Tuesday, February 17, 2026

တောင်တွင်းကြီးအကြမ်းဖက်မှုမဖြစ်ခင် ဦးဝီရသူပြောတဲ့ အမုန်းစကားများ

Myanmar Muslim Media
ဟိန်းအောင်
စက်တင်ဘာ ၁၁၊ ၂၀၁၇


ရခိုင်ကိစ္စဟာ မြန်မာတွေနဲ့ အစ္စလာမ်တွေဖြစ်တဲ့ပြဿနာလို့လှုံ့ဆော်ပြီး ရိုဟင်ဂျာတွေကို ဖင်နဲ့ထမင်းစားတဲ့သတ္တဝါတွေလို့ ဆဲဆိုလိုက်တဲ့ ဝီရသူ


ကရင်ပြည်နယ် ဖားအံြမို့မှာ ခွင့်ပြုချက်မဲ့ကျင်းပခဲ့တဲ့ ဟောပြောပွဲမှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ဦးဝီရသူက အစ္စလာမ်ဘာသာဝင်တွေဟာ လူဦးရေနဲ့ နယ်ချဲ့ပြီး အကြမ်းဖက်နေတဲ့သူတွေဖြစ်ကြောင်းနဲ့ ကျားကိုအစာမကျွေးအပ်သလို ကုလားကိုလည်းနေရာမပေးအပ်ဘူးလို့ဟောပြောလိုက်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ကုလသမ္မလူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီကို နိုင်ငံကိုရောင်းစားသွားတဲ့ ဖာသည်မဟုထပ်မံသုံးနှုန်းခဲ့ပြီး ရိုဟင်ဂျာတွေကိုလည်းတိရစ္ဆာန်တွေအဖြစ်ခိုင်းနှိုင်းပုတ်ခတ်ခဲ့ပါတယ်။


ဦးဝီရသူရဲ့ ကြမ်းတမ်းရိုင်းစိုင်းတဲ့ ဟောပြောချက်အချို့ကို Myanmar Muslim Media ကစုစည်းတင်ဆက်ပေးလိုက်ပါတယ်။


ကရင်ပြည်နယ် မဘသက ဦးစီးကျင်းပသည့် အထက်ပါအခမ်းအနားကို တောင်ကလေးနှစ်သစ်ကူးကွင်း ( တောင်ကလေး - ဘားအံမြို့ )တွင် စက်တင်ဘာလ ၁၀ ရက်နေ့နေ့လည် ၂ နာရီတွင်ကျင်းပခဲ့ပြီး ယင်းနေ့ညတွင်ပင် တောင်တွင်းကြီးမြို့ တွင် အစ္စလာမ်ဘာသာဝင်များကို လူစုလူဝေးဖြင့် အကြမ်းဖက်တိုက်ခိုက်မှုတစ်ရပ် ည ၇နာရီ ၄၅ မိနစ်အချိန်တွင်ဖြစ်ပွားခဲ့ပါတယ်။


ရုပ်သံရိုက်ကူး ၊ မြင့်ဇော်
See less

 

Link: Here 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */