Friday, July 5, 2024

လူမျိုးတုံး အကြမ်းဖက်မှုတွေ သတိထားဖို့ ကုလလူ့အခွင့် အရေး ကိုယ်စားလှယ် ပြော

RFA
RFA Burmese
2024.07.05 

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ် အင်ဒရူးအား တွေ့ရစဉ်။ Photo: RFA

ရခိုင်ပြည်နယ်မှာ လူမျိုးတုံး အကြမ်းဖက်မှုတွေ ထပ်မဖြစ်အောင်ရှောင်ဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင် ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်အန်ဒရူးက မနေ့က သတိပေးလိုက်တယ်လို့ AFP သတင်းမှာ ဖော်ပြထားပါတယ်။

စစ်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်ဟာ နယ်မြေတွေဆုံးရှုံးနေပြီး ရက္ခိုင့်တပ် တော်က စိုးမိုးနိုင်တာ များလာတယ်လို့ သူက ပြောပါတယ်။

ဒီအခြေအနေမှာ ရက္ခိုင့်တပ်တော် AA ကို ပြန်တိုက်ဖို့ ရိုဟင်ဂျာလူငယ် ထောင်နဲ့ချီပြီး မြန်မာစစ်တပ်က သင်တန်းပေး စေလွှတ်နေတယ်လို့လည်း သူက ပြောပါတယ်။ အဲဒီ ရိုဟင်ဂျာတွေက သူ့တို့ ဆန္ဒမပါဘဲ ရှေ့တန်းထွက်ပြီး တိုက်ခိုက်ရရင်တောင်၊ ရခိုင်တွေက စိတ်ဆိုးပြီး လက်စားပြန်ချေတာတွေ အကြီးအကျယ်ဖြစ်လာနိုင်တယ်လို့ သူက ထောက်ပြပါတယ်။

ဒါ့ကြောင့် ရခိုင်တွေရော ရိုဟင်ဂျာတွေ အတွက်ပါ သေရေးရှင်ရေး အလွန်အရေးကြီးတဲ့ အချိန်ဖြစ်တယ်လို့ မစ္စတာ အန်ဒရူးက ပြောပါတယ်။

ဆက်နွယ်သောသတင်းများ 
 
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */