Thursday, December 26, 2024

မောင်တောမြို့နယ်ကို ပြန်လည်သိမ်းပိုက်မည်ဟု ကြွေးကြော်ထားတဲ့ ANDF မွတ်ဆလင် လက်နက်ကိုင်အဖွဲ့သစ်၏ ခေါင်းဆောင်တွေက ဘယ်သူတွေလဲ

ကိုမင်း /မောင်တော
၁၄ ဒီဇင်ဘာ ၂၀၂၄


AA ထံ စစ်သုံ့ပန်းအဖြစ် အဖမ်းခံထားရတဲ့ ဗိုလ်မှူးချုပ်သူရိန်ထွန်း)နဲ့ ဘယ်လိုဆက်စပ်နေသလဲ


မောင်တောမြို့နယ်တစ်ခုလုံးကို အာရက္ခတပ်တော် AA က သိမ်းယူလိုက်ပြီး များမကြာခင်ရက်ပိုင်းအတွင်း Arkan National Defence Force ( ANDF )ဟု အမည်ခံထားတဲ့ မွတ်ဆလင်လက် နက် ကိုင်အသစ်တစ်ဖွဲ့ ထပ်မံ၍ ထွက်ပေါ်လာသည်ကိုတွေ့ရသည်။

 

အဆိုပါအသစ်ဖွဲ့စည်းခဲ့တဲ့မွတ်ဆလင်လက်နက်ကိုင် ( ANDF )အဖွဲ့ကို RPF ကလူဟောင်းအချို့နှင့်ARA/ RSO က လူအချို့တို့ ပြီးခဲ့တဲ့ ၂၀၂၄ ခု သြဂုတ်လ နောက်ဆုံးအပတ်မှာ စတင်ဖွဲ့စည်းခဲ့တယ်လို့ စုံစမ်းသိရသည်။

ဒီအဖွဲ့၏ ထိပ်ပိုင်းခေါင်းဆောင်တွေဟာ ဘင်္ဂလားဒေ့ရ်ှအာဏာပိုင်၏ လုပ်ပိုင်ခွင့်တချို့ကိုလည်း ရရှိထားတယ်လို့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းရှိမွတ်ဆလင်အသိုင်းအဝိုင်းတွေကြားမှာ ပြောဆိုသံတွေကိုလည်းကြားရသည်။

Arkan National Defence Force (ANDF ) ဒီအဖွဲ့၏ နေရာအလိုက်တာဝန်ခံပုဂ္ဂိုလ်များမှာအောက်ပါအတိုင်းစုံစမ်းသိရသည်။

ဘင်္ဂလားဒေ့ရ်ှအစိုးရနှင့် စေ့စပ်ညှိနှိုင်းရေး နှင့် ပါတီဦးဆောင်ရေးတာဝန်ခံ လူပုဂ္ဂိုလ် ၄ ဦးပါဝင်ပြီး (၁)Dr.ဦးယူနုစ် (၂ )Hf.ဆော်ဒုလ်အာမိန့် ( ၃ )MV.ဒိလ်မာမတ် ( ၄ ) ဦးယူနုစ် သမက် ဖြစ်ကြောင်းသိရသည်။

ရန်ပုံငွေရှာဖွယ်ရေးတာဝန်ခံ ၃ ဦးပါရှိပြီး / ( ၁ )အာဘူဆီးဒိချအာရမာနီ (၂ )Hf.ဆော်လာ(၃)Hf.ဆုလ်တာန် တို့ဖြစ်သည်။

စစ်ကောင်စီနှင့် ညှိနှိုင်းရေးတာဝန်ခံ( ၁ )ဒိလ်မာမတ် (မောင်တောမြောက်ပိုင်းနှင့် မောင်တောမြို့ ( ၂ )စိုးနိုင် ( ခေါ်) အာလီဂျူဟာရ် (၄ )စိုးမြင့် ဖြစ်တို့ဖြစ်သည်။

လက်နက်ကိုင်တပ်ဖွဲ့ဝင်များအတွက် ဦးဆောင်တာဝန်ခံ( ၁)မိုဖိဇ် ( ၂ ) အာဗ်ဒုလ်ဟာဘဲစ် ( ၃ ) အဒူဟာလိမ် ( ခေါ်) ကေဖာယောတ်အုလ္လာ(ARA) ( ၄ )Hf.ဆိုက်ဖုလ် ဖြစ်သည်။

ဒုက္ခသည်စခန်း ( Camps )အုပ်ချုပ်ရေး တာဝန်ခံဦးအေကေရာမ်နှင့် လူအချို့ပါဝင်နေသေးကြောင်းသိရသည်။

ဒိလ်မာမတ် ဆိုသောပုဂ္ဂိုလ်သည် ဗိုလ်မှူးချုပ်သူရိန်ထွန်းနှင့် ဆရာတပည့် ပြောဆိုနိုင်သလို့ စစ်ကောင် စီအတွက် လူသစ်စုဆောင်းပေးတဲ့အတွက် ဗိုလ်မှူးချုပ်သူရိန်ထွန်း၏ ယုံကြည်စိတ်ချရဆုံး လူတစ်ယောက်ဖြစ်တယ်လို့ သိရသည်။ စစ်ကောင်စီထံမှ ဒိလ်မာမတ်တို့သည် လက်နက်ခဲယမ်းအများအပြားကိုလည်း ရရှိခဲ့ကြောင်းစုံစမ်းသိရသည်။

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */