Thursday, September 4, 2014

စစ်တွေမြို့ရှိ ဒုက္ခသည် စခန်းများကို အိုအိုင်စီ အထူး ကိုယ်စားလှယ် သွားရောက် လေ့လာ

မဇ္စျိမ 
Thursday, September 4, 2014 - 12:24

 အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (OIC) ၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ် မလေးရှား နိုင်ငံသား တန်စရီ ဆာယိဟာမစ် အယ်ဘာ (Tan Sri Syed Hamid Albar) သည် ရခိုင်ပြည်နယ် စစ်တွေ မြို့သို့ စက်တင်ဘာ ၃ ရက် နေ့လယ်က ရောက်ရှိ ခဲ့ပြီး၊ စစ်တွေမြို့ရှိ မြို့မိ မြို့ဖများ၊ ရခိုင် ဒုက္ခသည် များနှင့် တွေ့ဆုံ ခဲ့သည်။ ထို့အပြင် စစ်တွေ မြို့နယ်၊ သက္ကယ်ပြင် ဘင်္ဂါလီ ဒုက္ခသည် စခန်းသို့လည်း သွားရောက် ခဲ့သည်။

စစ်တွေမြို့ရှိ မြို့မိမြို့ဖများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့မှုနှင့် ပတ်သက်၍ “၁၉၈၂ နိုင်ငံသား ဖြစ်ခွင့်အရ စိစစ်ပြီးမှ နိုင်ငံ သား ဖြစ်ခွင့် ရှိသူတွေနဲ့ ရခိုင် တိုင်းရင်းသားတွေ အတွက်သာ အိုအိုင်စီက ကူညီမယ် ဆိုရင် ကျွန်တော်တို့ဘက်က ချင့်ချင့်ချိန်ချိန် စဉ်းစားပေးမယ်၊ ဒီဘက်က ပြောလိုက်တယ်”ဟု စစ်တွေ ဒေသခံ တစ်ဦး ဖြစ်သူ ဦးသန်းထွန်းက မဇ္ဈိမကို ပြောသည်။

အိုအိုင်စီ အထူး ကိုယ်စားလှယ်က မှတ်ချက် တစ်စုံတစ်ရာ ပြောကြားခြင်း မရှိဘဲ အလွတ်သဘော တွေ့ဆုံ ခြင်းဖြစ်ကာ ရခိုင်တိုင်းရင်းသားများ၏ တင်ပြချက် များကိုသာ နားထောင်ခဲ့သည်ဟု ၎င်းက ပြောသည်။

အိုအိုင်စီက မြန်မာနိုင်ငံတွင် လာရောက် ရုံးခွဲဖွင့်လှစ်မည် ဟူသော သတင်းများကြောင့် ၂၀၁၂ ခုနှစ်က စစ်တွေ၊ ရန်ကုန်နှင့် မန္တလေးမြို့များတွင် ဒေသခံများက ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်။

အိုအိုင်စီ အဖွဲ့သည် ရခိုင်ပြည်နယ်သို့ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာ အတွင်းက မြန်မာ အစိုးရ၏ ဖိတ်ခေါ်မှုဖြင့် လာရောက် ခဲ့ပြီး စစ်တွေမြို့နှင့် မောင်တော မြို့များသို့ သွား ရောက်ခဲ့သည်။

၎င်းသည် မလေးရှား နိုင်ငံခြားရေး ၀န်ကြီးဟောင်း ဖြစ်ပြီး ၂၀၁၄ ခုနှစ်၊ မေလက အိုအိုင်စီ၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခြင်း ခံရသည်။ တန်စရီဆာယိ ဟာမစ် အယ်ဘာသည် စစ်တွေမြို့မှ စက် တင်ဘာ ၄ ရက်တွင် ပြန်လည် ထွက်ခွာမည် ဖြစ်သည်။

 Link : Here 





No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */