Sunday, September 1, 2024

ရိုဟင်ဂျာ မွတ်ဆလင်အရေး ဘယ်လောက် ပြင်းထန် လေးနက်သလဲ

BBC
01 September 2024

လူမှုသဟဇာတ ဖြစ်ရေး အာရက္ခပြည်သူ့အစိုးရ လုပ်ဆောင်ထားလက်စတွေ ရှိ

ဘီဘီစီ။ ။ ရိုဟင်ဂျာ အရေးကရော တွမ်ရေ ... အေအေ အနေနဲ့ ကိုင်တွယ်ရမယ့် ကြီးမားတဲ့ စိန်ခေါ်မှုတွေထဲ ရိုဟင်ဂျာ အကျပ်အတည်း ပါဝင်တယ်လို့ ပြောနိုင်မယ် ထင်ပါတယ်။ ဩဂုတ် ၅ ရက် မောင်တော အဖြစ်အပျက် အပါအဝင် ရိုဟင်ဂျာ အရပ်သားတွေ အပေါ် အေအေ တပ်ဖွဲ့ဝင်တွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးဆိုးရွားရွား ပြုလုပ်ခဲ့တယ် ဆိုတဲ့ နိုင်ငံတကာ ပြစ်တင် ရှုတ်ချသံတွေ၊ ဝေဖန်မှုတွေ အခု လတ်တလောမှာပဲ အတေော်လေး ထွက်ပေါ်လာပါတယ်။ ဒီတော့ ရိုဟင်ဂျာ အရေး ကိုင်တွယ်ဖို့ ဆိုတာကလည်း အေအေ အတွက် ဘယ်လောက် အရေးကြီးပြီး၊ ပြင်းထန် လေးနက်တယ်လို့ ထင်လဲ။


သောမတ်စ်ကီးန်။ ။ အရေးကြီးဆုံး ကိစ္စထဲ ပါဝင်ပါလိမ့်မယ်။ အဲဒီလို ပြောရတဲ့ အကြောင်းတွေ ရှိပါတယ်။ ပထမအချက်ကတော့ အခုအချိန်ထိအောင် ရခိုင်ထဲမှာ ရိုဟင်ဂျာတွေ အများအပြား ဆက် ရှိနေကြပါတယ်။ အေအေ အနေနဲ့ သူတို့ဟာ ရခိုင်ထဲ နေထိုင်ကြသူတွေ အားလုံးကို အကာအကွယ် ပြုပေးနိုင်တဲ့ အုပ်ချုပ်ရေးကို ထူထောင်ဖို့ လိုပါလိမ့်မယ်။

နောက်တစ်ချက်ကတော့ ... ရိုဟင်ဂျာတွေ နေတဲ့ အရပ်ဒေသတွေမှာ အေအေ တပ်ဖွဲ့ဝင်တွေ ဘယ်လို ပြုမူကြသလဲ ဆိုတဲ့ အချက်ဟာ ဘင်္ဂလားဒေ့ရှ်နဲ့ အေအေ အကြား ဆက်ဆံရေး ဘယ်လောက် အထိ ထူထောင်နိုင်မလဲ ဆိုတာကို ပုံဖော် ပေးမှာ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်က အေအေရဲ့ အပြုအမူတွေကို စောင့်ကြည့်နေပါတယ်။ အေအေနဲ့ ဆက်ဆံရေး ဘယ်လို ထားရှိမလဲ ဆိုတာကို ချိန်ဆ နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်လ ဝန်းကျင်အတွင်း ထွက်ပေါ်လာခဲ့တဲ့ အေအေ တပ်ဖွဲ့ရဲ့ ရိုဟင်ဂျာတွေ အပေါ် ကျုးလွန်မှု သတင်းတွေဟာ နှစ်ဘက်အကြား မယုံကြည်မှုတွေ၊ သံသယတွေကို ပို ကြီးထွားလာစေပါတယ်။ အဲဒီ အခြေအနေတွေဟာ ရိုဟင်ဂျာ တချို့ကို မြန်မာစစ်တပ်ထဲ ပိုပြီး တွန်းပို့ရာရောက်သလို၊ အေအေကို တိုက်ဖို့ ဆိုပြီး ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့တွေထဲ ဝင်တာမျိုးတွေလည်း ပိုပြီး ဖြစ်လာ နိုင်စေပါတယ်။
ဒီလို ဖြစ်ရပ်တွေဟာ ရေရှည်သဘော အတွက် အတော်လေး မလိုလားစရာ ကောင်းတဲ့ ဝန်းကျင် အခြေအနေ unhealthy dynamic ဖြစ်လာစေပါတယ်။ ဒါ့ကြောင့် ရိုဟင်ဂျာတွေ အပေါ် တရားမျှတစွာ ဆက်ဆံဖို့၊ ကိုယ့်ရဲ့ တပ်ဖွဲ့ဝင်တွေကိုလည်း အသေအချာ လမ်းညွှန်ဖို့ အေအေ အတွက် လိုအပ်လှပါတယ်။

လက်ရှိ အခြေအနေတွေကိုကြည့်ရင် မောင်တောလည်းပဲ တချိန်မဟုတ် တချိန် အေအေလက်ထဲ သေ ချာပေါက် ရောက်သွားမယ်လို့ ပြောနိုင်ပါတယ်။ အဲဒီ အချိန်ကျရင် မောင်တော ဒေသ တချို့ နေရာတွေမှာ လှုပ်ရှားနေတဲ့ ရိုဟင်ဂျာ လက်နက်ကိုင် တပ်တွေ ဘာလုပ်ကြမှာလဲ ဆိုတဲ့ မေးခွန်းလည်း ရှိနေပါတယ်။ စစ်ကောင်စီ တပ်တွေ ရှိမနေတော့တဲ့ မောင်တော ဒေသမှာ ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့တွေဟာ အေအေကို ဆက်ပြီး တိုက်ခိုက်နေကြမှာလား ဆိုတာကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။

ရိုဟင်ဂျာတွေရဲ့ လက်နက်ကိုင် တိုက်ခိုက်မှု အပေါ် စိုးရိမ်စိတ်တွေ ကိုယ်စီ ရှိကြပါတယ်။ လက်နက် ကိုင် တိုက်ခိုက်မှုဟာ ရိုဟင်ဂျာ အရပ်သားတွေကို အကူအညီပေးရာ မရောက်တဲ့ အပြင် ပိုပြီး ဒုက္ခတွေ ရောက်စေတယ်လို့ မြင်ကြပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း မလိုလားသလို၊ အေအေကလည်း လက်ခံမှာ မဟုတ်ပါဘူး။ ရခိုင်မြောက်ပိုင်းက အခြေအနေတွေကို ဆက်ပြီး ဆိုးသွားစေနိုင်ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */