Thursday, June 4, 2020

ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်ဝင်လာသူ ၅ ဦးထဲက တစ်ဦး COVID ကူးခံထားရ

VOA
 ဗွီအိုအေ (မြန်မာဌာန)
04 ဇွန်၊ 2020 
သက်နိုင်
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုက္ခသည်စခန်းမှာ တွေ့ရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တချို့။ (ဇွန် ၂၉၊ ၂၀၁၈)

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းက လှဖိုးခေါင် ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ COVID-19 ရောဂါပိုး ကူး စက်ခံထားရသူ တစ်ဦးတွေ့ရှိတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြတဲ့ အခြေအနေကို ဗွီအိုအေမြန်မာပိုင်း သတင်း ထောက် ကိုသက်နိုင်က ပြောပြပေးပါမယ်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းက ဘင်္ဂလားဒေ့ရှ်က ပြန်ဝင်လာတဲ့ ဒုက္ခသည်တွေကို လက်ခံဖို့ ယာယီဆောက် လုပ်ထားတဲ့ လှဖိုးခေါင် ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ ရောဂါပိုးကူးစက်ခံထားသူ တစ်ဦး ရှိ တယ်လို့ ကျန်းမာရေးဝန်ကြီးက ထုတ်ပြန်ထားပါတယ်။

ဘင်္ဂလားဒေရှ့်ဘက်က အဲဒီ မွတ်ဆလင်ဒုက္ခသည် ငါး ဦးဟာ မေလ ၃၀ ရက်နေ့တုန်းက တရားမဝင် နယ် စပ်ဖြတ်ကျော်လာတာကို သက်ဆိုင်ရာ ဖမ်းဆီးပြီး လှဖိုးခေါင်ဒုက္ခသည်စခန်းကို ပို့ဆောင်ထားတာဖြစ် ပါ တယ်။ အဲဒီထဲက တစ်ဦးမှာ COVID - 19 ရောဂါပိုးတွေ့ရှိရတာလည်းဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ဘင်္ဂလားဒေ့ရှ်ဘက်မှာ COVID -19 ရောဂါကူးစက်ခံထားရသူတွေ အများအပြားရှိနေတာ ကြောင့် ပြန်ဝင်လာတဲ့ သူတွေကို သက်ဆိုင်ရာအဏာပိုင်တွေအနေနဲ့ သေသေချာချာ လုပ်ဆောင်သင့် သလို လက်ရှိအချိန်မှာ ပြန်ဝင်လာသူတွေမှာ ရောဂါပိုး ပါလာတာကြောင့် စိုးရိမ်ရတယ်လို့ မောင်တောမြို့ နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းက ပြောပါတယ်။

"ငါးယောက်ဝင်လာတာမှာ တစ်ယောက်တွေ့တယ်ဆိုတော့ နောက်လေးယောက်ကတော့ မတွေ့ဘဲ နေပါ့မ လား။ တော်တော်လေး စိုးရိမ်ရတယ်။ အခုမောင်တော အခြေအနေဆိုရင် တော်တော်လေး စိုးရိမ်ရတဲ့ အ ခြေအနေ ဖြစ်နေပြီ။ ဘင်္ဂလားဒေ့ရှ်မှာဆိုရင် တံခါးကို ဖွင့်ထားတာ။ သူတို့မှာ လူဦးရေ ထူတပ်တယ် လူဦးရေ ထူထပ်တော့ သူတို့က အဲဒီတံခါးကို ရောဂါတွေလည်း အများကြီး ကူးစက်ခံနေရတာဆိုတော့ ဒီဘက်ကို ခိုး ဝင်လာကြတာ။ သူတို့ဘက်ကတော့ ဘယ်သူသေသေငတေမာရင် ပြီးရော ဆိုပြီး သူတို့ဘက်မှာ လူလျှော့ ဖို့ ပဲလိုတယ်လေ ဒီဘက်ကလူတွေက အဲလောက်ထိမစဉ်းစားဘဲ လက်ခံတာကိုယ်တိုင်က ဘယ်လိုဦးနှောက် နဲ့ ဒီမောင်တောမြို့ကို အုပ်ချုပ်နေကြတာလဲဆိုတာကိုတော့ မသိဘူးဗျ။"


SEE ALSO:
ရိုဟင်ဂျာ IDP တွေ နေရပ်ရင်းမှာ အခြေချနိုင်ရေး DHRP ပါတီ တိုက်တွန်း 


အစိုးရအနေနဲ့ ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်ဝင်လာသူတွေကို တက်နိုင် သလောက် သေသေချာချာ စိစစ်ဆောင်ရွက် နေတယ်လို့ မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောပါတယ်။

"အစောင့်တွေကတော့ လုပ်ထားတာပဲ ဧရိယာကြီးက အကျယ်ကြီးပဲလေ။ စိုးရိမ်တာကတော့ ကျုပ်တို့ အုပ် ချုပ်တဲ့ သူတွေက ပိုပြီးတော့ စိုးရိမ်တာပေါ့နော်။ဒီမှာ တမနက်လုံး မနားရဘူးလုပ်နေတာနော်။ ကျနော်တို့ လည်း နိုင်သ လောက်တော့ တားစီးနေတာပဲလေ။ ဖမ်းဆီးအရေးယူတာတွေ လုပ်လို့မရဘူးလေ အခုက COVID -19 ညွန်ကြာ းချက်အရ ပြန်ဝင်လာတဲ့ သူတွေကို လှဖိုးခေါင်မှာ quarantine လုပ်ပြီးတော့ သူတို့ရဲ့ အာခေါင်တို့ပတ် နှာခေါင်းတို့ပတ်တို့ယူပြီး စစ်ဆေးတော့မှာ ရောဂါကူးစက်ခံထားရတာကို သိတာလေ။"

လက်ရှိ လှဖိုးခေါင်ဒုက္ခသည်စခန်းကို ပြန်ဝင်လာတဲ့ ငါးယောက်ထဲက ရောဂါပိုးကူးစက်ခံထားရသူကို မောင် တောပြည်သူ့ဆေးရုံကြီးမှာ ထားရှိပြီး ကျန် လေးယောက်ကိုတော့ လှဖိုးခေါင် စခန်းမှာပဲ quarantine ထား ရှိပြီး စောင့်ကြည့်နေတယ်လို့ ဦးစိုးအောင်က ဆက်ပြောပါတယ်။

"လောလောဆယ်မှာတော့ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အရ မောင်တောပြည့်သူ့ဆေးရုံကြီးမှာ quarantine သီးခြားလုပ်သွားပြီးတော့ ဆေးကုသဖို့ ဆက်လုပ်သွားမှာပေါ့။ ကျန်တဲ့လေးယောက်ကတော့ negative ဖြစ်တဲ့အတွက် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွန်ကြားချက်အရ quarantine နေရာမှာပဲ ထားပြီး တော့ ထပ်စစ်မယ်၊ ထပ်စစ်လို့မတွေ့ရင်တော့ quarantine ၂၁ ရက်ပဲ ထပ်လုပ်သွားမယ်။ ရောဂါရှိတဲ့ လူကို ပဲ စောင့်ကြည့်လို့ရတာလေ မရှိတဲ့သူတွေကိုတော့ စောင့်ကြည့်ပြီး ဆေးကုဖို့မှ မလိုတာနော်။"

လက်ရှိအချိန်မှာမောင်တောနဲ့ ထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်ဘက်မှာလည်း COVID-19 ရောဂါပိုးကူးစက်ခံ ထားရသူတွေ အများအပြားရှိနေသလို မောင်တောမှာလည်း အခုလက်ရှိ ကူးစက်ခံထားရသူတွေ့ရှိ တာ ကြောင့် စိုးရိမ်ရတယ်လို့ မောင်တောဒေသခံ မာမွတ်ကပြောပါတယ်။

"စိုးရိမ်မှုတော့ ရှိပါတယ်။ နိုင်ငံတကာမှာ စဖြစ်ကတည်းက ကျနော်တို့က စိုးရိမ်နေကြတာပါ။ မောင်တော်မြို့ မှာတော့ ထွေအုပ်တို့က ဘယ်လိုနေထိုင်ရမယ် မိသားစုနဲ့ ဘယ်လိုနေထိုင်ရမလဲ ဆိုတာကို အချိန်နဲ့ တပြေးညီ လုပ် ဆောင်ပေးနေတာတွေ ရှိပါတယ်။"

ဘင်္ဂလားဒေ့ရ်ှဘက်ခြမ်းရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းထဲမှာလည်း COVID-19 ရောဂါပိုးကူးစက်ခံရသူ ၃၀ ဝန်းကျင် ရှိနေတာကြောင့် အဲဒီစခန်းတွေအတွင်းမှာလည်း ကိုရိုနာဗိုင်းရပ်ပိုး ကူးစက်ပျံ့နှံ့မှု စိုးရိမ်မှုတွေ ရှိနေပါတယ်။


SEE ALSO:
COVID-19 ကြောင့် ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက ္ခသည် တစ်ဦးသေဆုံး 

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရ်ှနိုင်ငံထဲ ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ပြန်လည် လက်ခံရေးအတွက် နိုင်ငံတကာက ဖိအားပေးခဲ့တာကြောင့် မြန်မာအစိုးရဘက်ကလည်း ရိုဟင်ဂျာအသုံး အနှုန်း လက်မခံပေမဲ့လို့ ဘင်္ဂလားဒေ့ရ်ှနဲ့ သဘောတူထားတဲ့အတိုင်း တရားဝင် ကြိုဆိုလက်ခံရေးတွေကို မြန်မြန်ဆန်ဆန်လုပ်သွားဖို့ ပြင်ဆင်ခဲ့ပါတယ်။

ဒါပေမဲ့ နှစ်နိုင်ငံ သဘောတူညီချက်အတိုင်း အစီအစဉ်တွေစဖို့ အဆင်မပြေသေးတာကြောင့် တစ်ဦးစ၊ နှစ် ဦးစ ကိုယ့်အစီအစဉ်နဲ့ ကိုယ်ပြန်ဝင်လာကြတဲ့ ဒုက္ခသည်တွေ ရှိနေတာပါ။

လတ်တလောအားဖြင့်တော့ ဒုက္ခသည်တွေ စီစစ်လက်ခံရေး နှစ်နိုင်ငံအစီအစဉ်ကို ယာယီဆိုင်းငံထားသလို၊ ဒုက္ခ သည်တွေ ကိုယ့်အစီအစဉ်နဲ့ ကိုယ်ပြန်လာနိုင်တဲ့ အစီအစဉ်ကိုလည်း ကိုဗစ်အရေးပေါ်အခြေနေကြောင့် မြန်မာဘက်က ရပ်ဆိုင်းထားပါတယ်။ 

 

Link : Here 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */