" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, May 17, 2023

မုန်တိုင်းကြောင့် ရိုဟင်ဂျာဒုက္ခသည်ရာဂဏန်းပျောက်ဆုံးနေ

VOA
ဗွီအိုအေမြန်မာပိုင်း
အင်ကြင်းနိုင်
၁၇ မေ၊ ၂၀၂၃

မေလ (၁၄) ရက်နေ့က စစ်တွေမြို့ကမိုင် ၅၀ ဝန်းကျင်ကို ဗဟိုပြုတိုက်ခတ်ခဲ့တဲ့ မိုခါဆိုင်ကလုန်း မုန်တိုင်း ကြောင့် ရိုဟင်ဂျာ မွတ်ဆလင် ဒုက္ခသည်သေဆုံးသူအရေအတွက်တိုးလာနေပြီး ပျောက်ဆုံးသူပေါင်း ရာနဲ့ချီရှိနေ ကြောင်း သက်ကယ်ပြင် IDP စခန်းမှာ နေထိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည်တဦးက ဗွီအိုအေကိုပြောပါတယ်။ မုန်တိုင်း ဒုက္ခသည် တွေအတွက် နေစရာ၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။ မုန်တိုင်းဒုက္ခ သည်တွေအရေး ဆောင်ရွက်နေတဲ့ နောက်ဆုံးအခြေအနေနဲ့ပတ်သက်လို့ မအင်ကြင်းနိုင် က ဆက် သွယ်မေးမြန်း ထားပါတယ်။

အင်ကြင်းနိုင်။ ။ စစ်တွေမြို့နားတဝိုက်မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေရဲ့ နောက်ဆုံးအခြေအနေ အခု ဘယ် လိုရှိလဲရှင့်။

ရိုဟင်ဂျာဒုက္ခသည်။ ။ အခု မုန်တိုင်းပြီးသွားတဲ့နောက်မှာဆိုရင် ကျနော်တို့ဒီမှာ shelters တွေ၊ camp တွေပေါ့ နော်- Camp တွေရော။ ရွာ တွေရော အကုန်လုံးပျက်စီးသွားပြီ။ ...နေဖို့ နေရာလည်းမရှိဘူး၊ စားဖို့အစား အ သောက်လည်းမရှိဘူး။ တချို့ ထိခိုက်ဒဏ်ရာရသူတွေအတွက် ဆေးကုသပေးဖို့လည်းမရှိဘူး။ ကျနော်တို့ သက် ကယ် ပြင်မှာ အစိုးရဘက်ကနေ စီစဉ်ပေးခဲ့တဲ့ ဆေးရုံကြီးတခုရှိတယ်။ အဲဒီမှာ ဆေးရုံကြီးရဲ့ ခေါင်မိုးတွေ ဘာ တွေ ပျက်စီးသွားပြီ။ ဆရာဝန်တွေလည်း ဘယ်သူမှ မရှိဘူး။ ဆေးရုံကြီးကို ကျနော်ကိုယ်တိုင်သွားမေးကြည့်တာ၊ သူတို့ မှာ ဆေးတွေ လုံလုံလောက်လောက် မရှိဘူး။

အင်ကြင်းနိုင်။ ။ သေဆုံးသူအရေအတွက်ကကော ဘယ်လောက်ရှိသွားပြီလဲရှင့်။

ရိုဟင်ဂျာဒုက္ခသည်။ ။ ကျနော်တို့ ဒီမှာ အခု သေစာရင်းတွေလိုက်ကောက်တာ စုစုပေါင်း deadbody တွေ့တာ ပေါ့နော်- ၁၀၀ ကျော်တွေ့တယ်။ ဒါပေမဲ့ ၁၀၀ ကျော်က အလောင်းတွေကို တွေ့တာ။ စုစုပေါင်းသေဆုံးသူအရေ အတွက်ဆိုရင် ခန့်မှန်းချက်ပဲ ပြောလို့ရမယ်။ ရွာမှာကျန်ခဲ့တဲ့၊ ကမ့်မှာကျန်ခဲ့တဲ့လူတွေ စုစုပေါင်းဆိုရင် သေဆုံး သူ က ၁,၀၀၀ နီးပါး လောက်ရှိတယ်။ ဘာလို့ အဲဒီလောက်ထိ ပျောက်ဆုံးနေသလဲဆိုရင် သူတို့က နေရာရွှေ့ ပြောင်း တဲ့ အချိန်မှာ တချို့လူတွေက အိမ်မှာပဲကျန်ခဲ့တာ။ ကမ့်ထဲမှာပဲကျန်ခဲ့တာ၊ မိန်းမနဲ့ကလေးတွေကို သူတို့ က ကား တွေနဲ့ထည့်ပေးလိုက်တယ်လေ။ လူကြီးတွေရော အဲဒီမှာကျန်ခဲ့တယ်။ သူတို့ကျန်ခဲ့တဲ့ နေရာတွေ မှာ ရေကြီး သွား တယ်။ ...သူတို့တွေ ရေနဲ့ပါသွားတယ်ပေါ့နော်။ သူတို့ရဲ့အလောင်းက အခုထိ မတွေ့သေးဘူး။

အင်ကြင်းနိုင်။ ။
သေဆုံးသူတွေ၊ နောက် ပျောက်ဆုံးနေတဲ့သူတွေက ရိုဟင်ဂျာ မွတ်ဆလင်တွေပဲလားရှင့်။

ရိုဟင်ဂျာဒုက္ခသည်။ ။ ဟုတ်ကဲ့၊ ရိုဟင်ဂျာမွတ်ဆလင်တွေပဲ။ ဘာလို့ဆိုတော့ စစ်တွေမြို့ပေါ်မှာနေတဲ့ ရခိုင်တွေ က ပထမ ၂၀၁၂ ခုနှစ် ပြဿနာမဖြစ်ခင် ကျနော်တို့က မွတ်ဆလင်ရော၊ ရခိုင်ရော အကုန်ပေါင်းပြီး နေခဲ့တာ။ အခု ဟာ က မွတ်ဆလင်တွေသပ်သပ် ဒီကျေးရွာဘက်ရောက်ပြီးတော့ ရခိုင်တွေက မြို့ဘက်ရောက်နေတယ်။ ..ဆို တော့ ဒီလိုပျောက်ဆုံးရတဲ့အကြောင်းရင်းကို ပြောရမယ်ဆိုရင် အဓိက ကျနော်တို့ citizenship ကိစ္စပေါ့ နော်။ ဒီစစ်တွေမြို့ပေါ်မှာနေတဲ့လူတွေက ဒီမုန်တိုင်းဖြစ်လာမယ်ဆိုတဲ့ကိစ္စကို သိတဲ့အတွက်ကြောင့် သိတာနဲ့ သူတို့က ချက်ခြင်းပြောင်းရတယ်၊ ဥပမာ-ပုဏ္ဏားကျွန်းတို့၊ ....ကျောက်တော်ဘက်တို့ပေါ့၊ အဲဒိဘက်ကို ပြောင်း သွားတယ်။ ဘာလို့လဲဆိုတော့ အဲဒီနေရာတွေက တောင်တွေနဲ့ ကာထားတယ်၊ ကုန်းတွေပေါ့နော်...ကျနော်တို့ မွတ်ဆလင် တွေက ဟိုဘက်မှာ ဘာလို့ မရောက်ခဲ့ဘူးဆိုတော့ အဲဒီဘက်ကိုပြောင်းရွှေ့ဖို့အတွက်ကို ကျနော် တို့ မှာ မှတ်ပုံတင် လိုတယ်။ ကျနော်တို့မွတ်ဆလင်တွေမှာ မှတ်ပုံတင်မရှိတဲ့အတွက်ကြောင့် ကျနော်တို့ကအဲဒီဘက် ကို ခရီးထွက် ပြီး တော့ ကိုယ့်အသက်ကို ကိုယ် ကယ်လို့မရခဲ့ဘူး။ ဒီမှာပဲ စစ်တွေမှာဖြစ်နေလည်း စစ်တွေမှာပဲ နေပြီးတော့ ဒီမုန် တိုင်းကို ရင်ဆိုင်ရမယ့်....ကျနော်တို့ အဲလို စိတ်ညစ်နေရတာ၊ ဘာလို့လဲဆိုရင် ကျနော်တို့က မှတ်ပုံတင်မရှိဘူး။

အင်ကြင်းနိုင်။ ။ ကူညီကယ်ဆယ်ရေးအခြေအနေတွေကရော အခု ဘယ်လိုရှိလဲရှင့်။

ရိုဟင်ဂျာဒုက္ခသည်။ ။ ကူညီကယ်ဆယ်ရေးအနေအထားက အခု ဒီမုန်တိုင်းပြီးသွားတာ သုံးရက်တောင်ရှိပြီ။ ကူညီကယ်ဆယ်ရေးက မနေ့က ဘယ်သူမှမရောက်ဘူး၊ ဘယ်အဖွဲ့အစည်းမှ ဘယ် UN မှ မရောက်ဘူး။ ဒီနေ့မ နက်ကပဲ UNHCR ကတချို့၊ နိုင်ငံခြားသားသုံးယောက်ရယ်၊ မြန်မာက local က သုံးယောက်လောက်ရှိတယ်၊ သူ တို့လာတယ်။ ကျနော်ကိုယ်တိုင် စကားပြောခဲ့ရတာက IRC က .... ပရိုဂရမ်က အမေရိကန်..တယောက် လာ တယ်။ သူတို့ပဲလာတယ်။ တခြားအဖွဲ့အစည်းတွေ မတွေ့ဘူး။

အင်ကြင်းနိုင်။ ။ စစ်ကောင်စီဘက်ကတော့ သူတို့ ရခိုင်ပြည်နယ်ဘက်မှာ မုန်တိုင်းကြောင့် ဒုက္ခရောက်နေတဲ့သူ တွေကို သူတို့ ကူညီကယ်ဆယ်ရေးတွေ လုပ်နေတယ်လို့ ပြောပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေစခန်း မှာ စစ် ကောင် စီက အခုလက်ရှိ ဘာတွေဆောင်ရွက်ပေးနေလဲရှင့်။

ရိုဟင်ဂျာဒုက္ခသည်။ ။ ဟုတ်ကဲ့။ စစ်ကောင်စီဘက်ကဆိုရင် ကျနော်တို့စစ်တွေမြို့၊ စစ်တွေကယ်ဆယ်ရေး အ တွက် သူတို့က မုန်တိုင်းမဖြစ်ခင် သူတို့က ကြိုတင် သတိပေးတာတွေလုပ်ခဲ့တယ်။ ကျနော်တို့ရဲ့ ရိုဟင်ဂျာ မွတ် ဆ လင်တွေ ခေါင်းဆောင်တွေရှိတယ်၊ သူတို့ခန့်ထားတာပေါ့နော်။ village leader ပေ့ါနော်။ အုပ်ချုပ်ရေးမှူးတို့၊ အတွင်းရေးမှူးတို့ သူတို့ခန့်ထားတာရှိတယ်။ သူတို့ကတဆင့်ပြောတာ၊ မြန်မာပြည်မှာ အန္တရာယ်ရှိတဲ့ မုန်တိုင်း လာဖို့ရှိတယ်၊ ....ရွှေ့ပေးပါဆိုပြီး သူတို့ပြောခဲ့တာရှိတယ်။ ပြီးရင် ဘာလုပ်ပေးခဲ့လဲဆိုရင် ဟိုးမှာ အုန်းတောခြေ တို့ .......ဘက်မှာနေတဲ့သူတွေ ပင်လယ်ကမ်းခြေနဲ့ တော်တော်နီးတယ် သူတို့က ။ အဲဒီမှာရေကြီးဖို့များ တယ်ဆို တော့ ဒီလူတွေက ဒီစစ်ကောင်စီဘက်က ကျနော်တို့ကို ကားတွေပေးတယ်၊ ဟိုဘက်က လာတဲ့လူတွေကို ရွှေ့ ပြောင်းကြဖို့ သူတို့ ကားစီစဉ်ပေးခဲ့တယ်။ အဲဒီဥစ္စာတော့ ပြောမယ်ဆိုရင် အုန်းတောခြေဘက်က သူတို့ကိုယ် တိုင်သွားပြီးတော့ တချို့ရိုဟင်ဂျာတွေကို သက်ကယ်ပြင် အထကကျောင်းမှာ ပြောင်းလာပေးခဲ့တာရှိတယ်။ သူတို့ကားစီစဉ်ပေးပြီးတော့။


   

Link: Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */