VOA
ဗွီအိုအေ (မြန်မာဌာန)
၃၁ အောက်တိုဘာ၊ ၂၀၂၄
အင်ဒိုနီးရှားနိုင်ငံ အရှေ့အာချေးပြည်နယ်မှာ သေဆုံးသွားသူ ၆ ဦးနဲ့အတူ လူကုန်ကူးသူတွေ စွန့်ပစ်ခံခဲ့ရတဲ့ ရိုဟင်ဂျာများ (အောက်တိုဘာ ၃၁၊ ၂၀၂၄)
အင်ဒိုနီးရှားနိုင်ငံအနောက်ပိုင်း Aceh ပြည်နယ်ကမ်းခြေမှာ ကလေးငယ်တွေပါဝင်တဲ့ ရိုဟင်ဂျာ ၉၀ လောက်ကို လူကုန်ကူးတွေ ဒီနေ့ စွန့်ပစ်ခဲ့ပါတယ်။ အနားမှာ အလောင်း ၆ လောင်းကိုလည်းတွေ့တယ်လို့ ဒေသတာဝန်ရှိသူတွေက ပြောပါတယ်။ ဒေသခံတွေဆီက သိရသလောက် ကလေး ၇ ယောက်၊ အမျိုးသမီး ၄၆ ယောက်နဲ့ အမျိုးသား ၃၇ ယောက်ကို လှေနဲ့ ခေါ်လာပုံရပြီး မနက် ၄ နာရီလောက်မှာ စွန့်ပစ် ထားခဲ့ပုံရတယ်လို့ ဒေသတာဝန်ရှိသူတယောက်က ပြောပြပါတယ်။ နာမကျန်းဖြစ်နေသူ ၈ ယောက်ကိုတော့ ဆေးကုသပေးနေတယ်လို့ ဆိုပါတယ်။ လူကုန်ကူးသူတွေရဲ့ လက် ချက်ဖြစ်တယ်လို့ Aceh ပြည်နယ် ယာယီအုပ်ချုပ်ရေးမှူး Safrizal ကသတင်းထောက်တွေကို ပြောပါတယ်။ အခုလို Aceh ကျွန်းကို ရိုဟင်ဂျာတွေ ထပ်ရောက်လာတယ်ဆိုတာ သိတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များအေဂျင်စီ UNHCR ကပြောပေမဲ့ အသေးစိတ် ပြောဆိုခြင်း မရှိသေးပါဘူး။
အခုရောက်လာကြတာဟာ အင်ဒိုနီးရှားကို အောက်တိုဘာလထဲမှာ တတိယအကြိမ်မြောက်ဖြစ်ပါတယ်။ အစောပိုင်းကလည်း ရိုဟင်ဂျာ လှေစီးပြေး ၁၅၀ ထက်မနည်း Aceh ပြည်နယ်ကို ရောက်လာကြသလို မြောက် Sumatra ပြည်နယ်ကို နောက်ထပ် ၁၄၀ ရောက်လာခဲ့ကြပါတယ်။ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေဟာ လှိုင်းငြိမ်ပြီး ပွင့်လင်းရာသီဖြစ်တဲ့ အောက်တိုဘာကနေ ဧပြီလအထိ ခနော်ခနဲ့ လှေတွေနဲ့ ထိုင်း၊ အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတွေဘက်ကို ထွက်ပြေးဖို့ ကြိုးစားလေ့ရှိပါတယ်။
Link : Here
No comments:
Post a Comment