" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, April 21, 2024

AA စိုးမိုးထိန်းချုပ်ထားသည့် နယ်စပ်ထွက်ပေါက် ဘူးသီးတောင်-မောင်တောလမ်းပေါ်တွင် အပြင်းအထန်တိုက်ပွဲဖြစ်နေ

Narinjara
နောင်မင်းသူ၊ နိရဉ္စရာ၊ ဧပြီ ၂၁ /၂၀၂၄
ရက်စွဲ: ၂၁ ဧပြီ ၂၀၂၄

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည် အနောက်ဘက်နယ်စပ် ၁၆ မိုင်အရှည်ရှိသည့် ဘူးသီးတောင် -မောင်တောင် လမ်းပေါ်တွင် အပြင်းအထန် တိုက်ပွဲဖြစ်ပွားနေကြောင်း အနီးအနားကျေး ရွာများရှိ ဒေသခံများထံမှ သိရသည်။

" ဒီနေ့မနက် ၆ နာရီလောက် မှာ မောင်တော ၄ မိုင် နဲ့ ၅ မိုင်ကြားက စိုက်ပျိုးရေးရုံးရဲ့ နောက်ဘက်က တောထဲမှာ စစ်တပ်နဲ့ အေအေတိုက်ပွဲပြင်း ထန်စွာဖြစ်နေကြတာ။ ၅ မိုင်နတ်ဆွေတော် ဘုန်းကြီးကျောင်း မှာ စစ်တပ်က အင်အားအပြည့်နဲ့ အထိုင်ချထားတယ်။ အေအေ ဖက်ကတော ၆ မိုင်ကနေ ဘူးသီးတောင်လမ်းတစ်လျှောက်စိုးမိုးထားတယ်လို့သိရတယ်" ဟု ​ပြောကြားသည်။

ဘူးသီးတောင်-မောင်တော ၁၆ မိုင်ကားလမ်းအား အာရက္ခတပ်တော် (AA) မှ ဧပြီလ ၉ ရက်က စပြီး ထိန်းချုပ်ထားလိုက်သဖြင့် မောင်တောသို့ စစ်ကောင်စီ ရေကြောင်းမှတင်သွင်းလာတဲ့ လက်နက် ရိက္ခာ၊ စားနပ်ရိက္ခာ၊ စစ်သည်အင်အားများအား ဘူးသီးတောင်မြို့ရှိ စစ်ကောင်စီ တပ်ရင်း တပ်ဖွဲ့များသို့ သယ်ယူမရတော့ဟု သိရသည်။

သို့အတွက် အဆိုကားလမ်းအား စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ရန် တိုက်ခိုက်နေပုံရသည်ဟု ၎င်းဒေသခံ သတင်းရင်းမြစ်က ပြောသည်။

"မတ်လ ၂၇ ရက်နေ့ကနေ ဧပြီလ ၇ ရက်နေ့အထိ မောင်တောနဲ့ ဘူးသီးတောင်က တပ်ရင်း တပ်ဖွဲ့တွေ အတွက် စစ်ကောင်စီကရေကြောင်း ကိုသုံးပြီး ကညင်ချောင်စီးပွါးရေးဇုန်ကနေ လက်နက်၊ စားနပ်ရိ က္ခာ၊ လောင်စာဆီ နဲ့စစ်သည်အင်အင်းအားတွေကိုဇက် ၃ စီးနဲ့ ကုန်းပေါ်ကိုတင်တယ်။ အဲဒီဇက် ၃ စီဒ အပြန်မှာ ဘူးသီးတောင် က စစ်ကောင်စီမိသားစုဝင်တွေကို အေအေ ဖက်က သွားခွင့်ပြုခဲ့တယ်။ ဘူးသီးတောင်ဖက်ကို တင်ပို့မယ့်လက်နက်နဲ့စားနပ်ရိက္ခတွေကို တင်ပို့လို့မရအောင် အေအေက သစ်ပင်ကြီးတွေကို ခုတ်လှဲပြီး ပိတ်ထားလိုက်တာ" ဟု စစ်ရေးလေ့လာသူ မောင်တောဒေသခံတွေက ပြောကြားသည်။

ဘူးသီးတောင်မြို့ရှိ စစ်ကောင်စီတပ်ရင်းတပ်ဖွဲများ နှင့် နယ်ခြားစောင်တပ်ရင်းတပ်ဖွဲ့များ မှ မိသား စုဝင်များအား အာရက္ခတပ်တော်မှ ဘူးသီးတောင်-မောင်တောလမ်းမှ သွားလာခွင့်ပြုခဲ့သော်လည်း စစ်ကောင်စီမှရေကြောင်း အသုံးပြုပြီးမောင်တောကညင်ချောင်းစီးပွါးဇုန်မှတင်သွင်းလာတဲ့လက်နက်၊ စားနပ်ရိက္ခာ၊ လောင်စာဆီတင်ပို့မူအား ယနေ့အထိ တားဆီးပိတ်ဆို့ထားသည်ဟု သိရသည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */