Tuesday, July 9, 2024

ရိုဟင်ဂျာဒုက္ခသည်နေရပ်ပြန်ရေး တရုတ်ကူညီဖို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် တောင်းဆို

VOA
ဗွီအိုအေ (မြန်မာဌာန)

၁၀ ဇူလိုင်၊ ၂၀၂၄ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇား ဘာလုခါလီဒုက္ခသည်စခန်းတွင်းက ရိုဟင်ဂျာများ။ (ဖေဖေါ်ဝါရီ ၂၊ ၂၀၂၁)

ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ်ကနေ မြန်မာနိုင်ငံပြန်ပို့ရေးအတွက် ကူညီဖို့ တရုတ်နိုင်ငံကို ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ် ဟာစီနာက အင်္ဂါနေ့မှာ အကူအညီတောင်းခံလိုက်ပါတယ်။

တရုတ်နိုင်ငံမှာရောက်ရှိနေစဥ် ဒုတိယ ရက် ထိတွေ့ဆက်ဆံမှုတွေအကြောင်းပြောကြားရာမှာ ဝန်ကြီး ချုပ်ရဲ့ စကားကို နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဟာဆန်မာမွတ်က ကိုးကားပြောကြားခဲ့တာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်အခြေစိုက် BSS အွန်လိုင်းသတင်းဌာနက ပြောပါတယ်။ တရုတ်ပြည်သူ့ နိုင်ငံ ရေးအတိုင်ပင်ခံ ကွန်ဖရင့်ရဲ့ကော်မီတီ CPPCC ဥက္ကဋ္ဌဦးဆောင်တဲ့အဖွဲ့ နဲ့တွေ့ဆုံစဥ်မှာ ခုလို ပြောကြားခဲ့တာဖြစ်တယ်လို့ ဒေါက်တာ ဟာဆန်က ဆိုပါတယ်။

လွန်ခဲ့တဲ့ ၆ နှစ်ခွဲကတည်းက ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ်က လက်ခံထားခဲ့ကြောင်း၊ ဒါပေမဲ့ ပြန်ပို့ဖို့ ဘာကိုမှ စတင် မလုပ်ဆောင်သေးကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ ဒီကိစ္စကို အစည်းအဝေးအတွင်း အရေးအကြီးဆုံးထား ပြောကြားခဲ့တယ်လို့ ဒေါက်တာ ဟတ် ဆန် ကို ကိုးကားပြီး BSS က ပြောပါတယ်။ မြန်မာနဲ့ ဒီကိစ္စကို ဆွေးနွေးမယ့်အကြောင်း၊ ဒီကိစ္စနဲ့ပတ် သက်ပြီး ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာကြားမှာ လွယ်ကူချောမွေ့အောင်လုပ်ပေးသူ အခန်းကဏ္ဍကနေ လုပ် ဆောင်သွားမယ်လို့ CPPCC ဥက္ကဋ္ဌက ပြောကြားခဲ့တယ်လို့ BSS သတင်းက ဆိုပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */