Myanmar Now
March 13, 2025
အင်္ဂါနေ့(မတ် ၁၁) က ဖမ်းဆီးခံလိုက်ရတဲ့ ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးကို နယ်သာလန်နိုင်ငံ၊ သယ်ဟိတ်မြို့မှာရှိတဲ့ နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC) ကို ချက်ချင်းပို့ဆောင်လိုက်တယ်လို့ နိုင်ငံတကာ သတင်းတွေမှာဖော်ပြပါတယ်။
ဒူတာတေး လိုက်ပါသွားတဲ့ လေယာဉ်ဟာ အင်္ဂါနေ့ညပိုင်းက ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ကနေ ထွက်ခွာသွားခဲ့ပါတယ်။ သမ္မတဟောင်းဟာ လေယာဉ်ပေါ် လိုက်ပါသွားစေဖို့ အတင်းအကျပ် ဖိအားပေး ခံခဲ့ရတယ်လို့ သမီးဖြစ်သူက ပြောဆိုကြောင်း CNN သတင်းတစ်ပုဒ်မှာ ဖော်ပြပါတယ်။
ဒူတာတေးကို ထောက်ခံသူတွေကတော့ ဒီလိုဖမ်းဆီးမှုကို လုံခြုံရေးဝန်ထမ်း မြောက်များစွာချထားတဲ့ မနီလာလေဆိပ်မှာ ကန့်ကွက်ဆန္ဒပြခဲ့ကြပြီး သမ္မတဟောင်းအတွက် ဆုတောင်းပေးခဲ့ကြတာကိုလည်း တွေ့ရပါတယ်။
တရုတ်နိုင်ငံကတော့ ဒီဖြစ်ရပ်အပေါ်အခြေခံပြီး နိုင်ငံရေးအသုံးချတာမလုပ်ဖို့၊ စံနှုန်း ၂ မျိုးထားမဆုံးဖြတ်ဖို့ ICC ကို သတိပေးကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရက ပြေဆိုထားပါတယ်။ ဒီဖြစ် ရပ်ကို အနီးကပ်စောင့်ကြည့်နေတယ်လို့လည်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရက ဆိုပါတယ်။
ဒူတာတေး အခုလို ဖမ်းဆီးခံရတာဟာ မြန်မာနိုင်ငံရဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အတွက် သတိပေးချက်ဖြစ်တယ်လို့ မြန်မာ-ရိုဟင်ဂျာအသင်း(ယူကေ) ဥက္ကဋ္ဌ ဦးထွန်းခင်က ပြောပါတယ်။
လတ်လောမှာတော့ စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ပေးဖို့ ICC ရဲ့ တရားစွဲအရာရှိက ပြီးခဲ့တဲ့ နို ဝင်ဘာလ နောက်ဆုံးပတ်မှာ တရားရုံးကို ဦးတိုက်လျောက်ထားခဲ့ပါတယ်။
စစ်ခေါင်းဆောင်ဟာ ၂၀၁၇ ခုနှစ် ဩဂုတ်လကနေ ဒီဇင်ဘာလအထိ ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြတဲ့ ရိုဟင်ဂျာလူမျိုးတွေကို လူသားမျိုးနွယ်အပေါ် ကျူးလွန်သတ်ဖြတ်တဲ့ ရာဇဝတ်မှုအတွက် ICC မှာ တရားစွဲဆို ခံထားရတာပါ။
ဒီအမှုမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အဓိက တာဝန်ရှိသူအဖြစ် ယုံကြည်ရတဲ့အကြောင်း သက်သေအထောက်အထားတွေ ရထားပြီးဖြစ်တာကြောင့် ဖမ်းဝရမ်းထုတ်ပေးဖို့ ICC တရားရုံး တရားစွဲအရာရှိက လျောက်ထားခဲ့တာပါ။
လတ်တလောမှာတော့ စစ်ခေါင်းဆောင်ဟာ အာဏာလက်ဝယ် ရှိနေသေးတာကြောင့် ဖမ်းမရနိုင်ဖြစ်နိုင်ပြီး အာဏာလက်မဲ့ဖြစ်တဲ့တစ်နေ့ သေချာပေါက် ဖမ်းဆီးခံရနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က သုံးသပ်ပါတယ်
လတ်တလော ICC ရောက်သွားပြီဖြစ်တဲ့ ဖိလစ်ပိုင် သမ္မတဟောင်း ဒူတာတေးကတော့ ဖိလစ်ပိုင်နိုင်ငံအတွင်း ၂၀၁၆ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အထိ မူးယစ်ဆေးဝါးနှိမ်နင်းရာမှာ လူထောင်ပေါင်းများစွာ သေဆုံးစေခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ICC ရဲ့ ဖမ်းဝရမ်းထုတ် ခံရတာဖြစ်ပါတယ်။ သူဟာ တရုတ်နိုင်ငံ၊ ဟောင်ကောင်ကနေ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာလေဆိပ်ကို မနေ့က ပြန်လည်ရောက်ရှိလာချိန် ဖိလစ်ပိုင်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာပါ။
ဖိလစ်ပိုင်နိုင်ငံရဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့သူကတော့ မားကို့စ်ဖြစ်ပြီး လက်ရှိသမ္မတဖြစ်ပါတယ်၊ ဒူတာတေးရဲ့သမီး ဆာရာ ဒူတာတေးကတော့ ဖိလစ်ပိုင်နိုင်ငံရဲ့ ဒုတိယသမ္မတဖြစ်ပါတယ်။
မားကို့စ် သမ္မတ စဖြစ်လာချိန်မှာ ICC နဲ့ မပူးပေါင်းဘူးလို့ ထုတ်ပြောခဲ့ပါတယ်၊ ဒါပေမယ့် ဒူတာတေး အခုလို ဖမ်းဆီးခံရပြီး သယ်ဟိတ်ကို ချက်ချင်းအပို့ခံရတာဟာ သမ္မတမားကို့စ်နဲ့ ဒူတာတေးသမီးဖြစ်သူ ဒုတိယသမ္မတို့ ဆက်ဆံရေးတင်းမာလာတာကို ပြတာလို့ လေ့လာသူတွေက ဆိုကြပါတယ်။
လက်ရှိ ဖိလစ်ပိုင်သမ္မတ မားကို့စ်ကတော့ ICC ရဲ့ ဖမ်းဝရမ်းကို သမ္မတဟောင်း ဒူတာတေး မနီလာမြို့ ပြန်မရောက်ခင် နာရီပိုင်းအလိုမှာ လက်ခံရရှိခဲ့ကြောင်းနဲ့ နိုင်ငံတကာရဲတပ်ဖွဲ့(အင်တာပိုလ်)က အကူ အညီတောင်းခံတာကြောင့် ဝတ္တရားနဲ့အညီ ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း ဒီကနေ့(မတ် ၁၂) သတင်း စာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ဒူတာတေးဟာ သမ္မတဖြစ်စဉ်အခါက ICC ရဲ့ ဖမ်းဝရမ်းကို ရှောင်နိုင်ဖို့ ICC အဖွဲ့ဝင်နိုင်ငံကနေ နုတ်ထွက်ခဲ့ပါတယ်၊ ဒါပေမယ့် ICC ဟာ ဒူတာတေးရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနဲ့ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို ဖိလစ်ပိုင်နိုင်ငံ ICC ရဲ့ အဖွဲ့ဝင်နိုင်ငံဖြစ်နေတဲ့အချိန်မှာ စတင်ခဲ့တာဖြစ်ပါတယ်။
ဒါ့ကြောင့် ICC ရဲ့ တရားစီရင်ပိုင်ခွင့်ဟာ အဖွဲ့ဝင်ဖြစ်နေစဉ်အတွင်း ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် ဆက်ရှိနေတာဖြစ်ပါတယ်။ ဒီအမှုကို ICC က ၂၀၁၈ ခုနှစ်တည်းက စစ်ဆေးနေတာဖြစ်ပါတယ်။
ဒူတာတေးရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးမှာ လူပေါင်း ထောင်နဲ့ချီပြီး သေဆုံးခဲ့တယ်လို့ ဖိလစ်ပိုင်အစိုးရရဲ့ တရားဝင် ထုတ်ပြန်ချက်တွေမှာ ဖော်ပြပါတယ်။ လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ လူသေဆုံးမှုဟာ ဒါ့ထက်များနိုင်ပြီး သောင်းနဲ့ချီရှိနိုင်တယ်လို့ ဆိုကြပါတယ်။
လတ်တလောမှာတော့ ဒူတာတေးကို ဖိလစ်ပိုင်အစိုးရက ICC ကိုလွှဲပေးလိုက်ပြီ ဖြစ်တာကြောင့် ဒူတာတေးဟာ ICC မှာတရားရင်ဆိုင်ရတဲ့ အာရှနိုင်ငံတွေထဲက ပထမဆုံး နိုင်ငံ့ခေါင်းဆောင်ဟောင်း ဖြစ်လာပါတယ်။
ဒီအခြေအနေမှာ စစ်ခေါင်းဆောင် အပါအဝင် စစ်ဗိုလ်ချုပ် ၆ ဦးဟာလည်း အာဂျင်တီးနားနိုင်ငံ ဖက်ဒရယ်တရားရုံးမှာ တရားစွဲခံထားရပါတယ်။ ဒီအမှုကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ အာဂျင်တီးနားတရားရုံးက စတင်လက်ခံကြားနာခဲ့ပါတယ်။
ဒီတရားရုံးကနေ စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ထားပြီး နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာပိုလ်က ဖမ်းဆီးတာလုပ်လာမှာဖြစ်တဲ့အတွက် စစ်ခေါင်းဆောင်အတွက် ထွက်ပေါက်ဆိုတာ ရှိလာမှာ မဟုတ်ဘဲ ဒူတာတေးလမ်းစဉ်အတိုင်း သေချာပေါက် ဖြစ်လာလိမ့်မယ်လို့ မြန်မာ-ရိုဟင်ဂျာအသင်း ဥက္ကဋ္ဌ ဦးထွန်းခင်က ပြောပါတယ်။
တင်ဆက် – မြတ်ကြီး

Link : Here
No comments:
Post a Comment