" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, March 26, 2021

မီးလောင်သွားတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းအတွက် ဒေါ်လာ ၁၄ သန်း ကုလကူညီ

VOA
ဗွီအိုအေ (မြန်မာပိုင်း)
25 မတ်၊ 2021
ဘာလုခါလီ ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ မီးဘေးသင့်ခဲ့သူတွေအတွက် ယာယီအိမ်များဆောက်ပေးဖို့လာကြတဲ့ လုပ်အားပေးဝန်ထမ်းများ။ (မတ် ၂၄၊ ၂၀၂၁)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar မှာ ရှိတဲ့ ဘာလုခါလီ ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ မီးဘေးသင့်ခဲ့တဲ့သူတွေကို အကူအညီပေးရေး ကုလသမဂ္ဂက အရေးပေါ် ရန်ပုံငွေ ၁၄ သန်း သုံးစွဲခွင့်ပြုလိုက်ပါတယ်။ မီးဘေးကြောင့် လူပေါင်း ၄၅,၀၀၀ လောက် အိုးအိမ်မဲ့ဖြစ်ခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ ဒီနေ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ တနင်္လာနေ့က အကြီးအကျယ်မီးဘေးသင့်ခဲ့သူတွေထဲက တချို့ကတော့ ယာယီအိမ်တွေ ပြန်ပြီးဆောက်နေကြရပါတယ်။

ကူညီကယ်ဆယ်ရေးအဖွဲ့တွေပေးတဲ့ တာပေါ်လင်စတွေ၊ ဝါးတွေသုံးပြီး ယာယီတဲအိမ်တွေ ဆောက်နေကြရတာပါ။ မီးလောင်မှုအတွင်း ၁၅ ယောက်သေဆုံးတယ်လို့ ကုလသမဂ္ဂက ပြောထားပါတယ်။ ၃၄၀ လောက်လည်း ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ မီးအကြီးအကျယ် လောင်ခဲ့တာ ၄ ရက်ကြာခဲ့ပေမဲ့ နေစရာမဲ့ ဖြစ်နေကြတဲ့ ဒုက္ခ သည်တော်တော်များများ ရှိပါတယ်။
ဘာလုခါလီ ရိုဟင်ဂျာဒုက္ခသည်စခန်း မီးလောင်မှု ၁၅ ဦးထက်မနည်း သေဆုံး
မီးလောင်ခဲ့တဲ့နေရာတွေမှာ နေစရာ အိမ်တွေသာမက ဆေးခန်းတွေကျောင်း တွေ၊ ဈေးဆိုင်တွေအားလုံးပျက်စီးသွားတဲ့အတွက် အခြေခံအဆောက်အအုံအားလုံး ပြန်လည်တည်ဆောက်ဖို့ လပေါင်းများစွာ အချိန်ကြာနိုင်တယ်လို့ ရွှေ့ပြောင်းအခြေချသူများဆိုင်ရာအဖွဲ့ IOM ရဲ့ ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ တာဝန်ခံက ပြောပါတယ်။

၂၀၁၇ ခုနှစ်နောက်ပိုင်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုအတွင်း ဆိုးဝါးတဲ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ရိုဟင်ဂျာ သိန်းနဲ့ချီ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ကြရတာဖြစ်ပါတယ်။ အဲဒီဒုက္ခသည်အများစုက အခုမီးလောင်ခဲ့တဲ့ Cox's Bazar က ဒုက္ခသည်စခန်းမှာ ခိုလှုံနေကြရတာပါ။ တချို့ကိုတော့ ဘင်္ဂလားဒေ့ရှ်အစိုးရက ရေလွှမ်းနိုင်တဲ့ ဘာဆန်ချာကျွန်းပေါ်ကို ပို့နေတာကြောင့် လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ကန့်ကွက်မှုတွေလည်း ရှိနေပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */