ရခိုင်ပြည်နယ်နေ့ ပေါ်ပေါက်လာပုံ သမိုင်းအကျဉ်း
၁၉၄၈-ခုနှစ် ဇန်နဝါရီ (၄) ရက်နေ့တွင် အင်္ဂလိပ်လက်အောက်မှ မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိခဲ့သည်။ အင်္ဂလိပ်အစိုးရက မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးသောအခါ ရှေးအခါက သီးသန့်တိုင်းပြည်များဖြင့် နေထိုင်ခဲ့သော မွန်၊ ရခိုင်၊ ရှမ်း စသည့်ဒေသအားလုံးကို မြန်မာ နိုင်ငံဆိုတဲ့ အင်ပါယာထဲမှာ အတူတူပေါင်းထည့် လိုက်လေတော့သည်။နောက်ပိုင်းမှာတော့ ကရင်၊ ရှမ်းလူမျိုးတို့ကို ကရင်ပြည်နယ်၊ ရှမ်းပြည်နယ် စသည်ဟု သတ်မှတ် ပေးလိုက်သော်လည်း မွန် နှင့် ရခိုင် တို့ကို မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်ဟု သတ်မှတ်မပေးခဲ့ဘဲ မွန်တိုင်း ရခိုင်တိုင်း ဆိုပြီး ဗမာပြည်၏ လက်အောက်တွင် ၁၉၄၈-ခုနှစ်မှ ၁၉၇၅-ခုနှစ်ထိ ထိန်းချုပ်ထားခဲ့ကြလေသည်။ အကြောင်းပြချက်ကတော့ ဗမာ၊ မွန် နဲ့ ရခိုင်တို့ဟာ စာပေ၊ ယဉ်ကျေးမူ၊ ကိုးကွယ်ရာ ဘာသာလည်းတူသည် ဟူသတည်း။ ဒါကြောင့် ဗမာ၊ မွန်၊ ရခိုင်တို့ဟာ လူမျိုးတူတွေပဲ ဆိုပြီးအကြောင်းပြချက်ပေးခဲ့ကြ လေသည်။
ဦးနုလက်ထက်တွင် ရခိုင်ပြည်နယ်အဖြစ် ပေးရန်ကတိပေးခဲ့သော်လည်း မပေးသဖြင့် ရခိုင်လူမျိုးများ ဖမ်းဆီးနှိပ်စက် ထောင်ကျခံပြီး တောင်းဆိုခဲ့ကြရသည်။
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) အစိုးရတက်လာတဲ့နောက်မှာ အာဏာရ မဆလ အစိုးရ ရေးဆွဲခဲ့သော ၁၉၇၄-ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံအရ ၁၉၇၅-ခုနှစ်မှစ၍ ဒီဇင်ဘာလ ၁၅-ရက်နေ့ ကို ရခိုင်ပြည်နယ်နေ့ အဖြစ် သတ်မှတ်ပေးလိုက်ခြင်းဖြစ်သည်။ ဒါပေမယ့် အနှစ်သာရပြည့်ဝသော ပြည်နယ်တစ်ခုဖြစ်မလာခဲ့ပါ။
ရခိုင်ပြည်နယ်နေ့ ဆိုတဲ့ အမည်တစ်ခုရဖို့အတွက် ရခိုင်နိုင်ငံရေးသမားတွေ ပညာရှင်တွေ မရပ်မနားကြိုးပမ်းခဲ့ကြရသည်။ ကြိုးပမ်းခဲ့ကြရင်းနဲ့ ရခိုင့်နိုင်ငံရေးသမားတချို့လည်း ထောင်နန်းစံဘဝသို့ ရောက်ခဲ့ကြရသည်။ (မဆလ) ခေတ်တစ်လျှောက်လုံးမှာတော့ ရခိုင်ပြည်နယ်နေ့ကို ကျင်းပခွင့်ရခဲ့သည်။ သို့သော်လည်း ၁၉၈၈.ခုနှစ်ရခိုင်နိုင်ငံ ရေးသမားတွေပေါ်ပေါက်ပြီးနောက်ပိုင်းကာလ စစ်အစိုးရလက်ထက်တွင် ရခိုင်ပြည်နယ်နေ့ကျင်းပခွင့်ကို တားဆီးပိတ်ပင်လိုက်ကြတော့သည်။
၂ဝဝဝ-ခုနှစ်နောက်ပိုင်းမှာတော့ မကျယ်မပြန့်နဲ့ အနည်းအကျဉ်း ပြန်လည်ကျင်းပလာခဲ့ကြသည်။ ၂ဝ၁ဝ-ခုနှစ် ရွေးကောက်ပွဲအပြီးတွင် ရခိုင်ပြည်နယ်နေ့ကို ကျယ်ကျယ်ပြန့်ပြန့် ကျင်းပခွင့် ပြုခဲ့ပါသည်။
#မူရင်းရေးသူအားလေးစားလျှက်ပါ။

ရခိုင်ပြည်နယ်အဖြစ်သာမရရှိခဲ့ပါက စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်းတို့ကဲ့သို့ ဗမာလူမျိုးတို့၏ တိုင်း ဒေသကြီးအဖြစ်သာ တည်ရှိနေမှာဖြစ်ပြီး ဗမာလူမျိုးတို့၏လူမျိုးစုငယ်အဖြစ်သာ သတ်မှတ်ခြင်းခံရပေမည်။ ရခိုင်ယဉ်ကျေးမှုနှင့် ဗမာယဉ်ကျေးမှုကို ရောသမမွှေပြီး လက်ဝါးကြီးအုပ်ခြင်း ခံရပေလိမ့်မည်။ ရခိုင်ရှေးဟောင်းမြို့ပြနိုင်ငံများသည်လည်း ဗမာလူမျိုးတို့၏ လက်အောက်ခံအဖြစ်သာ တည်ရှိခဲ့သလိုဖော်ပြခြင်းခံရပေမည်။ နောက်ဆုံး ရခိုင်လူမျိုးကိုပါ ဖျောက်ပစ်ခြင်း ခံရပေလိမ့်မည်။
ရခိုင်ပြည်နယ်နေ့ ဆိုတဲ့ အမည်တစ်ခုရဖို့အတွက် ရခိုင်နိုင်ငံရေးသမားတွေ ပညာရှင်တွေ မရပ်မနားကြိုးပမ်းခဲ့ကြရသည်။ ကြိုးပမ်းခဲ့ကြရင်းနဲ့ ရခိုင့်နိုင်ငံရေးသမားတချို့လည်း ထောင်နန်းစံဘဝသို့ ရောက်ခဲ့ကြရသည်။ (မဆလ) ခေတ်တစ်လျှောက်လုံးမှာတော့ ရခိုင်ပြည်နယ်နေ့ကို ကျင်းပခွင့်ရခဲ့သည်။ သို့သော်လည်း ၁၉၈၈.ခုနှစ်ရခိုင်နိုင်ငံ ရေးသမားတွေပေါ်ပေါက်ပြီးနောက်ပိုင်းကာလ စစ်အစိုးရလက်ထက်တွင် ရခိုင်ပြည်နယ်နေ့ကျင်းပခွင့်ကို တားဆီးပိတ်ပင်လိုက်ကြတော့သည်။
၂ဝဝဝ-ခုနှစ်နောက်ပိုင်းမှာတော့ မကျယ်မပြန့်နဲ့ အနည်းအကျဉ်း ပြန်လည်ကျင်းပလာခဲ့ကြသည်။ ၂ဝ၁ဝ-ခုနှစ် ရွေးကောက်ပွဲအပြီးတွင် ရခိုင်ပြည်နယ်နေ့ကို ကျယ်ကျယ်ပြန့်ပြန့် ကျင်းပခွင့် ပြုခဲ့ပါသည်။
#မူရင်းရေးသူအားလေးစားလျှက်ပါ။
No comments:
Post a Comment