.png)
မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်၏ ထုတ်ပြန်ချက်
ဂျီနီဗာ၊ မေ ၂၇၊ ၂၀၂၄။ ။မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားအနေဖြင့် ကျွန်ုပ်တို့စုံစမ်းစစ်ဆေးနေသော ကြီးလေးသည့် ရာဇ၀တ်မှုမြောက်များစွာနှင့် ပတ်သက်သော သတင်းအချက်အလက်များကိုမျှဝေပေးရန် မြန်မာစစ်တပ်ထံ အကြိမ်ကြိမ်တောင်းခံခဲ့သည်။ ယင်းတို့အနက် မြန်မာလုံခြုံရေးတပ်ဖွဲ့များနှင့်လက် နက်ကိုင်တပ်ဖွဲ့များက ကျူးလွန်ခဲ့သည်ဟု ယူဆရသော ရာဇဝတ်မှုများပါဝင်သည်။ သို့သော်လည်း မြန်မာစစ်တပ်သည် ယနေ့အထိ ဤတောင်းခံမှုများကို တစုံတရာတုံ့ပြန်ခြင်းမရှိပါ။ ယနေ့တွင် ယန္တရားသည် တောင်းခံမှုအသစ်တစ်ခုပေးပို့ခဲ့ပြီး ဤကြေညာချက်ကိုထုတ်ပြန်ခြင်းဖြင့် မြန်မာစစ်တပ်ထံမှတုံ့ပြန်မှုရရှိရန် မျှော်လင့်သည်။
ယနေ့ပေးပို့လိုက်သောတောင်းခံမှုတွင် မကွေးတိုင်းဒေသကြီး၊ မြောက်ခင်ရန်းကျေးရွာ၌ လူငယ်နှစ်ဦးဖမ်းဆီးသတ်ဖြတ်ခံရမှုနှင့်ပတ်သက်သည့် သတင်းအချက်အလက်များမျှဝေပေးရန် တောင်းဆိုထားသည်။ အင်တာနက်တွင်ပျံ့နှံ့နေသည့်ဗီဒီယိုအရ လက်နက်ကိုင်ထားသူများသည် လူနှစ်ယောက်ကိုကြိုးတုပ်၍ သစ်ပင်ပေါ်မှ တွဲလောင်းချပြီး အောက်ခြေမှမီးဖိုကာ အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့သည်။
အဆိုပါ လူငယ်နှစ်ဦးအား ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သည့်ဗီဒီယိုဖိုင်သည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအစောပိုင်း၌ လူမှုကွန်ရက်တွင်ပျံ့နှံ့ခဲ့သည်။ ဖိုးတေနှင့်သားထောင်ဟု မီဒီယာများကအမည်ဖော်ပြထားသည့် ထိုလူငယ်နှစ်ဦးမှာ အသက်နှစ်ဆယ်ကျော်အရွယ်များဖြစ်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးအဖွဲ့တစ်ခုဖြစ်သည့် ယောဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များဟု ဖော်ပြကြသည်။
ယန္တရားသည် အဆိုပါသတ်ဖြတ်မှုကို ကျူးလွန်သူများ၊ ၎င်းတို့နှင့်ဆက်စပ်သည့်အဖွဲ့အစည်းများအပါအဝင် ဤ ဖြစ်ရပ်နှင့်ပတ်သက်သည့်အချက်အလက်များကို ဘက်မလိုက်ဘဲအမှီအခိုကင်းစွာ စိစစ်သုံးသပ်နေသည်။ စုံစမ်းစစ်ဆေးမှု၏တစိတ်တပိုင်းအနေဖြင့် ယန္တရားသည် အဆိုပါဒေသရှိ တပ်များနှင့်တပ်မှူးများအကြောင်း အချက် အလက်များ၊ ထိုလူငယ်နှစ်ဦးကိုဖမ်းဆီးခဲ့ပုံနှင့် ဆက်ဆံပုံအခြေအနေများ၊ ဗီဒီယိုတွင်မြင်တွေ့ရသည့် ညှဉ်းပန်းနှိပ်စက်မှု၊ သတ်ဖြတ်မှုကျူးလွန်သူများနှင့်ပတ်သက်သော အချက်အလက်များပေးရန် မြန်မာစစ်တပ်ထံ တောင်းဆိုသည်။
မြန်မာနိုင်ငံအတွင်းဝင်ရောက်ခွင့်နှင့် သတင်းအချက်အလက်များမျှဝေရန်တောင်းဆိုထားသည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီနှင့် အထွေထွေညီလာခံတို့၏ဆုံးဖြတ်ချက်များအတိုင်း ယန္တရားနှင့် အပြည့်အဝပူးပေါင်းဆောင်ရွက်ရန် မြန်မာစစ်တပ်အား ကျွန်ုပ်အနေဖြင့်တိုက်တွန်းသည်။ယန္တရားသည် စုဆောင်းရရှိသောအထောက်အထားများကို ဓမ္မဓိဋ္ဌာန်ကျကျစုံစမ်းစစ်ဆေးပြီး အကြီးလေးဆုံးနိုင်ငံတကာရာဇ၀တ်မှုများကို ကျူးလွန်သည့်တာဝန်ရှိသူများအပေါ် အမှုတည်ဆောက်ရာတွင် အသုံးပြုမည်ဖြစ်သည်။ အလွန်ရက်စက်ကြမ်းကြုတ်ပြီး လူမဆန်သည့်ရာဇ၀တ်မှုများကို ပြောင်ပြောင်တင်းတင်းကျူးလွန်သူများအပါအဝင် ကျူးလွန်သူများအပြစ်ပေးခံရခြင်းမှကင်းလွတ်နေသည့်သံသရာကို ချိုးဖျက်နိုင်ရေးနှင့် မြန်မာနိုင်ငံသားများအတွက် တရားမျှတမှုရရှိလာစေရေးသည် ကျွန်ုပ်တို့၏ ရည်မှန်းချက်ပန်းတိုင်ဖြစ်သည်။
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM သို့မဟုတ် ယန္တရား) ကို ၂၀၁၁ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံတွင်ကျုးလွန်သည့် အကြီးလေးဆုံးသော နိုင်ငံတကာရာဇဝတ်မှုနှင့် တခြားသော နိုင်ငံတကာ ဥပဒေများ ချိုးဖောက်ခြင်းများအတွက် အထောက်အထားများ စုဆောင်းရန်နှင့် စိစစ်သုံးသပ်ရန် ၂၀၁၈ ခုနှစ်တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှ ဖွဲ့စည်းခဲ့သည်။ နိုင်ငံတွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာ တရားရုံးများတွင် လူပုဂ္ဂိုလ်များကို တရားစွဲဆိုရာတွင် အသုံးပြုနိုင်မည့် အထောက်အထားများကို ထိန်းသိမ်းစုစည်းကာ အမှုတွဲများကိုပြင်ဆင်ခြင်းဖြင့် တရားမျှတမှုနှင့် တာဝန်ခံမှုများ ဖြစ်ထွန်းလာရေးကူညီရန် ရည်ရွယ်ပါသည်။
ပိုမို သိရှိရန် iimm.un.org ကို ကြည့်နိုင်သလို iimm@un.org ကို ဆက်သွယ်နိုင်ပါသည်။

No comments:
Post a Comment