Sunday, October 12, 2025

ကုလအဆင့်မြင့်ညီလာခံအလွန် ရိုဟင်ဂျာအရေး ဘယ်ကို ဦးတည်နေလဲ

BBC News မြန်မာ
11 Oct 2025

 

ရိုဟင်ဂျာတွေနဲ့ တခြား လူနည်းစုများ အရေး အဆင့်မြင့် ညီလာခံတစ်ရပ်၊ နယူးယောက်မြို့ ကုလသမဂ္ဂ ရုံးချုပ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ အကုန်တုန်းက ကျင်းပခဲ့ပါတယ်။ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ လက်ရှိ ဥက္ကဋ္ဌ၊ ဂျာမနီ နိုင်ငံခြားရေး ဝန်ကြီးဟောင်း အဲနားလီးနား ဘဲရ်ဘော့ခ်က ဦးဆောင်ပြီး ကျင်းပခဲ့တာ ဖြစ်ပါတယ်။ 

 အဲဒီ ညီလာခံမှာ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေက ကိုယ်စားလှယ်တွေ အပြင်၊ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ အမြဲ တမ်းကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်တဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ အဆင့်မြင့် ကိုယ်စားလှယ်တွေ၊ ရိုဟင်ဂျာ အသိုင်းအဝိုင်းကို ကိုယ်စားပြုကြသူတွေ စသဖြင့် အတော်လေး စုံစုံညီညီ စုဝေးခဲ့ကြပါတယ်။ 

ညီလာခံမှာ ဘယ်အကြောင်းအရာတွေ အပေါ် အာရုံစိုက်ခဲ့ကြလဲ ... တိကျတဲ့ ရလာဒ် အဖြေမျိုး ရှိခဲ့လား ဒီတစ်ပတ်သတင်းမြင်ကွင်း အစီအစဥ်မှာ ဆွေးနွေးထားပါတယ်။ 

ပါဝင် ဆွေးနွေးကြသူတွေကတော့ ညီလာခံမှာ အဓိက စကားပြောခဲ့သူ တစ်ယောက်ဖြစ်တဲ့ “ငြိမ်းချမ်းရေးနဲ့ တရားမျှတရေး အတွက် ဒုက္ခသည် အမျိုးသမီးများ” “Refugee Women for Peace and Justice – RWPJ” ကို ထူထောင်ပြီး ဦးဆောင်လှုပ်ရှားနေတဲ့ ရိုဟင်ဂျာ လူငယ် အမျိုးသမီး လပ်ကီး ကာရီးမ် Lucky Karim နဲ့ နိုင်ငံတကာ ပဋိပက္ခတွေကို ဖြေရှင်းနိုင်ရေး အကြံပြုဖို့ ဖွဲ့ထားတဲ့ ဘရပ်စ်ဆဲလ်စ် မြို့ အခြေစိုက် Crisis Group အဖွဲ့က မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ဆိုင်ရာ အကြီးတန်း အကြံပေး သောမတ်စ် ကီးန် တို့ ဖြစ်ပါတယ်။ ဘီဘီစီ သတင်းထောက် ကိုဝေဖြိုး စီစဥ် တင်ဆက်ထားတာကို အောက်တိုဘာလ ၁၁ရက်၊ စနေည မြန်မာစံတော်ချိန် ည ၈ နာရီ အချိန်မှာ ဘီဘီစီမြန်မာပိုင်းရဲ့ ဖေ့စ်ဘုတ် စာမျက်နှာနဲ့၊ ည ၈နာရီခွဲ အချိန် ဘီဘီစီမြန်မာပိုင်း ယူကျုချန်နယ်တို့ ကနေ ထုတ်လွှင့်သွားမှာမို့ စောင့်မျှော် ကြည့်ရှုနိုင်ကြပါတယ်။ #ဘီဘီစီမြန်မာပိုင်း #သတင်းမြင်ကွင်း

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */