’’မြန်မာနိုင်ငံသမိုင်း’’ စာအုပ်၊ စာမျက်နှာ(၄၇)တွင် ’’ဘင်္ဂလားသားများက ရခိုင်လူမျိုးတို့အပေါ် မဂ် (Mag)သို့မဟုတ် မေ့ဂျ်(Mage) ဟူသော ဝေါဟာရ’’ခေါင်းစဉ်အောက်၌ ဆာအာသာဖယ်ယာက အောက်ပါ အတိုင်းတင်ပြထားပါသည်။
မွန်ဂိုလွိုင်အနွယ်ဝင် ရခိုင်သားတို့သည် ဤအသုံးအနှုန်းကိုမသိကြပါ။ ဤအသုံးအနှုံးမှာ ဘင်္ဂလား သားတို့က ရခိုင်သား တို့အားပေးထားသော အမည်ဝေါဟာရဖြစ်သည်။ စစ်တကောင်းခရိုင်အတွင်း အများအ ပြားနေ ထိုင်ကြပြီး မိမိတို့ကိုယ်ကို ’’ရာဂျ်ဘန်စီ’’ဟုခေါ်သော သူတို့အားလည်း ဘင်္ဂလားသားတို့က ဤအမည်ဖြင့် ပင် ခေါ်ဝေါ်သုံးစွဲကြပါသည်။
မိမိတို့သည် ရခိုင်မင်းဆက်တစ်ခုနှင့် လူမျိုးချင်း အတူတူပင်ဖြစ် သောကြောင့် ဤအမည်ကိုခံယူခြင်းဖြစ်သည်ဟု ရာဂျ်ဘန်စီတို့က ဆိုပါသည်။ သူတို့သည်ဗုဒ္ဓဘာသာကိုး ကွယ်သူများဖြစ်ကြသည်။ စစ်တကောင်းဒေသိယ စကားကိုသုံးသော ဘင်္ဂလီဘာသာစကားပြောဆိုကြပါ သည်။ ထူးခြားသောမျက်နှာပေါက်ရှိသော်လည်း မွန်ဂိုလီယန် များမဟုတ်ကြပါ။
ဤစစ်တကောင်းခရိုင်ရှိ ရာဂျ်ဘန်စီဦးရေမှာ ၁၈၇ဝ-၇၁နှစ်သန်ခေါင်စာရင်းအရ ၁ဝ၈၂၅ ဦးဖြစ်ပါသည်။ (’ဟန်းတား’ ရေး ’ဘင်္ဂလား’၊ အတွဲ ၆၊ စာ ၂၅ဝ)။ စစ်တွေခရိုင်တွင် အနည်းအကျဉ်းတွေ့ရှိရပါသည်။ ဤသူ တို့သည် သွေးနှောလူမျိုးတစ် စုဖြစ်သည်။ ၁၇ ရာစုအတွင်း ရခိုင်ဘုရင်များ စစ်တကောင်းကို သိမ်းပိုက် အုပ်စိုးကြသောအခါ ဘင်္ဂလီအမျိုး သမီးများအား မိဖုရားမြှောက်ကြခြင်းဖြင့် ဤသို့ ဆင်းသက်ပေါက်ဖွား လာခြင်းဖြစ်မည်ဟု ယခင်က ကျွန်ုပ်ယူ ဆခဲ့ပါသည်။
နောက်ထပ်လေ့လာဆင်ခြင်ကြည့်သောအခါ ယခင်ကနှင့် ကွဲပြားခြားနားသော နိဂုံးချုပ်ချက် တစ်ခုကို ရရှိလာခဲ့ ပါသည်။ သီးခြားကိုယ်ပိုင်ဟန်ရှိသော ရာဂျ်ဘန်စီတို့သည် မာဂဒါမှ ရခိုင်ပြည်တွင်းသို့ ပြောင်းရွှေ့ဝင်ရောက် လာသူများထံမှ ဆင်းသက်လာသူများဖြစ်ပေမည်။ ဘင်္ဂလီများက ခေါ်ဝေါ်သော အမည်မှာ လည်း သူတို့ဆင်းသက်လာသော လူမျိုး၊ သူတို့ထွက်ခွာလာခဲ့သည့်တိုင်းပြည်ကိုအစွဲပြု၍ မှည့်ခေါ် ခြင်းဖြစ်မည်ဟု ယခုအချိန်တွင် ကျွန်ုပ်ယူဆထားပါသည်။
ရခိုင်ပြည်တွင်စိုးစံခဲ့သော နိုင်ငံခြားမင်းဆက်တစ် ခုသည် ဘီဟာနယ်တောင်ပိုင်းမှဖြစ်သည်မှာ သေချာ သလောက်ဖြစ် ပါသည်။ လူမျိုးခြားတို့ မင်းပြုခဲ့ သည့်အဖြစ်ကို ယခုခေတ်တွင် သိပ်ပြီးခံတွင်းမတွေ့ကြစေကာမူ ရခိုင်ရာဇဝင်ဆရာတို့က ဤအချက်မှန်ကန် ကြောင်း ဖော်ထုပ်ပြဆိုခဲ့ကြပြီးဖြစ်သည်။ ဘီဟာနယ်တောင်ပိုင်း၌ ယခင်အုပ်စိုးခဲ့သော မင်းသားများ၌ ’မဂ္ဂါ (Maga)’ဟူသောလူမျိုးအမည်ရှိကြသည်ဆိုခြင်းမှာ မငြင်းနိုင်သော အချက်တစ်ခုပင်ဖြစ်ပါသည်။
ဒေါက်တာ ဖရန်စစ်ဘူချာနန်၏ သုတေသနပြုချက်၊ ဒေါက်တာဒဗလျူ၊ ဒဗလျူ၊ ဟန်းတား၏နောက်ပိုင်း လေ့လာတွေ့ရှိ ချက်တို့ကယခုခေတ်ပတ္တနာခရိုင်အတွင်းရှိ ရာဇဂြိဟ်တွင် မဂဒါမင်းများ အုပ်စိုးခဲ့ကြကြောင်း ပြသထားပါ သည်။ ဤမင်းများသည် ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပါသည်။ ဤလူမျိုးထဲမှမင်းဆက်တစ်ခု ရခိုင်ပြည်ကိုအုပ် စိုးခဲ့သည်ဟူသော အဆိုမှန်ကန်ကြောင်း မှတ်ယူနိုင်ပါသည်။
ဤမျိုးနွယ်စုအကြွင်းကျန်တို့က နောက်ပိုင်း ကာလများတွင် ရာဂျ်ဘန်စီဟူသောအမည်ကို ခံယူခဲ့ကြသည့် ရည်ရွယ် ချက်မှာ သူတို့သည် ရခိုင်မင်းများနှင့် မျိုးနွယ်တစ်ခုတည်းဖြစ်သည့်အနေဖြင့် သူတို့၏အရေးပါမှုကို ခိုင်မာစေလိုခြင်းပင်ဖြစ်ပါသည်။ ဤဝေါဟာရ ကို ရန်ဂပူခရိုင်နေ’’ချန္ဒလာ(စန္ဒလ)မျာနှင့် အခြားသော ဇာတ်နိမ့် တို့ကလည်း ခံယူသုံးစွဲဖူးကြပါသည်။ ယခုဆွေနွေးနေသောလူမျိုးထဲတွင် သူတို့လည်းပါဝင်သည်ဟူ၍ ခိုင်ခိုင် လုံလုံမတင်ပြနိုင်ပါ။
မွန်ဂိုလွိုင်အ နွယ်ဖြစ်သော ရခိုင်ပြည်သူလူထုတစရပ်လုံးကို ’’မဂ္ဂါ’’ ဟူသောအမည်ဖြင့် ခေါ်ဝေါ်နိုင်ခြင်း ဆိုသည် မှာ မျိုးနွယ်ဗေဒအမှားတစ်ရပ်ဖြစ်ပါသည်။ ဤအမှားသည် ဥရောပသား စာရေးသူများအကြား အရှုပ်အထွေးဖြစ် ပေါ်စေခဲ့ပါသည်။ သို့ရာတွင်ဘီဟာနယ်မှ ရွှေ့ပြောင်းနေထိုင်လာကြသည်ဟူသော အမှန်တရားကမှု ဤအမှား ကြောင့် မှေးမှိန်ပျောက်ကွယ်သွားခြင်းမရှိပါ။
အထက်ပါအကြောင်းအရာတို့သည် လက်ခံယုံကြည်နိုင်လောက်သော ဆွေးနွေးတင်ပြနိုင်ချများဖြစ် ဟန်မရှိ သော်လည်း ၁၈၈၃ ခုနှစ်ကတည်းကပင်မည်သူကမျှ တုံ့ပြန်ဆွေးနွေးမှု မပြုလုပ်ကြပါ။
အထပ်ဖော်ပြပါ စာတမ်းကို ပုံနှိပ်ထုပ်ဝေသည့် ၁၈၃ ခုနှစ်မှစ၍ ယနေ့ထိတိုင် ဤစာတမ်းပါအချက် အလက် တို့သည် ပြန်လည်ဝေဖန်ဆန်းဆွေးနွေးမည့်သူမရှိဘဲ ရပ်တည်နေနိုင်ခဲ့ပါသည် ။ နောက်ပိုင်း သုတေသန ပြုချက်များ၊ လေ့လာစုံစမ်းချက်များမှ ရရှိလာသောအချက်အလက်များက စာတမ်းပါအချက်အလက်အားလုံးကို ငြင်းဆိုပယ်ချလိုက်ပါသည် ။ “ မောဂ် ” သို့မဟုတ် “ မဂ္ဂါ ” ဟူသောဝေါဟာရသည် ဖယ်ယာပြောသကဲ့သို့ တောင်ပိုင်းဘီဟာနယ်မှလာသည်ဟု ယူဆကြသော မဂ္ဂါလူမျိုးတို့နှင့်တစ်စုံတရာ ဆက်စပ်မှုမရှိပါ ။
ရှီဟာဘူဒင် လာလစ်ရှ်၏ ခေတ်ပြိုင်ပါရှန်မှတ်တမ်း ၊ ဘိုဒလီယန်းလက်ရေးစာမူ ၊ စာမျက်နှာ ၅၈၉ တွင် အတိအကျ ဖော်ပြ ထားသည်မှာ “ မောဂ် ” သည် “ မူဟာမိလ်အီ-ဆဂ် ” ဟူသော စကား၏အတိုကောက်ဖြစ်ပြီး ‘ စက်ဆုတ်ဖွယ် ကောင်းသောခွေး ’ ဟု အဓိပ္ပါယ်ဆောင်သည်ဟုဆိုပါသည် ။ ဘင်္ဂလား အရှေ့ပိုင်း တွင်နေ ထိုင်လျက်ရှိပြီး ပင်လယ်ဓားပြလုပ်ငန်းနှင့် အခြားသော ဒုစရိုက်လုပ်ငန်းတို့ဖြင့် ခေတ်ပြိုင် မိုဟာမေဒင်တို့အား အရှက်တကွဲ ဖြစ်စေခဲ့သော ဂုဏ်သိက္ခာညှိုးနွမ်းစေခဲ့သော ရခိုင်လူမျိုးတို့အပေါ် သိက္ခာ ချခေါ်ဝေါ်သောဝေါဟာ ရဖြစ်ပါသည်။ (မဂိုအိန္ဒိယလေ့လာချက် ၊ ဆာကား ၊ စာ ၁၁၈ ) ။
ဤယူဆချက်ကိုထောက်ခံသည့် အခြေအနေများစွာရှိသဖြင့် အထက်ပါရှင်းလင်းချက်၏ မှန်ကန်မှုကို အနည်းငယ်မျှ သံသယဖြစ်စရာမရှိပါ ။ ‘ မောဂ် ’ ဟူသော ဝေါဟာရ၏ တည်ရှိမှုကိုအသိအမှတ်ပြုကြသော်လည်း မည်သည့်ရခိုင်တစ်ဦး၊ မည်သည့်ရာဂျ်ဘန်စီတစ်ဦးကမျှ မိမိကိုယ် မိမိ မောဂ်ဟူ၍ ပြောလည်းမပြော ၊ ရေးလည်းမရေးကြပါ ။ အပြောရော အရေးပါ နှစ်ခုစလုံး၌ ဤဝေါဟာရကို သုံးစွဲ နေကြသူများမှာ မိုဟာမေဒင်တို့သာ ဖြစ်ပါသည် ။ ဤဝေါဟာရကို ပထမဆုံးသုံးစွဲသောကာလမှာ ၁၆ ရာစုအဆုံး သို့မဟုတ် ၁၇ ရာစုအစပိုင်း ဖြစ်ဖွယ်ရှိပါသည် ။
ထိုထက်စောသော မည်သည့်မှတ်တမ်း၌မျှ ဤဝေါဟာရကို ခြေရာခံ၍ မရပါ ။ နောက်ဆုံးအနေဖြင့်တင်ပြရလျှင် ‘ မောဂ် ’ ဟူသောဝေါဟာရတည်လာအောင် အဓိက လှုံ့ဆော်ပေးသောအရာမှာ စစ်တကောင်းပင်လယ်ဓားပြ၏ အရှေ့ ဘင်္ဂလား မြစ်ဝကျွန်းပေါ်ဒေသတစ်ခွင် လှုပ်ရှားမှုများဖြစ်ပါလိမ့်မည် ။ ထိုခေတ် မိုဟာမေဒင် စာရေးဆရာများသည် ပင်လယ်ဓားပြတို့ကျူးလွန်သော ဒုစရိုက်လုပ်ငန်းများကို ဖတ်ချင်စဖွယ်လည်းဖြစ် ၊ ယုံကြည်အားထား၍လည်းရနိုင်လောက်အောင် စာပေဖြင့် မှတ်တမ်းတင် ထားခဲ့ကြပါသည် ။
ဤပင်လယ်ဓားပြတို့ ( ပေါ်တူဂီနှင့် ရခိုင်လူမျိုးများ) ၏ ဖျက်ဆီးမှုများ မည်မျှ အကွက်စိပ်သလဲဆိုလျှင် စစ်တကောင်း မှသည် ဒက္ကာအထိ မြစ်ကမ်းဝဲယာရှိ အိမ်တစ်အိမ်မှမလွတ်ဟုဆိုပါသည်။ ပင်လယ်ဓားပြတို့သည် ဟိန္ဒူနှင့်မူဆလင်တို့အား ဇာတ်နိမ့်ဇာတ်မြင့်မရွေး ၊ ယောကျ်ားမိန်းမမရှောင် သိမ်းကျူံး လျက် လက်ဝါး ကိုဖောက်၍ ကြိမ်နှင့်တွဲသီကာ ဖမ်းဆီးယူသွားကြပါသည် ။ ပေါ်တူဂီတို့လက်အောက်သို့ ရောက်ရှိသွားသူများမှာ ဈေးတင်အရောင်းခ့ကြရပါသည် ။ ရခိုင်တို့ကမူ ဖမ်းမိသူတို့အား ရခိုင်ပြည် လယ်ယာ လုပ်ငန်း၌ ခိုင်းစေရန် ခေါ်ယူသွားကြပါသည် ။
နာမည်ကြီးပင်လယ်ဓားပြ ဒီလားလ်ခန်၏ စွန့်စားခန်းတို့ကို ဆင်းဒဝစ်ကျွန်းတွင် ယနေ့အထိ အမှတ်တရ ရှိနေကြဆဲ ။ သူ့အကြောင်းကို ပုံပြင်သဖွယ် ပြောဆိုနေကြဆဲ ဖြစ်ပါသည် ။ ဒီလားလ်ခန်သည် ပင်လယ်ဓားပြ လုပ်ငန်းတွင် သူမတူအောင် ကျွမ်းကျင်လိမ်မာသူဖြစ်ပါသည် ။ တောပုန်းကြီး ရော်လင်ဟုသ်ကဲ့သို့ပင် သူသည် ဆင်းရဲသားများအား အကူအညီပေးပါသည် ။ အကာအကွယ် ပေးသည် ။ လူချမ်းသာကိုသာ တိုက်ခိုက်လုယက် သူဖြစ်ပါသည် ။
( ဘင်္ဂလားရောက် ပေါ်တူဂီသမိုင်း ။ ကမ်ပေါ့စ် ၊ စာ – ၁၅၇ ။ ဂျေ- အီး-ဝက်ဘ်စတာ၏ နိုဝါခါလီဂေဇက်တီးယား ၊ စာ ၁၉ နှင့် ၂၀ လည်းရှု ) ။ ( စတီးဝပ် ၏ ဘင်္ဂလားသမိုင်း ၊ စာ – ၃၆၂ လည်းရှု ) ။ အက္ကဘာ ဘုရင် လက်ထက်မှစ၍ ဘင်္ဂလားပင်လယ်ဓားပြ လုပ်ငန်း သည် ရိုးရိုးရှိစဉ်လုပ်ငန်းတစ်ရပ်ဖြစ်ခဲ့ပါသည် ။ အေဒီ ၁၆၆၆ ခုနှစ် ၊ ဇန္နဝါရီလ ၊ ရှားအီစတာခန် လက်ထက်ကျမှ ပင်လယ်ဓားပြလုပ်ငန်း နိဂုံးချုပ်သွားခြင်းဖြစ်ပါသည် ။
သို့ဖြစ်ရာ အရှေ့ဘင်္ဂလားသားများအနေဖြင့် မိမိတို့၏ အိုးအိမ်စည်းစိမ်ဥစ္စာတို့ကို ဖျက်ဆီးလုယက်ခဲ့ကြသော ရခိုင်သား တို့အား မုန်းတီးခြင်းမှာ လျော်ကန် သင့်မြတ် သည်ဟု မှတ်ယူနိုင်ပါသည် ။ ရခိုင်သားတို့အား ‘ မောဂ် ’ ဟုခေါ်ဝေါ်ကြခြင်းမှာလည်း သူတို့၏ အခဲမကျေနိုင် သော ရန်သူများအပေါ်ထားရှိသည့် ပြင်းပြသော အမုန်း တရားများကို ဖော်ပြချက်သက်သက်သာဖြစ်ပါသည် ။
စံရွှေဘု
ရခိုင်ပြည်ဆိုင်ရာ ဂုဏ်ထူးဆောင်ရှေးဟောင်းသုတေသနအရာရှိ
( Report of Honorary Archaeological Officer , Arakan .
( For the Year Ending 31 st March , 1992)
Note: မျတ်ချက်။ ။ ရခိုင်ပြည်အုပ်ချင်ရေးမှူး Robinson နှင့် Mr Patonတို့၏ အစီရင်ခံစာများတွင် ရခိုင် ကိုမောဂ် ဟု သုံးစွဲထားပြီး ကုလါး ကို အာရကန်မွတ်စလင်လို့လို့သုံးစွဲခဲ့ရတဲ့အကြောင်းကို ရှင်းလင်း တင်ပြ ထားခြင်း မရှိပေ။
No comments:
Post a Comment