Tuesday, July 9, 2024

လူနည်းစုတွေကို ဖိနှိပ်မှုတွေ ထပ်မဖြစ်အောင် ဆောင်ရွက်နေကြောင်း NUG ပြော

RFA
RFA Burmese
2024.07.09 

ရခိုင်ပြည်နယ် စစ်တွေမြို့အနီးတွင်ရှိသည့် ရိုဟင်ဂျာဒုက္ခသည်စခန်းတွင် နေထိုင်သူများအား ၂၀၂၃ ခုနှစ် မတ်လ ၂၂ ရက်နေ့က တွေ့ရစဉ်။ RFA
 
ရခိုင်၊ ရိုဟင်ဂျာနဲ့ ရခိုင်ပြည်နယ်မှာရှိတဲ့ တခြား လူနည်းစုတွေ အပါအဝင် မြန်မာနိုင်ငံမှာရှိတဲ့ လူနည်းစုတွေအပေါ် အလွန်ဆိုးရွားတဲ့ ရက်စက် ကြမ်းကြုတ်မှုတွေ ထပ်မဖြစ်အောင် ဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဇူလိုင်လ ၉ ရက်နေ့က ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်ပါတယ်။

၅၆ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ် စားလှယ် မစ္စတာ တွမ်အင်ဒရူးက ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ အတင်းအဓမ္မခိုင်းစေခံရတာ၊ အတင်းအဓမ္မ ရွှေ့ပြောင်းခံရတာနဲ့ ရခိုင်ပြည်နယ်မှာ ဆိုးရွားတဲ့ လူသားချင်းစာနာထောက်ထားမှု အခြေအနေတွေကြုံနေရ ကြောင်း အစီရင်ခံစာမှာ ထည့်သွင်းပြောဆိုထားတာကို NUG က တုံ့ပြန်ပြောဆိုလိုက်တာပါ။

စစ်အာဏာသိမ်းမှုကြောင့် Gender Equality လို့ ခေါ်တဲ့ ကျား-မတန်းတူညီမျှမှုရရေး ကြိုးပမ်းချက်တွေ နောက်ပြန်ရောက်သွားစေကြောင်းနဲ့ စစ်ဘက်သုံးပစ္စည်း ဝယ်ယူနိုင်ဖို့ ငွေပေးချေရာမှာ ပံ့ပိုးကူညီနေတဲ့ နိုင်ငံခြား ဘဏ် ၁၆ ဘဏ်အကြောင်း အစီရင်ခံစာကိုလည်း မစ္စတာ တွမ်အင်ဒရူးက ဇူလိုင်လ ၂ ရက်နေ့က ထုတ်ပြန်ခဲ့တာပါ။

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲအခြေအနေအပါအဝင် ရိုဟင်ဂျာတွေရဲ့အကျပ်အတည်းကိုလည်း ဖော် ပြခဲ့ပြီး အတင်းအဓမ္မ ပြောင်းရွှေ့ခံရတာနဲ့ လူသားချင်းစာနာထောက်ထားမှု အခြေအနေတွေကို တင်ပြခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ စာတမ်းနှစ်စောင်ဟာ မြန်မာပြည်သူတွေရဲ့ ရဲစွမ်းသတ္တိနဲ့ ကြံ့ကြံ့ခံနိုင်မှု၊ အကြမ်းဖက်စစ်ကောင်စီရဲ့ ပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေကို မှတ်တမ်းတင်ထားတဲ့ အစီရင်ခံစာပေါင်းများစွာထဲက ထင်ရှားတဲ့ စာ တမ်းတွေအနေနဲ့ မှတ်တမ်းဝင်တယ်လို့ NUG က ပြောပါတယ်။

စစ်ကောင်စီက ပြည်သူတွေကို ရက်စက်စွာ တိုက်ခိုက်နေတဲ့ အခြေအနေတွေအကြောင်း အစီရင်ခံစာကို ကုလသ မဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူးက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ တင်ပြခဲ့တာကို ကြိုဆိုကြောင်းလည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဇူလိုင်လ ၉ ရက်နေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က မြန်မာ့အရေးနဲ့ပတ်သတ်ပြီး အရေးယူဆောင်ရွက်နိုင်ရေးကိုလည်း နိုင်ငံတကာကို တောင်းဆိုခဲ့ပြီး နိုင်ငံတကာရဲ့ ကြိုးပမ်းဆောင်ရွက်မှုနဲ့ ပံ့ပိုးကူညီမှုတွေသာရရှိမယ်ဆိုရင် မြန်မာပြည်သူတွေအနေနဲ့ ငြိမ်းချမ်းမှု၊ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှုတွေနဲ့ ပြည့်စုံတဲ့ တိုင်းပြည်အနေနဲ့ အသစ်တဖန် ပြန်လည်ထူထောင်နိုင်မယ်လို့ ပြောထားပါတယ်။
 
ဆက်နွယ်သောသတင်းများ 
 
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */