RFA
RFA Burmese
2025.03.12
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇား ဒုက္ခသည်စခန်းတွင် နေထိုင်သည့် ရိုဟင်ဂျာကလေးများအား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့က တွေ့ရစဉ်။ Photo: AFP
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ အာဟာရချို့တဲ့မှုကြောင့် အရေးပေါ်ကုသမှုခံယူနေရတဲ့ ကလေးငယ်ဦးရေဟာ ပြီးခဲ့တဲ့နှစ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် အခုနှစ် ဖေဖော်ဝါရီလမှာ ၂၇ ရာခိုင်နှုန်း တိုးလာတယ်လို့ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ပြောလိုက်ပါတယ်။
လက်ရှိမှာ စခန်းအတွင်းက ကလေးငယ် ၁၅ ရာခိုင်နှုန်းကျော်ဟာ အာဟာရချို့တဲ့မှုနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါဟာ ၂၀၁၇ ခုနှစ်ကစလို့ ရိုဟင်ဂျာဒုက္ခသည်တွေ အစုလိုက်အပြုံလိုက်ရွှေ့ပြောင်းခံရပြီးနောက်ပိုင်း အမြင့်ဆုံးအခြေအနေဖြစ်တယ်လို့ UNICEF က ပြောပါတယ်။ ပိုဆိုးလာတဲ့အခြေအနေတွေက ကလေးငယ်တွေကို အသက်အန္တရာယ်ရှိတဲ့ ငတ်မွတ်ခေါင်းပါးမှု ဘေးဆီကို တွန်းပို့နေတယ်လို့ ဆိုပါတယ်။
UNICEF ရဲ့ ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ် Rana Flowers က … “အခုလောလောဆယ်မှာ ရိုဟင်ဂျာမိခင်တွေတောင်းခံတဲ့ ဝန်ဆောင်မှုတွေ၊ ဖျားနာလွန်းတဲ့ ကလေးတွေအတွက် လိုအပ်နေတဲ့ ဝန်ဆောင်မှုတွေကို ပေးနိုင်ပါတယ်။ ဒါပေမဲ့ လိုအပ်ချက်တွေ တိုးလာပြီး ရန်ပုံငွေ ကျဆင်းလာတာကြောင့် တကယ်လို့ နောက်ထပ် ရိက္ခာဖြတ်တောက်ခံရတာတွေ၊ အသက်ကယ် အာဟာရကုသရေးဝန်ဆောင်မှုတွေ ရပ်တန့်သွားမယ်ဆိုရင် မိသားစုတွေက သူတို့ရဲ့ ကလေးတွေ ဘာတွေဖြစ်မလဲဆိုတာကို ကြောက်လန့်နေကြတယ်လို့ ပြောပြကြပါတယ်” လို့ ပြောပါတယ်။
ကလေးငယ်ငါးသိန်းကျော်အပါအဝင် ရိုဟင်ဂျာတစ်သန်းကျော်နေထိုင်တဲ့ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်တွေနေထိုင်ရာ ကော့ဇ်ဘဇားမှာ ဒုက္ခသည်တွေဟာ အာဟာရချို့တဲ့မှုကို အရေးပေါ် အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ မတ်လ ၁၁ ရက်နေ့မှာ UNICEF က ကြေညာခဲ့တာပါ။
ပြီးခဲ့တဲ့နှစ်က UNICEF ဟာ ပြင်းထန်တဲ့ အာဟာရချို့တဲ့မှုကို ခံစားနေရတဲ့ အသက်ငါးနှစ်အောက် ကလေး ၁၂,၀၀၀ နီးပါးကို အသက်ကယ်ကုသပေးခဲ့တယ်လို့ ပြောပါတယ်။
ကုသမှုခံယူခဲ့တဲ့ ကလေးငယ်တွေထဲက ၉၂ ရာခိုင်နှုန်းဟာ ပြန်လည်သက်သာလာခဲ့ပေမဲ့ အရေးပေါ် အကူအညီတွေ ထပ်မရှိဘူးဆိုရင် အသက်အန္တရာယ်ရှိနိုင်တယ်လို့ UNICEF က ပြောပါတယ်။
ဒီနှစ်ထဲမှာ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေက ကလေးငယ် ၁၄,၂၀၀ လောက်ဟာ ဆိုးရွားတဲ့ အာဟာရချို့တဲ့မှုဒဏ်ကို ခံရမယ်လို့ UNICEF က နှစ်စမှာ ခန့်မှန်းထားပါတယ်။
ရိက္ခာလျော့နည်းလာတာ၊ အစားအသောက်တွေ ညံ့ဖျင်းတာအပါအဝင် ရေနဲ့ တခြားကျန်းမာရေး ဝန်ဆောင်မှုတွေကို ထိခိုက်နေတဲ့ အကြောင်းတွေဟာ ဒီအရေအတွက်ကို သိသိသာသာ တိုးလာနိုင်စေတယ်လို့လည်း ထောက်ပြပါတယ်။
ဒီအခြေအနေတွေကြားမှာ ဒုက္ခသည်စခန်းတွေက ကလေးငယ်တွေဟာ အချိန်မီ ထောက်ပံ့ကုသမှုတွေ မရရင် အာဟာရပြည့်ဝတဲ့ သူတို့နဲ့ ရွယ်တူတွေထက် သေဆုံးနိုင်ခြေ ၁၁ ဆ ပိုများနေတယ်လို့ UNICEF က ပြောပါတယ်။
ဆက်နွယ်သောသတင်းများ

- ရိုဟင်ဂျာ ဒုက္ခသည်သစ်တွေ အသိအမှတ်ပြုလက်ခံရေး လူ့အခွင့်အရေးအဖွဲ့တွေ တောင်းဆို
- ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ကုလ ထောက်ပံ့ငွေလျှော့မည်
- မြန်မာ့အကျပ်အတည်းဖြေရှင်းရေး အားလုံးနဲ့ ပူပေါင်းဆောင်ရွက်မယ်လို့ ကုလအကြီးအကဲ ကတိပြု
- ကုလအတွင်းရေးမှူးချုပ် ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို သွားရောက်မည်
- အီတလီအစိုးရက ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာတွေအတွက် ယူရိုသုံးသန်း ထောက်ပံ့
Link : Here
No comments:
Post a Comment