" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, March 11, 2024

အရပ်သားတွေနေရာကို လက်နက်ကြီးကျရောက်မှု အလွန်စိုးရိမ်ပူပန်ကြောင်း UNOCHA ထုတ်ပြန်

RFA
RFA Burmese
2024.03.11 

စစ်တွေမြို့ပေါ် ကသည်းရပ်ကွက်နှင့် အောင်မင်္ဂလာရပ်ကွက်အကြား လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့သည့်နေရာအား ၂၀၂၄ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့က တွေ့ရစဥ်။ ဓာတ်ပုံ - ရခိုင်ပြည်လွတ်မြောက်ရေးပါတီ- စည်းရုံးရေးနှင့်ပြန်ကြားရေးဌာန

ရခိုင်ပြည်နယ်မှာ အရပ်သားတွေ နေထိုင်တဲ့နေရာတွေကိုပါ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတာကို အလွန်စိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က မတ်လ ၁၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့က လူနေရပ်ကွက်ထဲကို မတ်လ ၉ ရက်နေ့က လက်နက်ကြီးကျည် ကျရောက်ခဲ့လို့ ရိုဟင်ဂျာအရပ်သား ရှစ်ဦးထက်နည်းသေဆုံးပြီး ကလေးငါးဦး အပါအဝင် ၁၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ UNOCHA က ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၉ ရက်နေ့ကလည်း စစ်တွေမြို့မဈေးအနီး လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့လို့ အရပ်သား ၂၁ ဦးထက်မနည်း သေဆုံးပြီး သုံးဆယ်ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် နှစ်ပတ်အတွင်းမှာ စစ်တွေမြို့က အရပ်သားတွေ သေဆုံးခဲ့တာကို ထောက်ပြပြီး UNOCHA က စိုးရိမ်ကြောင်း ထုတ်ပြန်တာပါ။

စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲတွေပြင်းထန်နေချိန်မှာ အရပ်သားတွေ ထိခိုက်သေဆုံးတာဖြစ်ပြီး တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ သုံးသိန်းကျော် ရှိနေတယ်လို့လည်း ပြောပါတယ်။

အကူအညီပေးရေးလုပ်သားတွေ အပါအဝင် အရပ်သားတွေကို အကာအကွယ်ပေးနိုင်ဖို့ ပဋိပက္ခနဲ့သက်ဆိုင်တဲ့ အဖွဲ့အစည်းအားလုံးဟာ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေတွေနဲ့အညီဆောင်ရွက်ကြဖို့လည်း UNOCHA က သတိပေး ပြောဆိုပါတယ်။

လက်ရှိအချိန်အထိ မြန်မာနိုင်ငံတစ်ဝန်းမှာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူ အနည်းဆုံး ၂ ဒသမ၇ သန်း ရှိနေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */