAB ရဲ့ ပြန်ကြားရေး တာဝန်ရှိသူ မူတီ မာမွတ် ခန်းက ပြောပါတယ်။

Link : Here
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */