" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, October 16, 2023

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၁)

ဧရာဝတီ
by အေးချမ်းဆု
11 October 2023
in ဆောင်းပါး

မန္တလေး PDF တပ်ဖွဲ့ဝင်များ / MPDF

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းသည့်အချိန်တွင် ပြည်နယ်များ၌ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ များစွာ ရှိသော်လည်း ပြည်မတွင် လက်နက်ကိုင်ပုန်ကန်မှု မရှိပေ။ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ)၊ အလံနီ၊ ပြည်သူရဲဘော်၊ ပါလီမန်ဒီမိုကရေစီပါတီ (ပဒပ) စသည့် ဗမာလူမျိုးများဦးစီးသည့် လက်နက် ကိုင် အဖွဲ့အစည်းများသည် ၁၉၇၅ ခုနှစ် နောက်ပိုင်းမှစ၍ ပြည်မတွင် အရေးနိမ့်သွားခဲ့ကြပြီးနောက် ပြည်မဒေသဟု ဆိုကြသည့် တိုင်း ၇ တိုင်းတွင် လက်နက်ကိုင်ပုန်ကန်မှု မရှိတော့ပေ။

ထို့အတူ ချင်းပြည်နယ်တွင် ၁၉၄၈ ခုနှစ်မှ နောက်ဆုံး စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်အထိ လက်နက်ကိုင်ပုန်ကန်မှု မရှိသလောက် ဖြစ်၏။ အလားတူ ရခိုင်ပြည်နယ်တွင်လည်း ၁၉၈၀ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ်အထိ လက်နက်ကိုင်ပုန်ကန်မှု မရှိဟု ဆို၍ရ၏။

တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များမှာ ကချင်၊ ကရင်၊ ကရင်နီ၊ မွန်၊ ရှမ်းစသည့် ပြည်နယ်များတွင် သာ တောက်လျှောက်ရှိခဲ့ပြီး ချင်းပြည်နယ်တွင် ၁၉၈၈ ခုနှစ်၌ လက်နက်ကိုင်တပ်ဖွဲ့ ထူထောင်ခဲ့သော် လည်း ၂၀၂၁ ခုနှစ်အထိ အားမကောင်းခဲ့ပါ။

ရခိုင်တွင် ၂၀၁၅ ခုနှစ်မှ လက်နက်ကိုင်ပုန်ကန်မှု ပြန်လည်အစပြုပြီး ၂၀၁၉၊ ၂၀၂၀ တွင် အားကောင်း မောင်းသန် ဖြစ်ခဲ့၏။ သို့သော် ထိုအခြေအနေသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ် အာ ဏာသိမ်းပြီးနောက် ကြီးမားစွာ ပြောင်းလဲသွား၏။ စစ်တပ်၏ အကြမ်းဖက် ဖိနှိပ်သတ်ဖြတ်မှုကို နေရာတိုင်းမှ ရရာလက်နက် စွဲကိုင်တော်လှန်ခဲ့ကြသဖြင့် ပြည်မတိုင်းများတွင်ရော ပြည်နယ်အား လုံး ပါ လက်နက်ကိုင်ပုန်ကန်မှု များဖြစ်ပွားခဲ့၏။

လက်နက်ကိုင်တိုက်ခိုက်မှု စတင်ရာတွင် အမည်နာမအမျိုးမျိုးနှင့် ပုန်ကန်တိုက်ခိုက်ခဲ့ကြသည့် လူထုပုန်ကန်မှုဖြစ်ရာ နွေဦးတော် လှန်ရေးတွင် အဖွဲ့အစည်းအမည်များစွာကို တွေ့ရသည်။

ဤသို့ လက်နက်ကိုင်တိုက်ခိုက်မှု စတင်ရာတွင် အမည်နာမအမျိုးမျိုးနှင့် ပုန်ကန်တိုက်ခိုက်ခဲ့ကြသည့် လူထုပုန်ကန်မှုဖြစ်ရာ နွေဦးတော်လှန်ရေးတွင် အဖွဲ့အစည်းအမည်များစွာကို တွေ့ရသည်။ လက်နက် ကိုင်ပုန်ကန်သူတို့သည် စစ်အာဏာရှင် ပြုတ်ကျရေး ဦးတည်ခဲ့ကြသော်လည်း နိုင်ငံရေးသဘောထား မတူ၊ အမြင်မတူမှုများကြောင့် လည်းကောင်းကိုယ့်နယ်ကိုယ့်ဒေသအလိုက်ထကြွပုန်ကန်ခဲ့ကြ၍လည်း ကောင်း၊ လက်နက်၊ ရိက္ခာ၊ ဘဏ္ဍာအခက်အခဲများကြောင့် လည်းကောင်း အကွဲကွဲအပြားပြား ဖြစ်နေခဲ့ ကြသည်မှာ အမှန်ပင်ဖြစ်၏။

သို့သော်လည်း ထိုအင်အားစုများသည် ကွဲပြားနေသော အင်အားများကို စုစည်းနိုင်ရန် နားလည်သ ဘော ပေါက်ကြသူများ ဖြစ်ကြရာ မိမိဒေသအလိုက်၊ မိမိပြည်နယ်အလိုက်၊ တိုင်းအလိုက် စုစည်းရန် ကြိုးစားကြသကဲ့သို့ တပြည်လုံး စုစည်းနိုင်ရန် ကြိုးစားကြသူများလည်း တွေ့ရ၏။

တပြည်လုံး အတိုင်းအတာအရ အားလုံးကို စုစည်းနိုင်ခြင်း မရှိသေးသော်လည်း အများစုကို စုစည်းနိုင် လာ သည်ကို တွေ့ရ၏။ ပူးပေါင်းဆောင်ရွက်လာသည်ကို တွေ့ရ၏။ ထိုသို့ ပူးပေါင်းဆောင်ရွက်မှု အား ကောင်းလာခဲ့သကဲ့သို့ ပဋိပက္ခများ ရှိသည်ကိုလည်း ရင်ဆိုင်ဖြေရှင်း ကျော်ဖြတ်နေရဆဲ ဖြစ်သည်ကို တွေ့ရ၏။

အသစ်ပေါ်ပေါက်လာသော အင်အားစုများအနက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ကာကွယ် ရေးဝန်ကြီးဌာန (MOD) ကွပ်ကဲမှုအောက်တွင် စုစည်းထားရှိသော ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များက အင်အားအများစု ဖြစ်သည်ကို တွေ့ရ၏။

အချို့ဒေသရှိ တပ်ဖွဲ့များသည်လည်း MOD နှင့် PDF အဖြစ် ပြောင်းလဲဖွဲ့စည်းရန် ပြင်ဆင်နေသကဲ့သို့ သီးခြားရပ်တည်နေသော တပ်ဖွဲ့များလည်း တွေ့ရ၏။ သီးခြားရပ်တည်နေသော တပ်ဖွဲ့များမှာ ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် (BPLA)၊ PRA – မကွေး ၊ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIO/PIA)၊ ကျောင်းသားလက်ရုံးတပ်တော် (SAF)၊ တော်ဝင် နဂါးတပ်မတော် (ယခု BNRA ) စသည့် တပ်ဖွဲ့များ ဖြစ်သည်။ 

MOD, PDF နှင့် ပကဖ

နွေဦးတော်လှန်ရေးတွင် ပါဝင်ခဲ့ကြသည့် ပြည်မဒေသတိုင်း ၇ တိုင်းနှင့် ကရင်ပြည်နယ်၊ ကရင်နီပြည် နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တို့တွင် MOD လက်အောက်ခံ PDF တပ်ဖွဲ့များ ဖွဲ့စည်းခဲ့ကြ၏။

အချို့ပြည်နယ်နှင့် တိုင်းများတွင် ဒေသခံ ပကဖ တပ်ဖွဲ့များကိုပါ ဖွဲ့စည်းနိုင်ခဲ့၏။ ရခိုင်တွင် PDF ရော၊ ပကဖ ပါ ဖွဲ့စည်းနိုင်ခြင်း မရှိပါ။ ချင်းပြည်နယ်တွင် ချင်းဒေသကာကွယ်ရေးတပ်မတော် (CDF) ပုံစံဖြင့် ဖွဲ့စည်းသည်ကို တွေ့ရ၏။

ရွှေဘိုခရိုင် PDF တပ်ရင်း ၂ မှ တပ်ဖွဲ့ဝင်များ / Wetlet People’s Defense Force Battalion 2


ဌာနချုပ်

MOD နှင့်တွဲ၍ စစ်ရုံးချုပ်၊ ထောက်ပို့တပ်ရင်း တရင်း၊ ဒရုန်းတပ်ရင်းများဖြစ်သည့် ရင်း ၁၈၀၁/၁၈၀၂ ကို ဖွဲ့စည်းထား၏။ ဒရုန်းတပ်ရင်းများကို ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် ဖြန့်ခွဲ့ထား၏။

PDF တပ်ရင်းများ

PDF တပ်ရင်းများအား ၇ ယောက် တပ်စိတ်တစိတ်၊ သုံးစိတ် တပ်စုတစု၊ တပ်စု သုံးစု တခွဲ၊ တပ်ခွဲသုံးခွဲ တရင်း၊ စုစုပေါင်း အင်အား ၂၀၀ ခန့်ဖြင့် ဖွဲ့စည်းထား၏။

PDF နှင့် ပကဖ တပ်ဖွဲ့များအား MOD အောက်တွင် စစ်ဒေသ သုံးခု ခွဲ၍ ဖွဲ့စည်းထားပြီး စစ်ဆင်ရေးကွပ်ကဲမှုအရ တိုင်းရင်းသား လက် နက်ကိုင် တပ်ဖွဲ့များနှင့်တွဲ၍ အမိန့်ပေး ရေးဌာန နှစ်ခုခွဲ ထား သည်။

PDF နှင့် ပကဖ တပ်ဖွဲ့များအား MOD အောက်တွင် စစ်ဒေသ သုံးခုခွဲ၍ ဖွဲ့စည်းထားပြီး စစ်ဆင်ရေး ကွပ်ကဲမှုအရ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့်တွဲ၍ အမိန့်ပေးရေးဌာန နှစ်ခုခွဲထားသည်ဟု သိရ၏။

စစ်ဒေသ ၁

လက်ရှိ ဖွဲ့စည်းပုံအရ စစ်ဒေသ (၁) တွင် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းတို့ ပါဝင်ပြီးမန္တလေး တိုင်း PDF များသည် ရှမ်းမြောက်တွင်ပါ အခြေပြုလျက်ရှိ၏။ စစ်ဒေသအောက်တွင် တိုင်း၊ ခရိုင်ကွပ် ကဲရေးမှူးများ ထားရှိပြီး ခရိုင်အလိုက် PDF တပ်ရင်းများ ဖွဲ့စည်းခဲ့၏။ သတိပြုရမည့်အချက်တခုမှာ မိမိအစီအစဉ်ဖြင့် ပုန်ကန်ခဲ့ကြသည့် လက်နက်ကိုင်အင် အားစုများကို ပြန်လည်စုဖွဲ့လေ့ကျင့်လက်နက် တပ်ဆင်ပြီး ဖွဲ့စည်းရသည်ဖြစ်ရာ စည်ကမ်းလိုက်နာမှု၊ အမိန့်နာခံမှုများတွင် အားနည်းချက်များ ရှိနေ ဆဲ ဖြစ်ပြီး ဆွေးနွေးညှိနှိုင်းငြင်းခုံ၍ ချီတက်နေရဆဲ ကာလဖြစ်၏။

PDF တပ်ရင်းများကို ခရိုင်အခြေခံ ဖွဲ့စည်းထားခြင်း ဖြစ်သော်လည်း နယ်မြေဆက်စပ်နေသော နေရာ များ၊ စစ်ရေးလှုပ်ရှားနိုင်သည့် မြေအနေအထားများအောက်တွင် ရောယှက်မှု အနည်းငယ်ရှိ၏။ PDF တပ်ရင်းများကို ခရိုင်တွင် တပ်ရင်းအမှတ် (၁) မှ စ၍ အရေအတွက် ရှိသလောက် တပ်ရင်းနံပါတ် ပေးထားသကဲ့သို့ MOD ကလည်း သီးသန့် တပ်ရင်းနံပါတ် ထပ်မံ ပေးထားသဖြင့် တပ်ရင်းတခုတွင် တပ်နံပါတ် နှစ်ခုတွေ့ရ၏။

ဥပမာ – ကသာခရိုင် ရင်း (၁) (ခေါ်) ရင်း ၂၃၀၁၊ ကောလင်းခရိုင် ရင်း (၄) (ခေါ်) ရင်း ၂၂၀၄ စသည် တို့ ဖြစ်၏။

ထို့ပြင် အမှတ် (၁) စစ်ဒေသတွင်းရှိ PDF တပ်ရင်းများအား လက်နက်ခဲယမ်း တပ်ဆင်မှု၊ လေ့ကျင့်ဖွဲ့ စည်းမှု၊ ထောက်ပံ့နိုင်မှု အခြေအနေများကို ထောက်ရှုပြီး ပြည့်စုံမှုရှိသော တပ်ရင်းများကို ကချင်လွတ် မြောက်ရေး တပ်မတော် (KIA) နှင့် ပူးတွဲထားသည့် စစ်ရေးကွပ်ကဲမှုအောက်တွင် ထားရှိ၏။

ပြီးပြည့်စုံခြင်း မရှိသေးသည့် တပ်ရင်းများကို MOD အောက်တွင် ထားရှိပြီး ဆက်လက် တည်ဆောက် နေ၊ လေ့ကျင့်နေဆဲ ဖြစ်သကဲ့သို့ တဖက်ကလည်း တိုက်ပွဲတချို့တွင် ဝင်ရောက်ပူးပေါင်း တိုက်ခိုက်မှု များ ပြုလုပ်လျက်ရှိသည်ဟု သိရ၏။ တည်ဆောက်ဆဲဆိုသည်မှာ လက်နက်ခဲယမ်း အပြည့်အစုံ မတပ် ဆင်နိုင်သည်က အဓိကဖြစ်ပြီး ထိုတပ်ရင်းများသည် စစ်ရေးလေ့ကျင့်ပြီး၊ ရနိုင်သမျှလက်နက်တပ်ဆင် ပြီး မိမိတတ်နိုင်သည့် အပိုင်းမှ ပြောက်ကျားစစ်ပွဲ ဆင်နွှဲလျက်ရှိကြ၏။
စစ်ကိုင်းတိုင်း

စစ်ဒေသ (၁) လက်အောက်တွင်လည်းကောင်း၊ တပြည်လုံးတွင်လည်းကောင်းPDFတပ်ရင်းအများဆုံး ရှိသည့်တိုင်း ဖြစ်သည်။

(က) ကသာခရိုင်

ကသာခရိုင်တွင် ခရိုင် PDF ရင်း ၁ မှ ရင်း ၄ အထိ တပ်ရင်း ၄ ရင်း ဖြစ်သည့် ရင်း ၂၃၀၁၊ ၂၃၀၂၊ ၂၃၀၃၊ ၂၃၀၄ တို့ ဖွဲ့စည်း၏။

(ခ) ကောလင်းခရိုင်

ကောလင်းခရိုင်အတွင်း ကောလင်း အရှေ့အနောက်၊ ပင်လည်ဘူး မြို့နယ်တို့တွင် ကောလင်းခရိုင် ရင်း ၁ မှ ရင်း ၄ ထိဖြစ်သည့် ရင်း ၂၂၀၁၊ ၂၂၀၂၊ ၂၂၀၃၊ ၂၂၀၄ တို့ ဖွဲ့စည်း၏။

(ဂ) ကန့်ဘလူခရိုင်

ကန့်ဘလူခရိုင်အတွင်း ခရိုင် ရင်း ၁ မှ ရင်း ၄ အထိဖြစ်သော ရင်း ၂၀၀၁၊ ၂၀၀၂၊ ၂၀၀၃၊ ၂၀၀၄ ဟူ၍ တပ်ရင်း ၄ ရင်း ဖွဲ့စည်းထား၏။

(ဃ) ရွှေဘိုခရိုင်

ရွှေဘိုခရိုင်အတွင်းရှိ ရွှေဘို၊ တန့်ဆည်၊ ဒီပဲယင်း၊ ရေဦး၊ ဝက်လက်မြို့နယ်များတွင် ရွှေဘိုခရိုင် ရင်း ၁ မှ ရင်း ၂၆ အထိဖြစ်သော ရင်း ၂၉၀၁ မှ ၂၉၂၆ ထိ တပ်ရင်း ၂၆ ရင်းနှင့် ရွှေဘိုခရိုင် ၁၇၀၁ ထောက်ပံ့ ရေး တပ်ရင်းတရင်း ဖွဲ့စည်း၏။
မုံရွာခရိုင်နှင့် ဆက်စပ်နယ်မြေများအတွင်းရှိ မုံရွာ၊ ဘုတလင်၊ ယင်းမာပင်၊ ကနီ၊ ချောင်ဦး၊ အရာတော်၊ ရွှေဘို၊ ပုလဲ၊ အရာတော် မြို့နယ်များတွင် ရွှေဘိုခရိုင် တပ်ရင်း ၁ မှ ရင်း ၂၈ အထိ ဖြစ်သော ရင်း ၂၇၀၁ မှ ရင်း ၂၇၂၈ ထိ တပ်ရင်း ၂၈ ရင်း ဖွဲ့စည်းသည်။
(င) မုံရွာခရိုင်

မုံရွာခရိုင်နှင့် ဆက်စပ်နယ်မြေများအတွင်းရှိ မုံရွာ၊ ဘုတလင်၊ ယင်းမာပင်၊ ကနီ၊ ချောင်ဦး၊ အရာတော်၊ ရွှေဘို၊ ပုလဲ၊ အရာတော် မြို့နယ်များတွင် ရွှေဘိုခရိုင် တပ်ရင်း ၁ မှ ရင်း ၂၈ အထိ ဖြစ်သော ရင်း ၂၇၀၁ မှ ရင်း ၂၇၂၈ ထိ တပ်ရင်း ၂၈ ရင်း ဖွဲ့စည်းသည်။

(စ) စစ်ကိုင်းခရိုင်

စစ်ကိုင်း၊ မြင်းမူ၊ မြောင်မြို့နယ်များတွင် စစ်ကိုင်းခရိုင်တပ်ရင်း ၁ မှ ရင်း ၈ အထိရှိ ရင်း ၂၅၀၁ မှ ရင်း ၂၅၀၈ အထိ တပ်ရင်း ၈ ရင်း ဖွဲ့စည်းထား ၏။

(ဆ) နာဂကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ

နာဂကိုယ်ပိုင်အုပ်ချုပ်ရေးဒေသတွင် နာဂ အမှတ် ၁ တပ်ရင်း ဖွဲ့စည်းထား၏။

(ဇ) ခန္တီးခရိုင်

ခန္တီးခရိုင် အမှတ် ၁ တပ်ရင်းအဖြစ် ရင်း ၂၄၀၁ တရင်း ဖွဲ့စည်းထား၏။

(ဈ) မော်လိုက်ခရိုင်

မော်လိုက်ခရိုင် ရင်း ၁ နှင့် ရင်း ၂ ဖြစ်သည့် ရင်း ၂၈၀၁၊ ၂၈၀၂ ဟူ၍ တပ်ရင်း နှစ်ရင်း ဖွဲ့စည်းထား၏။

(ည) ကလေးခရိုင်

ကလေးခရိုင်နှင့် ဆက်စပ်နေသော ကလေး၊ ကလေးဝ၊ မင်းကင်းမြို့နယ်များတွင် ကလေးခရိုင် ရင်း ၁ မှ ရင်း ၁၅ အထိဖြစ်သော ရင်း ၂၁၀၁ မှ ရင်း ၂၁၁၅ အထိ တပ်ရင်း ၁၅ ရင်း ရှိ၏။

(ဋ) တမူးခရိုင်

တမူးခရိုင်တွင် ရင်း ၁ မှ ရင်း ၄ အထိဖြစ်သော ရင်း ၂၆၀၁ မှ ရင်း ၂၆၀၄ အထိ တပ်ရင်း ၄ ရင်း ရှိ၏။

(ဌ) ယင်းမာပင်ခရိုင်

ယင်းမာပင်ခရိုင်တွင်းရှိ ယင်းမာပင်၊ ပုလဲ၊ ဆားလင်းကြီး၊ မြိုင်၊ ကနီမြို့နယ်များတွင် ခရိုင်တပ်ရင်း ၁ မှ ၃၈ အထိဖြစ်သော ရင်း ၃၀၀၁ မှ ၃၀၃၈ အထိ တပ်ရင်း ၃၈ ရင်း ရှိ၏။

(ဍ) အထူးလှုပ်ရှားတပ်ရင်း

စစ်ဒေသ ၁ တွင် နယ်မြေအခြေ မပြုသည့် လှုပ်ရှားတပ်ရင်းများအဖြစ် အထူးလှုပ်ရှားတပ်ရင်း ရင်း ၉၉၀၁၊ ၉၉၁၀၊ ၉၉၁၁ စသည့်တပ်ရင်း သုံးရင်းဖွဲ့စည်းထားပြီးဖြစ်ကာ စစ်ဆင်ရေး လိုအပ်ချက်အတိုင်း လှုပ်ရှား၏။
စစ်ကိုင်းတိုင်းအတွင်း PDF တပ်ရင်း ၁၃၈ ရင်း ဖွဲ့စည်းထားပြီး တပ် ရင်း ၄၀ အား လက်နက်တပ်ဆင်မှု အတော်အတန် ပြည့်စုံပြီး ကျန် ၉၈ ရင်းအား မြှင့်တင်ရန် ဆောင်ရွက်ဆဲဖြစ်သည်ကို တွေ့ရ၏။

ထို့ကြောင့် စစ်ကိုင်းတိုင်းအတွင်း PDF တပ်ရင်း ၁၃၈ ရင်း ဖွဲ့စည်းထားပြီး တပ်ရင်း ၄၀ အား လက်နက် တပ်ဆင်မှု အတော်အတန် ပြည့်စုံပြီး ကျန် ၉၈ ရင်းအား မြှင့်တင်ရန် ဆောင်ရွက်ဆဲဖြစ်သည်ကို တွေ့ရ ၏။ 


မန္တလေးတိုင်း

(က) ကျောက်ဆည်ခရိုင်

ကျောက်ဆည်၊ စစ်ကိုင်း၊ ငါန်းဇွန် ဆက်စပ်မြို့နယ်များတွင် ကျောက်ဆည်ခရိုင် ရင်း ၁ နှင့် ၂ ဖြစ်သည့် ရင်း ၄၄၀၁၊ ၄၄၀၂ တပ်ရင်း နှစ်ရင်း ဖွဲ့စည်းထားပြီး ဖြစ်၏။

(ခ) ညောင်ဦးခရိုင်

ညောင်ဦး၊ ကျောက်ပန်းတောင်း မြို့နယ်များတွင် ညောင်ဦးခရိုင် ရင်း ၁ မှ ရင်း ၄ အထိ ဖြစ်သော ရင်း ၄၅၀၁ မှ ရင်း ၄၅၀၄ အထိ တပ်ရင်း လေးရင်း ဖွဲ့စည်းထားပြီး ဖြစ်၏။ ထပ်မံ၍ တပ်ရင်းတရင်းဖွဲ့စည်းရန် ပြင်ဆင်စုဖွဲ့နေ၏။

(ဂ) ပြင်ဦးလွင်ခရိုင်

ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်တွင် ခရိုင် ရင်း ၁၊ ၂ ဖြစ်သော ရင်း ၄၆၀၁ နှင့် ၄၆၀၂ တပ်ရင်း နှစ်ရင်း ဖွဲ့စည်းထားပြီး ဖြစ်၏။

(ဃ) မန္တလေးခရိုင်

မန္တလေးနှင့် ဆက်စပ်နေသည့် တန့်ဆည်၊ မြောင်မြို့နယ်များတွင် မန္တလေးခရိုင်တပ်ရင်း ၁ မှ ရင်း ၆ ဖြစ်သော ရင်း ၄၇၀၁ မှ ၄၇၀၆ အထိ တပ်ရင်း ဖွဲ့စည်းထားရှိပြီး ဖြစ်၏။ 

 ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်များ / DMO – PDF

(င) မြင်းခြံခရိုင်

မြင်းခြံခရိုင် မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး၊ ငါန်းဇွန်နှင့် စစ်ကိုင်းတိုင်း မြောင်၊ မကွေးတိုင်း ရေစကြို မြို့နယ်များတွင် မြင်းခြံခရိုင် တပ်ရင်း ၁ မှ ရင်း ၈ အထိ ဖြစ်သော ရင်း ၄၈၀၁ မှ ၄၈၀၈ အထိ တပ်ရင်း ရှစ်ရင်း ဖွဲ့စည်းထားပြီး ဖြစ်သည်။

(စ) မိတ္ထီလာခရိုင်

ဝမ်းတွင်းမြို့နယ်နှင့် စစ်ကိုင်းတိုင်းမြို့နယ် အချို့တွင် မိတ္ထီလာခရိုင် ရင်း ၁၊ ၂ ဖြစ်သေ, ရင်း ၄၉၀၁၊ ၄၉၀၂ တပ်ရင်း နှစ်ရင်း ဖွဲ့စည်းထားပြီး ဖြစ်၏။ တပ်ရင်းတရင်းဖွဲ့စည်းရန် ထပ်မံစုဖွဲ့ ပြင်ဆင်နေသည်။

(ဆ) ရှမ်းမြောက်ခြေပြု မန္တလေး PDF များ

ရှမ်းမြောက်အခြေပြု PDF တပ်ရင်းများဖြစ်သော ရင်း ၅၀၉၊ ၅၁၀၊ ၅၁၁၊ ၅၁၂၊ ၅၁၃၊ ၅၁၄၊ ၅၁၅ စ သည့် တပ်ရင်း ၇ ရင်းအား ရှမ်းမြောက် KIA များနှင့် ပူးတွဲလေ့ကျင့်ပြီး မန်တုံ၊ မိုးမိတ်ဒေသများတွင် လှုပ်ရှားသည်။

မန္တလေး PDF တပ်ရင်းများ ဖြစ်ကြသော ရင်း ၁၂၀၁၊ ၁၂၀၂၊ ၁၂၀၃၊ ၁၂၀၄၊ ၁၂၀၅၊ ၁၂၀၆၊ ၁၂၀၇ စသည့် တပ်ရင်း ၇ ရင်းသည် ရှမ်းမြောက် ကျောက်မဲ၊ နောင်ချိုဒေသတို့တွင် တအာင်းအမျိုးသားလွတ် မြောက်ရေး တပ်မတော် (TNLA) ၏ အကူအညီနှင့် ဖွဲ့စည်းတည်ဆောက်ပြီး စစ်ဆင်ရေးများ စတင်နေ ပြီဖြစ်၏။

မန္တလေး PDF တပ်ရင်းများ ဖြစ်ကြသော ရင်း ၁၂၀၁၊ ၁၂၀၂၊ ၁၂၀၃၊ ၁၂၀၄၊ ၁၂၀၅၊ ၁၂၀၆၊ ၁၂၀၇ စသည့် တပ်ရင်း ၇ ရင်းသည် ရှမ်းမြောက် ကျောက်မဲ၊ နောင်ချိုဒေသတို့တွင် တအာင်းအမျိုးသားလွတ် မြောက်ရေး တပ်မတော် (TNLA) ၏ အကူအညီနှင့် ဖွဲ့စည်းတည်ဆောက်ပြီး စစ်ဆင်ရေးများ စတင်နေ ပြီဖြစ်၏။

(ဇ) မိုးကုတ်ဒေသ

မိုးကုတ်ဒေသတွင် ယခင် မိုးကုတ်ဗျူဟာအား ရင်း ၁၂၂၁၊ ၁၂၂၂၊ ၁၂၂၃ တပ်ရင်း သုံးရင်းအဖြစ် ဖွဲ့ စည်းသည်။ TNLA နှင့် ပူးတွဲလှုပ်ရှားနေသည်။

မန္တလေးတိုင်းအတွင်း PDF တပ်ရင်းပေါင်း ၄၁ ရင်း ဖွဲ့စည်းထားပြီး နှစ်ရင်း ထပ်မံဖွဲ့စည်းနေသည်ကို တွေ့ရ၏။ 

မကွေးတိုင်း

(က) ဂန့်ဂေါခရိုင်


ဂန့်ဂေါ၊ ဆော၊ ထီးလင်းမြို့နယ်များတွင် ဂန့်ဂေါခရိုင် တပ်ရင်း ၁ မှ ၁၉ အထိရှိ ရင်း ၃၉၀၁ မှ ၃၉၁၉ထိ ၁၉ ရင်း ဖွဲ့စည်းထားပြီး ဖြစ်၏။

(ခ) ပခုက္ကူခရိုင်

ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ဆိပ်ဖြူ၊ ပေါက်မြို့နယ်များတွင် ပခုက္ကူခရိုင်တပ်ရင်း ၁ မှ ရင်း ၁၉ အထိ၊ ရင်း ၄၀၀၁ မှ ၄၀၁၉ ထိ တပ်ရင်း ၁၉ ရင်းဖွဲ့ စည်းထားပြီး ဖြစ်၏။

(ဂ) မကွေးခရိုင်

ရေနံချောင်းနှင့် ဆက်စပ်ဒေသများတွင် ခရိုင် ရင်း ၁၊ ၂ ဖြစ်သော ရင်း ၄၁၀၁၊ ၄၁၀၂ တပ်ရင်း နှစ်ရင်း ဖွဲ့စည်းထားပြီး ဖြစ်၏။

မကွေးတိုင်းအတွင်း PDF တပ်ရင်း ၅၂ ရင်း ဖွဲ့စည်းထားပြီး ထပ်မံ၍ တပ်ရင်းသစ်များ ဖွဲ့စည်းနိုင်ရန် ပြင်ဆင်နေသည်ကို တွေ့ရ၏။

(ဃ) မင်းဘူးခရိုင်

မင်းဘူး၊ စကု၊ စလင်း၊ ငဖဲ၊ စေတုတ္တရာ၊ ပွင့်ဖြူမြို့နယ်များတွင် မင်းဘူးခရိုင်တပ်ရင်း ၁ မှ ရင်း ၇ အထိ ရင်း ၄၂၀၁ မှ ရင်း ၄၂၀၇ အထိ တပ်ရင်း ၇ ရင်း ဖွဲ့စည်းထားပြီး ဖြစ်၏။

(င) သရက်ခရိုင်

အောင်လံ၊ နတ်မောက်၊ မင်းတုန်းမြို့နယ်များတွင် သရက်ခရိုင် တပ်ရင်း၁ မှ ရင်း ၅ အဖြစ် ရင်း ၄၃၀၁ မှ ၄၃၀၅ အထိ တပ်ရင်း ငါးရင်း ဖွဲ့စည်းထားသည်။

မကွေးတိုင်းအတွင်း PDF တပ်ရင်း ၅၂ ရင်း ဖွဲ့စည်းထားပြီး ထပ်မံ၍ တပ်ရင်းသစ်များ ဖွဲ့စည်းနိုင်ရန် ပြင်ဆင်နေသည်ကို တွေ့ရ၏။

(ဆက်လက်ဖော်ပြပါမည်)

(အေးချမ်းဆုသည် နိုင်ငံရေး၊ စစ်ရေး လေ့လာသူတဦး ဖြစ်သည်။)

You may also like these stories:


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */