ဖက်ဒရယ် FM
Thursday, November 28, 2024
နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) မှာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ပြစ်မှုထင်ရှားတဲ့အတွက် ဖမ်းဝရမ်းထုတ်ဖို့ ICC ရှေ့နေတွေက လျှောက်ထားတယ်လို့ ICC ရဲ့ မနေ့ (နိုဝင်ဘာ၂၇ ရက်) ထုတ်ပြန်ချက်အရ သိရပါတယ်။ Thursday, November 28, 2024
အဆိုပါလျှောက်ထားမှုဟာ ပထမဆုံး မြန်မာစစ်ခေါင်းဆောင်တွေအပေါ်ဖမ်းဝရမ်းထုတ်နိုင်ဖို့ဖြစ်ပြီး တရားလိုရှေ့နေ ပါကစ္စတန်နိုင်ငံသား ကာရင်မ်အေအေခန်း (ကေစီ) က ဦးဆောင်အဆိုတင်သွင်းခဲ့တာဖြစ်ပါတယ်။
"ICC က ရိုဟင်ဂျာတွေကို အတင်းအဓမ္မ ဘင်္ဂလားဒေ့ရှ်ကို တွန်းပို့မှု ပြောရရင် လူသားတို့အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုပေါ့နော်။ အဲ့တာကို တရားရုံးက စုံစမ်းစစ်ဆေးဖို့ တရားရုံးကခွင့်ပြုထားတာဆိုရင် ငါးနှစ်ကျော်ပြီ။ ငါးနှစ်ကျော်ပြီးတော့မှ ရှေ့နေချုပ်ကနေ ရိုဟင်ဂျာတွေအပေါ်ကျူးလွန်တဲ့ ပြစ်မှုထင်ရှားတဲ့အတွက် ဖမ်းဝရမ်းထုတ်ဖို့လျှောက်ထားလိုက်တာဖြစ်တယ်" လို့ ရိုဟင်ဂျာလွတ်မြောက်ရေး ညွန့်ပေါင်းအဖွဲ့ (FRC) ပူးတွဲတည်ထောင်သူ ကိုနေဆန်းလွင်က ဖက်ဒရယ် FM ကိုပြောပါတယ်။
ICC ကစုံစမ်းတဲ့အမှုတွေဟာ ၂၀၁၆ - ၂၀၁၇ တုန်းက စစ်ကောင်စီတပ် ကျူးလွန်ခဲ့တာတွေဖြစ်ပြီး ရိုဟင်ဂျာတွေအပေါ်အကြမ်းဖက်မှုတွေက ဆက်လက်ဖြစ်ပွားနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
"ဖမ်းဝရမ်းထုတ်ခံရဖို့က ICC ကအမှု့ကိုအချိန်ပေးတဲ့အပေါ်မူတည်တယ်။ ဖမ်းဝရမ်းထွက်လာရင်တော့ မင်းအောင်လှိုင်က နိုင်ငံတကာ ဝရမ်းပြေးဖြစ်မယ်။ အကြမ်းဖက်မှုတွေကလည်း ရပ်သွားတာမဟုတ်ဘူး ဆက်လက်ဖြစ်ပွားနေတယ်။ ဒီနေရာမှာ စစ်တပ်တစ်ခုတည်းမဟုတ်တော့ပဲ ရိုဟင်ဂျာတွေနေထိုင်တဲ့နယ်မြေကို ထိန်းချုပ်ထားတဲ့ AA ကလည်း လွန်ခဲ့တဲ့ မတ်လကတည်းက ဆက်တိုက်ကျူးလွန်နေတယ်" လို့ သူကဆက်ပြောပါတယ်။
စစ်ကောင်စီတပ်ကို ၂၀၁၉ ခုနှစ်ကတည်းက ရိုဟင်ဂျာတွေကို အကြမ်းဖက်မှု၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေအတွက် ICC မှာစုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။
မင်းမြတ် / FFM
Link : Here
No comments:
Post a Comment