VOA
ဗွီအိုအေ (မြန်မာဌာန)
၁၂ ဇူလိုင်၊ ၂၀၂၄

မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ (BGF) နဲ့
လုံခြုံရေးတပ်ဖွဲ့ဝင် စုစုပေါင်း တရာကျော်လောက်ဟာ ဇူလိုင်လ (၁၁) ရက်က
ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက်ခ်နက်ဖ်မှာ လာရောက်ခိုလှုံခဲ့တယ်လို့
ဘင်္ဂလားဒေ့ရှ်အ ခြေ စိုက် The Dhaka Tribune သတင်းမှာ ဒီကနေ့
ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ
ဇူလိုင် ၁၁ ရက်နေ့ မနေ့ မနက်ပိုင်းမှာ တက်ခ်နက်ဖ်နယ်စပ် နေရာသုံးခုကနေ
ဖြတ်သန်းဝင်ရောက်လာတာလို့ သတင်းမှာဖော်ပြထားပါတယ်။ သူတို့ကိုဘင်္ဂလားဒေ့ရှ်
နယ်ခြားစောင်တပ်ဖွဲ့နဲ့ ကမ်းခြေစောင့်တပ်ဖွဲ့ဝင်တွေက
ဖမ်းဆီးထိန်းသိမ်းထားတယ်လို့လည်း ဆိုပါတယ်။ ဒါအပြင် တက်ခ်နက်ဖ်ဒေသက
ဘင်္ဂလားဒေ့ရှ် အရာရှိ Adnan Chowdhury ကလည်း ဒီသတင်းကို အတည်ပြုခဲ့သလို
ဘင်္ဂလားဒေရှ် နယ်စပ်တလျှောက်မှာလည်း သက်ဆိုင်ရာတာဝန်ရှိအဖွဲ့အစည်းတွေကနေ
နယ်စပ် လုံခြုံရေးပိုတိုးထားတယ်လို့ ပြောဆိုခဲ့ပါတယ်။
The
Dhaka Tribune သတင်းထဲမှာတော့ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေဟာ ဘယ်စခန်းကနေ
ထွက် ပြေးလာသလဲဆိုတာကိုတော့ ဖော်ပြမထားသလို သူတို့ကို
ဘယ်တော့ပြန်ပို့မလဲဆိုတာကိုလည်း ရေး သားထားတာမတွေ့ရပါဘူး။ ဒီနှစ်
အစောပိုင်းကတော့ ဘင်္ဂလားဒေ့ရှ်ဘက်ထွက်ပြေးလာတဲ့ မြန်မာလုံခြုံရေးတပ်ဖွဲ့၀င်တွေကို နှစ်နိုင်ငံ ညှိုနှိုင်းပြီး မြန်မာဘက်ကို ရေလမ်းကြောင်းကနေ ပြန်ပြီး ပို့ခဲ့တာပါ။
ရခိုင်ပြည်နယ်မှာတော့ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် AA တို့အကြား
တိုက်ပွဲတွေ ပြင်းထန်နေပြီး၊ စစ်ကောင်စီတပ်သားတွေရော
နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို မကြာခဏဆိုသလို
ထွက်ပြေးခိုလှုံခဲ့ကြပြီ အခုနှစ်အတွင်း စစ်ကောင်စီတပ်သားနဲ့ မိသားစုဝင်
စုစုပေါင်း ၁,၀၀၀ နီးပါးကို မြန်မာဘက်ကို ပြန်လည်ပို့
ဆောင်ထားပြီးဖြစ်တယ်လို့လည်း ဘင်္ဂလားဒေရှ်ကပြောဆိုထားပါတယ်။
Link : Here
No comments:
Post a Comment