" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, November 23, 2023

လှေစီးပြေးရိုဟင်ဂျာတွေအတွက် အရေးပေါ်တုံပြန်ကူညီဖို့ ကုလကိုယ်စားလှယ်တိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာဌာန)
၂၄ နိုဝင်ဘာ၊ ၂၀၂၃

အင်ဒိုနီးရှားနိုင်ငံ။ အာချေးမြောက်ပိုင်းက Lee Madon ကမ်းခြေကိုရောက်လာတဲ့ လှေစီးပြေးရိုဟင်ဂျာများ။ (နိုဝင်ဘာ ၁၆၊ ၂၀၂၃) 
 
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ စားနပ်ရိက္ခာတွေ ဖြတ်တောက်တာအပါအဝင် အခြေ အ နေတွေဆိုးရွားနေလို့ ရေကြောင်းကတဆင့် အင်ဒိုနီးရှားနိုင်ငံကို ရိုဟင်ဂျာဒုက္ခသည်တွေ အများ အပြား ဆက်တိုက် ထွက်ခွာနေကြတာကြောင့် ဒေသတွင်းမှာ အရေးပေါ်တုံ့ပြန်မှုတခုလုပ်ဖို့ ကုလ သမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်က နိုဝင်ဘာ ၂၃ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။
“ပြဿနာတွေရဲ့ အခြေခံအကြောင်းဖြစ်တဲ့ တရားမ၀င် အာဏာရယူထားတဲ့ စစ်အာဏာရှင် အရေး ကို မဖြေရှင်းဘဲနဲ့ အကျပ်အတည်းက ပိုဆိုးလာလိမ့်မယ်” လို့ သူက သတိပေးပါတယ်။

အင်ဒိုနီးရှားနိုင်ငံ မြောက်ဘက်စွန်း အာချေးပြည်နယ်မှာ အရပ်တပတ်အတွင်း ရိုဟင်ဂျာဒုက္ခသည် ၁,၀၀၀ ကျော် လှေနဲ့ ရောက်လာခဲ့ပါတယ်။ “ရိုဟင်ဂျာတွေရဲ့အခွင့်အရေးကို အသိအမှတ်ပြုပြီးပြည် တွင်းဥပဒေနဲ့အညီ ရိုဟင်ဂျာ လှေစီးဒုက္ခသည်တွေကို ကမ်းကပ်ခွင့်ပေးတဲ့ အင်ဒိုနီးရှားအစိုးရကိုတွမ် အင်ဒရူးစ်က ချီးကျူး ခဲ့ပြီး ဒီအရေးက အင်ဒိုနီးရှားတနိုင်ငံတည်းလုပ်လို့မရဘဲ အရေးပေါ်အခြေအ နေဖြစ်ပြီး လှေတွေပေါ်မှာပိတ်မိ သောင်တင် ရိုဟင်ဂျာတွေရဲ့အသက်ကို ကယ်တင်နိုင်ဖို့ ညှိနှိုင်းရှာ ဖွေကယ်ဆယ်ရေးတွေအပါအဝင် အရေးပေါ်တုံ့ပြန်မှုတခု လိုတယ်လို့လည်း အထူးကိုယ်စား လှယ် က ထောက်ပြပါတယ်။

နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ မြန်မာပြည်သူလူထုအပေါ် ဖိနှိပ်မှုတည်မြဲစေတဲ့ စစ်အာဏာရှင် တွေ တွက် လက်နက်၊ ငွေကြေးနဲ့ တရားဝင်မှုကို ပိတ်ဆို့ ပြီး ဒီ အကျပ်အတည်းရဲ့ မူလဇစ်မြစ်ပြဿ နာကို ဖြေရှင်းရမယ်လို့ သူက ပြောပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာနိုင်ငံကို ဆန္ဒအလျောက် ပြန်လာနိုင်ချိန်အထိ လုံခြုံရေး၊ ဂုဏ်သိက္ခာနဲ့ ရပိုင်ခွင့်တွေ အာမခံချက်ပေးဖို့နဲ့လုံလောက်တဲ့လူသား ချင်းစာနာမှု အကူအညီတွေ ပေးနိုင်ရေး ရန်ပုံငွေ ပံ့ပိုးဖို့အပါအဝင် ရိုဟင်ဂျာဒုက္ခသည်တွေအတွက် တာရှည်ခံမယ့်ဖြေရှင်းနည်းတွေကို စဉ်းစားရမယ်လို့သူက ပြောပါတယ်။

ကုလ အထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်က ဒီနှစ် အစောပိုင်းတုန်း အင်ဒိုနီးရှားနိုင်ငံ အာချေးက ရိုဟင်ဂျာဒုက္ခသည်တွေကို လူကိုယ်တိုင် သွားရောက်တွေ့ဆုံခဲ့သူ ဖြစ်ပါတယ်။ အဲဒီတုန်းက ဘင်္ဂ လား ဒေ့ရှ် ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတွေဟာ အန္တရာယ်များပေမယ့် ရေလမ်းကြောင်းကနေ ထွက်ပြေးဖို့ ပြင်ဆင်နေကြတယ်လို့ သူကို ပြောကြောင်း တွမ်အင်ဒရူးစ်က ပြောပါတယ်။

တပြိုင်တည်းမှာပဲ အာချေးပြည်နယ် Sabang က ဒေသခံတွေဟာ ကမ်းကပ်လာတဲ့ ရိုဟင်ဂျာ လှေ စီးပြေး ဒုက္ခသည်တွေကိုလက်မခံဘဲ ပင်လယ်ထဲ ပြန်ပို့ဖို့ ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာ ၂၂) ရက်နေ့က ကြိုး ပမ်းခဲ့ကြပါတယ်။ ဒါဟာ ကမ်းကပ်လာတဲ့ ရာနဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ပင်လယ်ထဲပြန်ပို့ဖို့ ဒေသခံတွေက တပတ်အတွင်း တတိယအကြိမ်မြောက် ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။ ရိုဟင်ဂျာ တွေ ကတော့ သူတို့ ပင်လယ်ထဲမှာ ၁၅ ရက်လောက် ဒုက္ခခံနေခဲ့ရလို့ သူတို့ကို ခိုလှုံခွင့်ပေးဖို့ အင်ဒိုနီးရှား တာဝန်ရှိသူတွေနဲ့ ဒေသခံတွေကို အသနားခံ တောင်းဆိုထားပါတယ်။ ထွက်ပြေး ရောက်ရှိလာသူ တွေ ရဲ့အဆိုရ သူတို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်

စခန်းအသီးသီးက ထွက်ပြေးလာသူတွေ ဖြစ်ပြီး အများစုက ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းဖြစ်တဲ့ ကုတုပလောင် (Kutupalong) က ဖြစ်ကြောင်း အေအက်ဖ်ပီ သတင်းကို ပြောပါတယ်။

လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်ရဲ့ ထုတ်ပြန်ချက်မှာတော့ “ရိုဟင်ဂျာဒုက္ခ သည် တွေရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့အင်ဒိုနီးရှားအာဏာပိုင်တွေကိုလူသားချင်းစာနာထောက် ထားမှုဆိုင်ရာ အေဂျင်စီတွေနဲ့ ဆက်လက် လက်တွဲလုပ်ဆောင်ဖို့ တိုက်တွန်းထားပြီး အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် ဒုက္ခသည်တွေကို လူကုန်ကူးမှု အန္တရာယ် မကျအောင် အကာအကွယ် ပေး ဖို့ တောင်းဆိုထားပါတယ်။

Link :Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */