Sunday, November 17, 2024

ရခိုင်မှာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေ ရင်ဆိုင်နေရဆဲ (ကုလသမဂ္ဂ)

VOA
ဗွီအိုအေ (မြန်မာဌာန)

၁၄ နိုဝင်ဘာ၊ ၂၀၂၄ 
ကုလသမဂ္ဂ လူမျိုးတုံးသတ်ဖြတ်မှု ကာကွယ်ရေး ဆိုင်ရာ အကြံပေး Alice Wairimu Nderitu
 

ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာမွတ်ဆလင်တွေ လွန်ခဲ့တဲ့ ၇ နှစ်က ကြုံခဲ့ရတဲ့ လူမျိုးတုံးသတ်ဖြတ်မှုမျိုး အခုထက်ထိ ကြုံရနိုင်တဲ့အခြေအနေရှိနေဆဲဖြစ်တယ်လို့ လူမျိုးတုံးသတ်ဖြတ်မှု ကာကွယ်ရေးဆိုင် ရာ ကုလသမဂ္ဂအထူးအကြံပေးကပြောကြားလိုက်ပါတယ်။

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုလို ကြီးလေးတဲ့ ပြစ်မှုတွေ ကျူးလွန်မခံရအောင် မြန်မာ အစိုးရရောစစ်တပ်ကပါလိုက်နာရမယ့် တားဆီးဆောင်ရွက်ချက်တွေကို ICJ နိုင်ငံတကာ တရားရုံးက ချမှတ်ထားပေမဲ့ အပြည့်အဝဆောင်ရွက်ခြင်း မရှိသေးဘူးလို့ လူမျိုးတုံးသတ်ဖြတ်မှု ကာကွယ်ရေး ဆိုင်ရာ အကြံပေး Alice Wairimu Nderitu ကနိုဝင်ဘာ ၁၃ ရက်နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ ပါတယ်။ မြန်မာ နိုင်ငံမှာ လွန်ခဲ့တဲ့ ၇ နှစ်က ရိုဟင်ဂျာတွေ ကြုံခဲ့ရသလို ဆိုးဝါးတဲ့အကြမ်းဖက်မှုတွေ ခံရနိုင်တဲ့ အခြေ အနေမျိုး အခုလက်ရှိလည်း ကြုံနေတယ်လို့ သူ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရခိုင်တိုင်းရင်းသားတွေနဲ့ ရိုဟင်ဂျာအသိုင်းအဝိုင်းကြား တင်းမာမှုတွေဖြစ်စေတဲ့ အမုန်းတရား အခြေ ခံတဲ့ ပြောဆိုဖော်ပြမှုတွေလည်း ပြန်လည် ပေါ်ထွက်လာနေကြောင်းနဲ့ ရိုဟင်ဂျာတွေအပေါ် စစ်တပ်ရော AA အာရက္ခတပ်တော်ကပါပစ်မှတ်ထားတိုက်ခိုက် အကြမ်းဖက်နေတယ်ဆိုတဲ့ အလေးအနက်ထားစရာ စွပ်စွဲမှုတွေကိုလည်း ကုလသမဂ္ဂက ရရှိထားတယ်လို့ ပြောထားပါတယ်။

မြန်မာနိုင်ငံက ရိုဟင်ဂျာတွေရော၊ ဘင်္ဂလားဒေရှ့်ကိုရောက်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေပါပညာရေး ၊ အလုပ်အကိုင်၊ နိုင်ငံသားဖြစ်ခွင့် စတဲ့အခွင့်အရေး မျှော်လင့်ချက်တွေ အခုချိန်ထိ ပျောက်ဆုံးနေတယ် လို့ လူမျိုးတုံးသတ်ဖြတ်မှု ကာကွယ်ရေးဆိုင်ရာ ကုလသမဂ္ဂအထူးအကြံပေး ဆိုပါတယ်။ ရိုဟင်ဂျာတွေ ခံစားနေရတဲ့ ဒုက္ခတွေကိုအများပြည်သူ သတိလက်လွတ် အဖြစ်ခံလို့မရဘူး လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ တနိုင်ငံလုံးက ပြည်သူတွေရဲ့ အခွင့်အရေးကို အခိုင်အမာ ကာကွယ်နိုင်ဖို့ ခိုင်မာစိတ်ချ ရတဲ့ နိုင်ငံရေးအဖြေ မဖြစ်မနေ လိုအပ်တာကိုလည်း သူ့ရဲ့ ထုတ်ပြန်ချက်မှာ ထောက်ပြထားပါတယ်။ ဆိုးဝါးတဲ့ ပြစ်မှုတွေနောက်ထပ်မဖြစ်အောင် အချိန်မဆိုင်းဘဲ လုပ်စရာရှိတာ လုပ်ကြပါလို့ လူမျိုးတုံးသတ်ဖြတ်မှု ကာကွယ်ရေးဆိုင်ရာ ကုလသမဂ္ဂအကြံပေးက တောင်းဆိုထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */