Wednesday, January 8, 2025

ရိုဟင်ဂျာတွေကို ကယ်တင်ဖို့ UNHCR တိုက်တွန်း

RFA
RFA Burmese
2025.01.08

အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ် Kuala Seumilang Alue Bu ကမ်းခြေကို ရောက်ရှိလာသည့် ရိုဟင်ဂျာဒုက္ခသည်များအား ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့က တွေ့ရစဉ်။ Photo: AFP 


ရာနဲ့ချီတဲ့ ရိုဟင်ဂျာတွေရဲ့အသက်ကို ကယ်တင်ရေး ဦးစားပေးလုပ်ဆောင်ဖို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဇန်နဝါရီ ၈ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။

နှစ်သစ်ကူးကာလ ငါးရက်အတွင်းမှာတင် ရာနဲ့ချီတဲ့ ရိုဟင်ဂျာတွေဟာ ဒေသတွင်းနိုင်ငံတွေမှာ ခိုလှုံဖို့ ရောက်ရှိလာတယ်လို့ UNHCR က ပြောထားပါတယ်။

ရိုဟင်ဂျာတွေရဲ့ အသက်ကို ကယ်တင်ရေးဟာ ပထမဦးစားပေး ဖြစ်သင့်တယ်လို့ UNHCR ရဲ့ အာရှ ပစိဖိတ်ဒေသဆိုင်ရာဗျူရို ညွှန်ကြားရေးမှူး Hai Kyung Jun က ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုထားပါတယ်။

လှေစီးပြီးထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေဟာ မလေးရှားနိုင်ငံကို ဇန်နဝါရီ ၃ ရက်နေ့က ၁၉၆ ဦးရောက်ရှိခဲ့သလို အင်ဒိုနီးရှားနိုင်ငံကိုလည်း ဇန်နဝါရီ ၅ ရက်နေ့က ၂၆၄ ဦး ရောက်ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ အဲဒီရိုဟင်ဂျာ ၄၆၀ ဦးထဲက ဆယ်ဦးဟာ လမ်းခရီးမှာ သေဆုံးခဲ့ကြောင်း UNHCR ရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုထားပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ သုံးပတ်ခန့်ကလည်း ရိုဟင်ဂျာ ၁၁၅ ဦးဟာ သီရိလင်္ကာနိုင်ငံကို ရောက်ရှိခဲ့ပြီး အဲဒီထဲက ခြောက်ဦးဟာ လမ်းခရီးမှာ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ရိုက်တာသတင်းတစ်ပုဒ်မှာတော့ မလေးရှားနိုင်ငံ လန်ကာဝီကျွန်းအနီးကို ရောက်လာတဲ့ လူ သုံးရာ ဝန်းကျင်ပါတဲ့ စက်လှေနှစ်စင်းကို မလေးရှား ရေပိုင်နက်ထဲကနေ ဇန်နဝါရီ ၅ ရက်နေ့မှာ ပြန်မောင်းထုတ်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းသူတွေကို တင်ဆောင်လာတဲ့လှေတွေကို ရှာဖွေဖို့ မလေးရှားရေကြောင်းထိန်းသိမ်းရေး အေဂျင်စီ (MMEA) က ကင်းလှည့်တာတွေ အရှိန်အဟုန်မြှင့် လုပ်ဆောင်ခဲ့တယ်လို့ MMEA ညွှန်ကြားရေးမှူးချုပ် Mohd Rosli Abdullah ပြောထားပါတယ်။

ဒီလိုသတင်းထွက်ပေါ်ပြီးနောက်မှာ UNHCR က ရိုဟင်ဂျာတွေရဲ့ အသက်ကို ကယ်တင်ရေး ဦးစားပေးလုပ်ဆောင်ဖို့ တိုက်တွန်းချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဆက်နွယ်သောသတင်းများ  
 
Link : Here 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */