Monday, March 7, 2022

ရိုဟင်ဂျာအရေး လှုပ်ရှားသူ အသတ်ခံရမှု မွတ်စလင် ဘာသာရေးခေါင်းဆောင် ဖမ်းခံရ

RFA
လွတ်လပ်တဲ့အာရှအသံ
2022-03-07

လုပ်ကြံခံရတဲ့ ဦးမိုဟစ်အူလာကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပလောင် ဒုက္ခသည်စခန်းမှာ၂ဝ၁၉ ခုနှစ်က တွေ့ရစဉ်
 Photo: Reuters

 

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှာ သေနတ်နဲ့ ပစ်သတ် ခံခဲ့ရတဲ့ ရိုဟင်ဂျာ အရေး လှုပ်ရှားသူ မိုဟစ် အူလာအမှုနဲ့ ပတ်သက်ပြီး သတ်ဖို့ အမိန့် ပေးခဲ့တယ်လို့ စွပ်စွဲခံရသူ နာမည်ကြီး မွတ်စလင် ဘာ သာရေး ခေါင်းဆောင် တစ်ဦးကို ဘင်္ဂလားဒေ့ရှ် ရဲတွေက ဖမ်းဆီးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ့် အရာရှိတွေက တနင်္ဂ နွေ နေ့မှာ ပြောတဲ့အကြောင်း AFP သတင်းမှာ ဖော်ပြ ထားပါတယ်။ အသတ်ခံခဲ့ရတဲ့ မိုဟစ်အူလာရဲ့ မိသားစုက တော့ ARSA ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့ရဲ့ လက်ချက်လို့ စွပ်စွဲထားပါတယ်။

 

စနေနေ့တုန်းက အူလီမာ ကောင်စီရဲ့ခေါင်းဆောင် မော်လီ ဇာကိုးရီးယားကို ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါ တယ်။ သူဟာ ARSA အဖွဲ့နဲ့ ဆက်စပ်နေသူပါ။ မိုဟစ် အူလာကို လုပ်ကြံဖို့ ဘာသာ ရေးခေါင်းဆောင် မော်လီ ဇာ ကိုရီးယားက ဖာတဝါလို့ ခေါ်တဲ့ ဘာသာရေး အမိန့်ထုတ်ပြန်ခဲ့ကြောင်း၊ မိုဟစ်အူလာ အသတ်ခံခဲ့ရပြီး နောက်ပိုင်း မှာ မော်လီ ဇာကိုးရီးယားလည်း တိမ်းရှောင်ပုန်းအောင် သွားခဲ့ကြောင်း ဘင်္ဂလားဒေ့ချ်ရဲအရာရှိ တစ်ဦးကပြော ပါတယ်။

မိုဟစ်အူလာနဲ့ မော်လီ ဇာကိုးရီးယားတို့ဟာ သဘောထားချင်း မတိုက်ဆိုင်မှုတွေ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ မိုဟစ်အူလာဟာ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ် ပြန်ရေးကိစ္စကို လုပ်ဆောင်ခဲ့သူဖြစ်ပြီး ARSA အဖွဲ့ကတော့ ဒုက္ခသည် စခန်းတွေမှာ ချထားတဲ့ စည်းကမ်းတွေကို ဖျက်ဆီးခဲ့တယ်လို့ ရဲအရာရှိက ဆိုပါတယ်။

 Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */