Thursday, December 26, 2024

ARSA တပ်ဖွဲ့ဝင်များမှ ကြိမ်ချောင်းနှင့် တောင်ပြိုအကြားတွင် ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ကားပေါ်တွင်ပါလာသော စေတနာ့ဝန်ထမ်း၊ စျေးဝယ်အမျိုးသမီး စုစုပေါင်း (၁၆) ဦးထဲမှ ၁ ဦးသေ၊ အများအပြား ဒဏ်ရာရ

ARAKAN ARM
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၆) ရက် 

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၄) ရက်နေ့၊ ညနေ (၄) နာရီ (၄၀) မိနစ်အချိန်တွင် အာရက္ခပြည်၊ မောင်တောမြို့၊ ကြိမ်ချောင်းမှ တောင်ပြိုသို့ ဈေးသွားဝယ်သော အရပ်ဘက် ခရီးသည်ကားတစ်စီးအား အင် အား (၂၅) ဦးခန့်ပါ ARSA တပ်ဖွဲ့ဝင်များမှ ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ကားပေါ်တွင်ပါလာသော စေတနာ့ဝန်ထမ်း အမျိုးသမီး၊ စျေးဝယ်အမျိုးသမီး စုစုပေါင်း (၁၆) ဦးထဲမှ တစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသောသူများကို မိမိတို့မှ ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိသည်။

အရပ်ဘက် ပြည်သူလူထုများအား အကြမ်းဖက်တိုက်ခိုက်ခဲ့သော ARSA အကြမ်းဖက်အဖွဲ့အား အာရက္ခ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဒုတိယနေ့အဖြစ် လိုက်လံရှာဖွေလျက်ရှိသည်။


သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */