RFA
RFA Burmese
2024.05.14
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Kutupalong ဒုက္ခသည်စခန်းတွင် ခိုလှုံနေကြသည့် ရိုဟင်ဂျာများအား ၂၀၂၃ ခုနှစ်၊ မေလ ၁၅ ရက်နေ့က တွေ့ရစဉ်။ AFP
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇက်ဘဇားရှိ အူးခီးရာဒုက္ခသည်စခန်းက ရိုဟင်ဂျာခေါင်းဆောင်တစ်ဦး သတ်ဖြတ်ခံလိုက်ရတယ်လို့ ဘင်္ဂလားဒေ့ရှ်ကလာတဲ့ သတင်းတွေမှာ ဖော်ပြပါတယ်။
ဒုက္ခသည်စခန်း အမှတ် ၄ ရဲ့ခေါင်းဆောင် အသက် ၄၃ နှစ်အရွယ် မိုဟာမတ်အီလီယက်ဆိုသူဟာ မေလ ၁၃ ရက်နေ့ မနက်အစောပိုင်းမှာ အသတ်ခံလိုက်ရတာလို့ အူးခီးရာရဲတပ်ဖွဲ့ကပြောပါတယ်။
မျက်နှာဖုံးစွပ်လူ ၁၅ ယောက်လောက်ဟာ မိုဟာမတ်အီလီယက် အိပ်နေတုန်း အိမ်ထဲဝင် ဖမ်းခေါ်သွားပြီးနောက် သေနတ်နဲ့ အကြိမ်ကြိမ်ပစ်သတ်ခဲ့တာလို့ ရဲတပ်ဖွဲ့ကပြောပါတယ်။
သူ့ကိုသတ်ဖြတ်သွားတဲ့သူတွေဟာ အာဆာတပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ကနဦးသတင်းရထားကြောင်း Business Standard သတင်းမှာဖော်ပြပါတယ်။
မိုဟာမတ်အီလီယက်ရဲ့အလောင်းကို စစ်ဆေးဖို့ ကော့ဇက်ဘဇားဆေးရုံကို ယူသွားပြီး၊ အသတ်ခံရတဲ့ကိစ္စကို ရဲတပ်ဖွဲ့က စုံစမ်းနေပါတယ်။
ဆက်နွယ်သောသတင်းများ

- ရိုဟင်ဂျာတွေနေရပ်ပြန်ခေါ်ရေး ဘင်္ဂလားဒေ့ရှ်ဖိအားပေး
- ရိုဟင်ဂျာတွေ လူသားဒိုင်းအဖြစ် အသုံးချခံနေရကြောင်း USIP အစီရင်ခံစာထုတ်ပြန်
- ရိုဟင်ဂျာဒုက္ခသည်တွေ စစ်ကောင်စီအတွက် လူသစ်စုဆောင်းခံနေရကြောင်း AA ပြော
- ဘူးသီးတောင်မှာ လက်နက်ကြီးကြောင့် ရိုဟင်ဂျာ လေးဦး သေဆုံး၊ ၁၅ ဦးခန့် ဒဏ်ရာရ
- စစ်တပ်နဲ့ AA လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နေကြောင်း အစီရင်ခံစာတစ်စောင်ထုတ်
Link : Here
.png)
No comments:
Post a Comment