" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, March 11, 2024

ရိုဇဟ် အမျိုးအစားများ နှင့် လိုက်နာရန် အချက်များ။




ရိုဇာဟ်နှင့်ပက်သက်သည့် တစ်ချို့သော မစ်အာလာများ


အမေး။ ။ရိုဇာထားသောအဖြစ်၌ သွေးစစ်ခြင်းရိုဇာထိခိုက်ပါသလား?
အဖြေ။ ။ရိုဇာထားသောအဖြစ်တွင် သွေးစစ်ခြင်း ပိုင်ပါသည်။


ဖသာဝါအာလမ်ဂီရိကျမ်း တွဲ ၁စာမျက်နှာ ၁၉၉


အမေး။ ။အမျိုးသမီးများ ရိုဇာထားသောအဖြစ်နှင့် နုတ်ခမ်းဆေးနီဆိုခြင်းပိုင်ပါသလား?
အဖြေ။ ။ရိုဇာထားသောအဖြစ်တွင် အမျိုးသမီးများ နုတ်ခမ်းဆေးနီဆိုးခြင်းပိုင်ပါသည်။သို့သော် ဆေးနီအရသာ ပါးစပ်အတွင်းရောက်မှာကိုစိုးရိမ်ရ ရသော် မက်ရုဟ်ဖြစ်သည်။

အဟ်စနွလ်ဖသာဝါကျမ်း တွဲ ၁ စာ ၄၂၄


အမေး။ ။ရိုဇာထားသောအဖြစ်တွင် ဆေးထိုးခြင်း ဂလူးကို့စ်ထိုးခြင်းပိုင်ပါသလား?
အဖြေ။ ။ရိုဇာထားသော အဖြစ်တွင် ဆေးထိုးခြင်း၊ဂလူးကို့စ်ထိုးခြင်းပိုင်ပါသည်။ရိုဇာထားသောသူ ၏ ခန္ဓာကိုယ် ချွေးစို့ပေါက်များနှင့်အကြောတို့မှသွင်းသော အရာတို့သည် ရိုဇာကိုမထိခိုက်ပါ။


ဖသာဝါရှာမီကျမ်းတွဲ၃စာ၃၆၇ရဟီမီယာတွဲ၂စာ၃၈မဟ်မူဒီယာတွဲ၃စာ၁၄၃


အမေး။ ။သွေးထွက်ခြင်းကိုတားဆီးရန် ပါးစပ်ထဲတွင် သွားတိုက်ဆေးထည့်ခြင်းဖြင့် ရိုဇာကိုထိခိုက်ပါသလား?
အဖြေ။ ။သွားကြားမှသွေးထွက်ခြင်းကို တားဆီးသောအနေဖြင့် သွားတိုက်ဆေးပါးစပ်အတွင်းထည့်ထားခြင်းသည် မက်ရုဟ်သန်ဇီယာဖြစ်သည်။ရိုဇာမပျက်ပါ။


ဖသာဝါရှာမီကျမ်းဇကရီယာတွဲ၃စာ၃၉၅ဒါဒုလ်အိုလူးမ်ကျမ်းတွဲ၆စာ၄၀၄


အမေး။ ။ရိုဇာဟ်ထားသောအဖြစ်တွင် အောက်စီဂျင် ရှူခြင်းအဘယ်သို့ရှိပါသနည်း?
အဖြေ။ ။ရိုဇာဟ်ထားသောအဖြစ်၌ အောက်စီဂျင် ရှူခြင်းပိုင်ပါသည်။ရိုဇာကိုမထိခိုက်ပါ။



ရှာမီကျမ်းတွဲ၃စာ၃၆၇ ဟင်ဒီယာကျမ်းတွဲ၁ စာ ၂၀၃


အမေး။ ။ရိုဇာထားသောအဖြစ်၌ INHALER (အာပန်းဆေး) ရှူခြင်းမည်သို့ရှိပါသနည်း?
အဖြေ။ ။ ယခုသမယတွင် ASTHAMA ကိုကုသရန်အတွက် INHALER ကိုအသုံးပြုရသည်INHALER ဆိုသည်မှာပါးစပ်အတွင်းသို့ရေပြွတ်သကဲ့သို့ထည့်ရသည်။ခလုပ်ကို နှိပ်လိုက်ခြင်းဖြင့် ပေါင်ဒါ တစ်ခုပါးစပ်အတွင်းသို့ရောက်သွားသည်။နောက်တစ်မျိုးမှာအရည်သဘောမျိုးဖြစ်သည်။အထက်ပါ နှစ်ခုစလုံးသည်ရိုဇာကိုပျက်စေသည်။ 



ဖသာဝါရှာမီ ဇကရီယာ တွဲ ၃စာ ၃၆၆


အမေး။ ။ ရိုဇာဟ်ထားသောသူ မျက်စဉ်းခတ်ခြင်းပိုင်ပါသလား?
အဖြေ။ ။ရိုဇာဟ်ထားသောသူ ချွေးစို့ပေါက်မှတစ်ဆင့် ဆီ၊အရည်ဝင်သွားခြင်းသည်ရိုဇာပျက်စေသောအကြောင်းမဟုတ်ပါ။ဤကဲ့သို့ပင် မျက်လုံးမှာဆေး၊မျက်စဉ်းထည့်ခြင်းဖြင့် ရိုဇာဟ်ကို မထိခိုက်ပါ။မျက်လုံးအတွင်းထည့်၍ ပါးစပ်အာခေါင်တွင်ခါးသပ်သော အရသာ ရရှိပါစေ ရိုဇာမပျက်ပါ။


ရှာမီကျမ်းတွဲ၃စာ၃၆၆ ဗဲဟ်ရုရာအိက်ကျမ်းတွဲ ၂စာ၄၇၇ ဟင်န်ဒီယာကျမ်းတွဲ၁စာ၂၀၃


အမေး။ ။ရိုဇာဟ် ထားသောသူ၏ မျက်ရည် ပါးစပ်အတွင်းသို့ဝင်သွားသော်မည်သို့ရှိပါသနည်း?
အဖြေ။ ။ရိုဇာဟ်ထားသူသည် မိမိမျက်ရည် တစ်စက် နှစ်စက် ပါးစပ်တွင်းသို့ဝင်သွားခြင်းကိစ္စမရှိပါ။သို့သော် တစ်စက်နှစ်စက်ထက်ပိုကာ ဝင်၍ ပါးစပ်တွင်းတွင် အငံဓါတ်ရရှိကာ အားလုံးကို မျိုချလိုက်သော် ရိုဇာဟ်ပျက်၏။ချွေးသည်လည်း မျက်ရည်အမိန့်အတိုင်းဖြစ်သည်။ 

ဖသာဝါဟင်န်ဒီယာကျမ်း တွဲ၁ စာ၂၀၂
စုစည်းတင်ပြသူ
ကျော်ဇင်လတ် ကံသာကုန်း


<><><><><><><><<><><><><><><><><><><><><><><><><><><><><><><<><><><><><><><><><><><>
🍃🕌🍃 ရိုဇာဟ်အမျိုးအစားများအကြောင်း 🍃🕌🍃

ရိုဇဟ် သုံးမျိုးရှိသည်။ ဖရ်ဇ်၊ ဝါဂျိဗ်၊ နဖိလ်။ ဖရ်ဇ်တွင် နှစ်မျိုးရှိသည်။ တမျိုးမှာ အချိန် သတ်မှတ်ထားသော ရိုဇာဟ်ဖြစ်သည်။ ရမဿွာန်လ၏ ရိုဇာဟ်ကို ဆိုလိုသည်။ ရမဿွာန်လ၏ ရိုဇဟ်သည် ရမဿွာန်ရောက်မှ ဖရ်ဇ်ဖြစ်၏။ ဖရ်ဇ်၏ ဒုတိယအမျိုးအစားမှာ အချိန်မသတ်မှတ်ထားသော ဖရ်ဇ် ရိုဇဟ် ဖြစ်သည်။ ရမဿွာန်လတွင် ပျက်ခဲ့သည့်ရိုဇာဟ်များအား အစားပြန်ဖြည့်ရမည့် ရိုဇာဟ်များနှင့် ကဖ္ဖါရဟ်၏ ရိုဇာဟ်များကို ဆိုလိုသည်။

ဝါဂျိဗ်တွင်လည်း နှစ်မျိုးရှိသည်။ တခုမှာ အချိန် အတိအကျသတ်မှတ်ထားသည့် နဇရ်ရိုဇာဟ် ဖြစ်သည်။ မည်သည့် နေ့၊ ရက်တွင် ရိုဇဟ်ထားမည်ဟု ကိုးထားလျှင် ယင်း နေ့တွင် ရိုဇဟ်ထားရန် ဝါဂျိဗ် ဖြစ်၏။

ဝါဂျိဗ်၏ ဒုတိယအမျိုးအစားမှာ အချိန်ဖြင့် ကန့်သတ်ထားခြင်း မရှိသည့် နဇရ်ရိုဇာဟ် ဖြစ်သည်။ ရိုဇာဟ်ထားမည်ဟုသာ ကိုးထားသည်။ မည်သည့်နေ့ ရက် စသည်များ ထည့်သွင်း သတ်မှတ်ထားခြင်း မရှိ။ ထို့အတူ နဖိလ်ရိုဇဟ်ထားမည်ဟု ရည်ရွယ်၍ ရိုဇာဟ်ကို အစပြုပြီးမှာ ဖျက်လိုက်လျှင် ယင်း ရိုဇာဟ်ကို ပြန်ဖြည့်ရန် ဝါဂျိဗ် ဖြစ်သည်။

📝နဖိလ်ရိုဇာဟ်📝
နဖိလ်ရိုဇာဟ်ကို ရမဿွာန်လနှင့် ရိုဇာဟ်ထားခွင့်မရှိသည့် နေ့ ငါးနေ့မှအပ တနှစ်ပတ်လုံး ကြိုက်သည့်နေ့ ရက်တွင် ထားနိုင်သည်။ နဖိလ်ရိုဇဟ်တွင် စွန္နသ်ရိုဇဟ်နှင့် မုစ်သဟဗ်ရိုဇဟ် ဟူ၍ နှစ်မျိုးရှိသည်။

အာရှူရာအ်နေ့နှင့် နောက်တရက် တွင်ထားရသည့် ရိုဇာဟ် (အာရှူရာအ်ရိုဇာဟ်နှစ်လုံး) တို့သည့် စွန္နသ် ရိုဇာဟ် ဖြစ်သည်။

📜မုစ်သဟဗ်ရိုဇဟ်📜
အရဖဟ်နေ့ (ဇိလ်ဟဂ်ျလ ကိုးရက်နေ့) ၏ ရိုဇဟ်၊ ရှောက်ဝလ်လ၏ ရိုဇဟ် ခြောက်လုံး၊ အပတ်စဉ် တနင်္လာနေ့နှင့် ကြာသပတေးနေ့တွင် ရိုဇဟ်ထားခြင်း၊ အရဗီလ၏ ၁၃၊ ၁၄၊ ၁၅ ရက်များတွင် ရိုဇဟ်ထားခြင်း၊ ဆောင်မေ ဒါဝူဒီခေါ် တရက်ခြား ရိုဇဟ်ထားခြင်း (ရမဿွာန်လမှအပ တခြားသော လများတွင် နေ့စဉ်ရက်ဆက် နဖိလ်ရိုဇဟ် ထားလိုပါက တရက်ခြား ထားခြင်းက အကောင်း ဆုံး ဖြစ်သည်။) ဇိလ်ဟဂ်ျလ အစမှ ကိုးရက်နေ့အထိ ရိုဇဟ်ထားခြင်း၊ ရှအ်ဗာန်လ ဆယ့်ငါးရက်နေ့၏ ရိုဇဟ်တို့ ဖြစ်သည်။ အထက်ပါ ရိုဇဟ်များအပြင် မည်သည့်နေ့ရက်တွင်မဆို နဖိလ်ရိုဇဟ်များ ထားခြင်းသည်လည်း မုစ်သဟဗ်ဖြစ်ပါသည်။ တမန်တော်မြတ် ဆွလ္လလ္လားဟု အလိုင်းဟိ ဝစလ္လမ်သည် ရက်၊ လများ သတ်မှတ်ခြင်းမရှိဘဲလည်း ရိုဇဟ်များစွာကို ထားတော်မူခဲ့သည်။ အထူးသဖြင့် ရှအ်ဗာန်လတွင် ရိုဇဟ် များစွာ ထားတော်မူသည်။

မှတ်ချက်။ ရိုဇဟ်များတွင် ရမဿွာန်လ၏ ရိုဇဟ်အား ထားမည်ဟု ရည်ရွယ်ပြီးမှ တမင်သက်သက် ရိုဇဟ်ပျက်စေသည့် လုပ်ရပ်များကို လုပ်လိုက်လျှင် ယင်းရိုဇဟ်အတွက် ကဖ္ဖရဟ် ရိုဇဟ် အလုံး ခြောက်ဆယ် ထားရမည်။ ရမဿွာန်လ၏ ရိုဇဟ်မှအပ ကျန်ရှိသော မည်သည့် ရိုဇဟ်တွင်မဆို ဖျက်ပါကလည်း ကဇွာသာ တာဝန်ရှိ၏။ ကဖ္ဖာရဟ် တာဝန်မရှိပါ။ ရိုဇဟ်တိုင်းတွင် ရိုဇဟ်ထားသည် ဟူသည့် ရည်ရွယ်ချက် ရှိရမည်။ ရိုဇဟ်ထားကြောင်း ရည်ရွယ်ပြီး ရိုဇဟ် စတင်လိုက်သည်။ ဖဂျရ်ဝင်ပြီးနောက် ရိုဇဟ်ပျက်သွားသည်ဖြစ်စေ၊ ဖျက်လိုက်သည် ဖြစ်စေ ယင်းရိုဇဟ်အား အစားပြန်ဖြည့်ရန် တာဝန်ရှိသည်။ နဖိလ်အိဗာဒသ်ကို အစပြုပြီးနောက် ဖျက်လိုက်လျှင် ယင်းအား အစားပြန်ဖြည့်ရန် တာဝန်ရှိသည်။ ပမာ နဖိလ်နမားဇ်ဖတ်နေသည်။ တခုခုကြောင့် နမားဇ်ဖျက်လိုက်လျှင် ယင်းနမားဇ်ကို အစားပြန်ဖြည့်ရမည်။ နဖိလ်ရိုဇဟ်ထားသည်။ အကြောင်းကြောင့် ပျက်သွားလျှင် သို့မဟုတ် ဖျက်လိုက်ရလျှင် အစားပြန်ဖြည့်ရပါမည်။

အလ်မုဖီးဒ်

မူရင်းရေးသားတင်ပြသူအားခရက်ဒစ်ပေးပါသည်။
.
<><><><><><><><<><><><><><><><><><><><><><><><><><><><><><><<><><><><><><><><><><><>

ရိုဇာဟ်နှင့်ပတ်သက်၍သိထားသင့်သောအချက်များ.

နီယသ်….
ရိုဇာဟ်စောင့်ထိန်းရာတွင်နီယသ်ပြုခြင်းသည်အလွန်အရေးကြီးလှပေသည်၊၊
နီယသ်ပြုရာတွင်နှုတ်ဖြင့်ရွတ်ဆိုမှ ပိုင်သည်မဟုတ် စိတ်ဖြင့်ရည်မှတ်လျှင်လည် လုံလောက်၏။
နှုတ်ဖြင့်နီယသ်ပြုနိုင်လျှင်ပို၍ကောင်း၏။နှုတ်ဖြင့်ဆိုခြင်းမပြုဘဲစိတ်ထဲ၌ပင်နီယသ်ပြုခြင်းဖြင့်မည်သို့မျှချို့ယွင်းချက်မရှိချေ။

တစ်နှစ်တာကာလအတွင်း ရိုဇာဟ်ဟရာမ်ဖြစ်စေသောရက် ( ၅ )ရက်ရှိသည်။
၁။ အီဒွလ်ဖစ်သစ်ရ်(ခေါ်)ဝါကျွတ်အီးဒ်နေ့
၂။ ဇိလ်ဟဂျ်လ(၁၀)ရက်(အီဒွလ်အသွ်ဟာ-ကုရ်ဗာနီအီးဒ်
၃။ ဇိလ်ဟဂျ်လ(၁၁)ရက်
၄။ ဇိလ်ဟဂျ်လ(၁၂)ရက်
၅။ ဇိလ်ဟဂျ်လ(၁၃)ရက် တို့ဖြစ်သည်။

ရိုဇဟ်တွင် မက္ကရူးဟ် ဖြစ်စေသောအချက်များ
(၁) တစ်စုံတစ်ရာဝါးခြင်း၊ ငုံထားခြင်း။

(၂) အစားအစာ တစ်စုံတစ်ရာကို မြီးခြင်း၊ (ခင်ပွန်းကိုကြောက်ရသောအမျီုးသမီး အနေဖြင့် ပြုခွင့်ရှိ၏။ သို့သော် ချက်ခြင်းထွေးပစ်ရမည်)

(၃) ပလုတ်ကျင်းရာတွင်လည်းကောင်း၊ နှာခေါင်းဆေးရာတွင် လည်း ကောင်း၊ ရေများစွာ ထည့်ခြင်း။

(၄) တံထွေးများကိုငုံထားပြီး မျိုချခြင်း။

(၅) အတင်းပြောခြင်း၊ မုသားပြောခြင်း၊ ဆဲရေးတိုင်းထွာခြင်း။

(၆) ရေချိုးရန်တာဝန်ထိုက်ပါလျှက်ရေမချိုးဘဲ ကြာမြင့်စွာနေခြင်း။

(၇) မီးသွေးခဲ၊ သွားတိုက်ဆေးဖြင့် သွားတိုက်ခြင်း။

(၈)မောပန်း ၍ နုန်းသောအသွင်ကိုဖော်ပြခြင်းစသည်တို့ဖြစ်သည်။

ရိုဇဟ် မကရူးဟ် မဖြစ်သောအချက်များ
(၁) စူရ်မာဆဲွဲခြင်း၊

(၂) ကိုယ်ပေါ် (သို့) ခေါင်းပေါ် ဆီလိမ်းခြင်း၊

(၃) ကိုယ်အေးစေရန် ရေချိုးခြင်း၊

(၄) (မစ္စဝါးက်) တံပူတိုက်ခြင်း၊

(၅) (အခိုးအငွေ့မရှိသော) ရေမွှေးနှင့် နံ့သာရှုခြင်း၊ လိမ်းခြင်း၊

(၆) မေ့လျော့၍စားသောက်မိခြင်း၊

(၇) မရည်ရွယ်ဘဲ အလိုအလျောက်အန်ခြင်း၊

(၈) မိမိတံထွေးကိုမျိုချခြင်း၊

(၉) မရည်ရွယ်ဘဲ လည်ချောင်းအတွင်းသို့ ယင်ကောင် (သို့မဟုတ်) မီးခိုးဝင်သွားခြင်း။ ဖော်ပြပါအချက်များသည် ရိုဇာဟ် လည်းမပျက်၊
မကရူးဟ်လည်မဖြစ်ပေ၊
From:: သအ်လီမွလ်အစ္စလာမ်အတွဲ(၄)မှကူးယူဖော်ပြခြင်းဖြစ်ပါသည်။

ရိုဇဟ် ပျက်စေသောအချက်များ
ရိုဇဟ် ပျက်စေသောအချက်များမှာ နှစ်မျိုးရှိ၏။
တစ်မျိုးမှာ – ရိုဇဟ်ပျက်၍ ထို(၁)ရက်အစား ကဿွာ(၁)ရက်သာ ပြန်ဖြည့်ရ၏။
ဒုတိယတစ်မျိုးမှာ ရိုဇဟ်ပျက်၍ ကဿွာဖြည့်ရမည့်အပြင် ကဖွာရာဟ်လည်း ထိုက်၏။

အောက်ပါအချက်များဖြင့် ”ရိုဇဟ်” ပျက်၍ ကဿွာသာဖြည့်ရ၏။
(၁) ရိုဇာစောင့်ထိန်းသောသူ၏ ပါးစပ်အတွင်းသို့ အခြားသူတစ်ဦးဦးက စားစရာတစ်ခုခု အတင်း ထိုးထည့်၍ လည်ချောင်းအတွင်း ဝင်သွားခြင်း။ အတင်းအဓမ္မ စားခိုင်းသဖြင့် စားမိခြင်း။

(၂) ရိုဇာစောင့်ထိန်းထားကြောင်း သတိရှိလျက်နှင့် ဝူဇူလုပ်နေစဉ် (သို့) ရေချိုးစဉ်လည်ချောင်းအတွင်း ရေဝင်သွားခြင်း။

(၃) အန်ထွက်လာသော အန်ဖတ်များကို ပြန်လည်မျိုချခြင်း။

(၄) လက်ထိုး၍ ပါးစပ်အပြည့် အန်ချခြင်း။

(၅) ကျောက်ခဲ (သို့)မြေကြီး (သို့) အုတ်ခဲစ (သို့) သစ်စေ့ (သို့) စက္ကူစ စသည့် လူသားများ စားလေ့ မရှိသောအရာကိုမျိုချခြင်း။

(၆) သွားကြားညှပ်နေသော ကုလားပဲစေ့ခန့်မျှ (သို့) ထိုထက်ကြီးသော အစားအစာ တစ်ခုကို လျှာဖြင့် ကလော်၍ မျိုချခြင်း။

(၇) ရောဂါတစ်စုံတစ်ရာကြောင့် ဤမျှခန့်သွေးများ (သို့) ပြည်များ သွားမှထွက်လာ၍ လည်ချောင်းထဲဝင်သွားခြင်း၊ အကြင်သွေး (သို့) ပြည်သည် အချိန်အဆ၌ တံတွေးနှင့်တန်းတူဖြစ်သွားခြင်း၊ (သို့) တံတွေးထက်ပို၍များသွားခြင်း။

(၈) မေ့လျော့၍ စားသောက်မိပြီး ရိုဇဟ်ပျက်ပြီဟုထင်၍ ထပ်မံစားသောက်ခြင်း။

(၉) အရုဏ်တက်ချိန် (စွတ်ဗ်ဟိစွာဒစ်က်) ရောက်ပြီးသောအခါ မိုးသောက်ချိန် မရောက်သေးဟု ထင်၍ စားသောက်မိခြင်း။

(၁ဝ) ရမ်ဿွန်လမှအပ အခြားရက်တွင်ထားသော နဖစ်လ်ရိုဇဟ်ကို တမင်ဖျက်ခြင်း။

(၁၁) နေ့အချိန်မကုန်သေးဘဲ မိုးသားများကြောင့် နေဝင်ပြီဟုထင်၍ အိဖ်သာရီ ပြုမိခြင်း။

(၁၂) မိမိ၏ဇနီးသည်အား နမ်းရှုံ့ခြင်းကြောင့် သုတ်ရည်ထွက်သွားခြင်း။

(၁၃) နားနှင့်နှာခေါင်းတွင်းသို့ စိုသောဆေးအားထည့်ခြင်း၊ (သို့) ခြောက်သွေ့သော ဆေးမှုံ့ထည့်ခြင်း၊ ၎င်းဆေးသည် လည်ချောင်းနှင့်ဦးနှောက်ထဲသို့ ရောက်သွားရန် ယုံကြည်ချက်ရှိနေခြင်း။ နားတွင်ဆီထည့်ခြင်း၊

(၁၄) အိမ်ပျော်နေသူ အေဟ်သေလာမ် (အိမ်မက်မက်ပြီး) ဖြစ်၍ရိုဇာဟ်ပျက်ပြီထင်၍ဝါဖြေလိုက်ခြင်း။

(၁၅) ပါးစပ်အပြည့်အံခြင်း။

(၁၆) လောဘန် (သို့) အမွှေးတိုင်၊ ခြင်ဆေးခွေ၊ ဆေးတံအခိုး၊ ဆေးလိပ်အငွေ့ အစရှိသည့်အရာများ၏ အငွေ့ကိုရည်ရွယ်ပြီး နှာခေါင်းတွင်းသို့ ရှုရှိုက်ခြင်း၊ လည်ချောင်းတွင်းသို့ဝင်သွားခြင်း။

(၁၇) ပါးစပ်ထဲသို့ မျက်ရည်(သို့) ချွေးစက်များဝင်ရောက်သွားခြင်း၊ ၎င်းအရာများ၏ အရသာကို သိရှိခံစားရပြီးနောက် မျိုချလိုက်ခြင်း။

(၁၈) မိမိ၏လက်ကို အကြောင်းပြု၍ မိမိ၏ ရှဟ်ဝသ် (ရမ္မက်ဆန္ဒ) အားဖြည့်ဆည်းခြင်း။

(၁၉) သေးသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ ပြင်ပရှိအရာတစ်ခုခုကို ပါးစပ်တွင်ထည့်၍ မျိုချခြင်း။

(၂၀) ဂက်(စ)ပန့် (INHALER) ရင်ကြပ်ပန်းနာ ဝေဒနာရှင်များအရေးပေါ်အသုံးပြုရသော ရှုသွင်းဆေးအသုံးပြုခြင်း။

(၂၁) နစ်ဝါးရ် (ကွမ်းစားဆေး) ငုံထားခြင်း။

အောက်ပါအချက်များဖြင့်ရိုဇာပျက်၍ကသွာဖြည့်ရမည့်အပြင်ကဖ်ဖာရဟ်ဖြည့်ရန်လည်းတာဝန်ဖြစ်လာပေသည်။
(၁) ရမ်ဇာန်လမြတ်တွင် ရိုဇဟ်စောင့်ထိန်းထားစဉ် အာဟာရ အဖြစ် (သို့) ဆေးအဖြစ် (သို့) အရသာခံရန် သုံးစွဲလေ့ရှိသော
အစာကို တမင်စားသုံးခြင်း၊ ရမဇာန်လမြတ်၏ ရိုဇာအား တမင်တကာ (မည်သည့်အကြောင်းခံမှ မရှိဘဲ) ဖျက်လိုက်ခြင်း။

(၂) သတိရလျက်ကိုယ်လက်နှီးနှောခြင်း၊ ရိုဇာရှိသည်ကို သိလျှက်နှင့် ဇနီးမောင်နှံပေါင်းသင်းဆက်ဆံလိုက်ခြင်း

(၃) သွေး ထုတ်ပြီး (သို့) စူရ်မာစွဲပြီး ရိုဇဟ်ပျက်ပြီဟု ထင်၍ တမင် စားသောက်လိုက် ခြင်း။
မှတ်ချက်— ရမ်ဇာန်လတွင်စောင့်ထိန်းရသောဖရပ်ဇ်ရိုဇာဟ်ကိုဖျက်ခြင်းဖြင့်သာ ကဖ်ဖာရာဟ်ဖြည့်ရ၏။ အခြားရိုဇဟ်ကိုဖျက်ခြင်းဖြင့်ကဖ်ဖာရဟ်မဖြည့်ရပေ။ ရမ်ဇာန်လ၏ ကသွာရိုဇဟ်ကိုဖျက်ခြင်းဖြင့်ပင် ကဖ်ဖာရဟ်မဖြည်
ရပေ။

ရိုဇဟ်၏ ကဖ်ဖာရဟ်
ကဖွာရဟ် ပြုလုပ်နည်း (၃)မျိုးရှိပါသည်။
၁။ ကျွန်ကို သူကောင်းပြုခြင်း၊

၂။ (၂)လတိတိ ရက်မခြားဘဲ ရိုဇာဟ်စောင့်ထိန်းခြင်း။

၃။ မရှိဆင်းရဲသား (၆၀)ယောက်ကို ညမနက် ထမင်းအဝကျွေးခြင်း၊ ဆင်းရဲသား (၆ဝ) အား တစ်ဦးလျှင် ဂျုံ စေ့ ၁ ပိဿာ ၆ဝ သားစီပေး ရမည်။ (သို့) ဂျုံစေ့ ၁ ပိဿာ ၆ဝ သား၏ တန်ဖိုးကို ပေးရမည်။ (သို့မဟုတ်ပါက) ထို တန်ဖိုးနှင့်ညီမျှသော
အခြားပစ္စည်း ဥပမာ ဆန်၊ ဆီ၊ ပဲစသည်တို့ပေးနိုင်၏။
ကဇွာ ရိုဇဟ်….စောနိုင်သမျှ စော၍ ကဇွာပြုလိုက်ခြင်းမှာအကောင်း ဆုံးဖြစ်သည်။ အကြောင်းမဲ့နှောင့်နှေးစေခြင်းမှာ မကောင်းချေ။

ရိုဇာဟ်မပျက်သောအချက်များ
(၁) မိစ်ဝါးက်တံပူစားခြင်း

(၂) ဦးခေါင်း (သို့မဟုတ်) နှုတ်ခမ်းမွှေးများ၌ဆီလိမ်းခြင်း

(၃) မျက်စိတွင်ဆေး (သို့မဟုတ်) စုရမဟ်ထည့်ခြင်း

(၄) အမွှေးအကြိုင်ရှူခြင်း

(၅) ပူလောင်ခြင်း (သို့မဟုတ်)ရေငတ်ခြင်းကြောင့်ရေချိုးခြင်း

(၆) ဆေးထိုးခြင်း၊ ဆေးသွင်းခြင်း၊ အကြောဆေးထိုးခြင်း၊ သွေးသွင်းခြင်း

(၇) မေ့လျော့၍စားသောက်မိခြင်း

(၈) လည်ချောင်းအတွင်းသို့ မရည်ရွယ်ဘဲ မီးခိုး (သို့မဟုတ်)ဖုန်မှုန့်များ၊ (သို့မဟုတ်) ယင်ကောင်စသည်တို့ ဝင်ရောက်သွားခြင်း
(၉) နားထဲသို့ ရေထည့်ခြင်း၊ (သို့မဟုတ်) အလိုအလျောက်ဝင်သွားခြင်း

(၁ဝ) အလိုအလျောက်အန်ခြင်း

(၁၁) အိဟ်သိလာမ်ဖြစ်ခြင်း

(၁၂) သွားများမှသွေးထွက်ခြင်း၊ သို့သော်လည်း လည်ချောင်းအတွင်း မဝင်သွားပါကရိုဇဟ်၌ မည်သို့မျှ အဟန့်အတားမဖြစ်ပါ။

(၁၃) အိပ်မက်၌ဖြစ်စေ (သို့မဟုတ်) ကိုယ်လက်နှီးနှောမှုကြောင့်ဖြစ်စေ ရေချိုးရန်တာဝန်ထိုက်သည်ကို စုဗ်ဟေဆွာဒစ်က် (စဟ်ရီကုန်ဆုံးချိန်အထိ) ရေမချိုးဘဲ ထိုအခြေအနေအတိုင်းပင် ရိုဇဟ်၏နိယသ်ပြု လိုက်လျှင် ရိုဇဟ်၌မည်သည့်ထိခိုက်မှုမျှမဖြစ်ပါ။ (ဂျဝါဟိရလ်ဖိကဟ်ကျမ်း၊ အတွဲ-၁၊စာ-၃၇၉)

(၁၄) ဝူဇူပြုရာ၌ဖြစ်စေ၊ ဝူဇူမပြုဘဲဖြစ်စေ ပါးလုပ်ကျင်းခြင်း၊ နှာခေါင်းထဲရေသွင်းခြင်း၊ ရေချိုးခြင်း၊

(၁၅) အအေးဓာတ်ရစေရန် ခန္ဓာကိုယ်ပေါ်၌ စိုသောအဝတ်တင်ထားခြင်း

(၁၆) ရိုဇဟ်ထားသူအဖို့ အားအင်နည်းပါးမှု မရှိလျှင်သွေးဖေါက်ခြင်း။
(ကိသာဗုလ်ဖိကဟ်ကျမ်း၊ အတွဲ-၁ စာ-၉၂၄)

ရမသွာန်လမြတ်အတွင်း ရိုဇာဟ် မထားပဲ နေခွင့်ရှိသူများ
(၁) ရောဂါကြောင့် အားအင်ချည့်နဲ့နေသဖြင့် ရိုဇဟ်မထားနိုင်ခြင်း။ (သို့မဟုတ်) ရောဂါတိုးလာမည်ကို လွန်စွာစိုးရိမ်ရလျှင် ရိုဇဟ်မထားဘဲ နေခွင့်ရှိသည်။

(၂) ကိုယ်ဝန်ဆောင်အမျိုးသမီးများအဖို့ ရိုဇဟ်ထားလျှင် ကလေးကိုဖြစ်စေ၊ (သို့မဟုတ်)မိမိကိုဖြစ်စေ အသက်အန္တရာယ် ထိခိုက်မည်ကိုစိုးရိမ်ရလျှင် ရိုဇဟ်မထားဘဲ နေခွင့်ရှိသည်။ နောက်မှကဇွာဖြည့်ရမည်။

(၃) မိမိ၏ကလေး (သို့မဟုတ်)အခြားသူတစ်ဦး၏ ကလေးအား နို့တိုက်ကျွေးနေရသော အမျိုးသမီးသည် ရိုဇဟ်ထားခြင်းဖြင့် ကလေးအတွက်နို့မရနိုင်လောက်အောင် ဒုက္ခရောက်မည်ကိုစိုးရိမ်ရလျှင် ရိုဇဟ်မထားဘဲ နေခွင့်ရှိသည်။ နောက်မှကဇွာ ဖြည့်ရမည်။

(၄) တရားတော်အရ ခရီးသယ်သည် (အနည်းဆုံး ၄၈ – မိုင်ဝေးသော ခရီးအားရည်ရွယ်၍ အိမ်မှထွက်ခွါလျှင်) ရိုဇဟ်မထားဘဲ နေခွင့်ရှိသည်။ အကယ်၍ခရီး၌ မည်သည့်ဒုက္ခ အခက်အခဲမျှမရှိလျှင် ခရီး၌ပင်ရိုဇဟ်ထားခြင်းက ပို၍မြတ်သည်။ အကယ်၍ ရိုဇဟ်ထားလိုက်ခြင်းဖြင့် မိမိကိုဖြစ်စေ၊ မိမိ၏ခရီးဖော်ကိုဖြစ်စေ၊ ဒုက္ခအခက်အခဲ တစ်စုံတစ်ရာ ဖြစ်ပေါ်လာနိုင်လျှင် ရိုဇဟ်မထား ခြင်းကပို၍မြတ်သည်။

(၅) ရိုဇဟ်ထားနေချိန် ခရီးထွက်ခြင်းဖြစ်လျှင် ယင်းရိုဇဟ်အား အပြည့်အဝထားရန်အရေးကြီးသည်။ အကယ်၍ စားသောက်ခြင်းပြုလျက် ခရီးမှပြန်ရောက်လာသူသည် ထိုနေ့၏ကျန်ရှိသည့် အချိန်များအတွင်း စားသောက်ခြင်းမှ ရှောင်ကြဉ်ရမည်။

(၆) ရိုဇဟ်မဖျက်လျှင် သတ်ဖြတ်မည်ဟုခြိမ်းခြောက်၍ ရိုဇဟ်ဖျက်ခိုင်းခြင်း ပြုခံလျှင် ယင်းရိုဇဟ်အားဖျက်ခြင်း ပိုင်သည်။ နောက်မှကဇွာဖြည့်ရမည်။

(၇) ရောဂါတစ်စုံတစ်ရာ (သို့မဟုတ်) မခံမရပ်နိုင်လောက်အောင် ဆာလောင်မွတ်သိပ်မှု ဖြစ်ခြင်းအပေါ် သာသနာကိုင်းရှိုင်းသည့် မုစ်လင်မ်သမားတော် (သို့မဟုတ်) ဆရာဝန်တစ်ဦးဦးက အသက်ပင်စိုးရိမ်ရသည်ဟု တင်ပြလာလျှင် ရိုဇဟ်ဖျက်ခြင်းပိုင်ရုံသာမက ဖျက်ရန်ဝါဂျစ်ဗ်ပင်ဖြစ်သည်။ နောင်တွင်ကဇွာဖြည့်ရမည်။

(၈) အမျိုးသမီးများအတွက် ဟိုက်ဇ်(ဓမ္မတာ သွေးပေါ်ချိန်) နှင့် နိဖားစ်(သားဖွားပြီးသွေးဆင်းချိန်)ရက်များအတွင်း ရိုဇဟ်ထားခြင်းမပိုင်ပါ။ ၎င်းရက်များ၌ ရိုဇဟ်မထားဘဲ နောင်တွင် ကဇွာဖြည့်ရမည်။ ရောဂါသည်၊ ခရီးသည်၊ ဟိုက်ဇ်နှင့်နိဖားစ်ဖြစ်ပေါ်နေသော အမျိုးသမီးတို့သည် ရမဇာန်လ၌ရိုဇဟ်မထားဘဲ စားသောက်ခြင်းပိုင်သည်။ သို့သော် ရမဇာန်လမြတ်၏ကြီးကျယ်မြင့်မြတ်မှုကို ထောက်ရှုသောအားဖြင့် လူအများရှေ့၌ စားသောက်ခြင်းမပြုမိရန် ဆင်ခြင်ရမည်။ (ဂျဝါဟိရွလ်ဖိကဟ်ကျမ်း၊ အတွဲ-၁၊ စာ-၃၈၁)

From:: သအ်လီမုလ် အတွ်ဖလ်

From:: http://aaitee.blogspot.com/2014/07/blog-post_9.html

From::  http://aaitee.blogspot.com/2013/07/blog-post_9.html

Image From:: https://creativeword.uk.com/blog/uae/ramadan-means-observed/

ပြုစုသူ ။…….။ အလ်ဟာဂျ် မော်လာနာ ကာရီ ဟာဖစ် မုဟမ္မဒ် ယဟ်ယာ ( ဘင်န် )
အလ်ဟာဂျ် မော်လာနာ မွတ်ဖ်သီ ရှမ်စွဒ်ဒိုဟာ-မဇွာဟေရီ
ဟဒီးစ်ပါမောက္ခချုပ်နှင့် ကျောင်းအုပ်ဆရာကြီး ဆူဖီယတ် အစ္စလာမ်သာသနာ့တက္ကသိုလ်
<><><><><><><><<><><><><><><><><><><><><><><><><><><><><><><<><><><><><><><><><><><>
ရိုဇဟ်ဥပုဿ်စောင့်ထိန်းခြင်းဆိုင်ရာမတ်စ်အလဟ်ရှင်းလင်းချက်များ


လမြတ်ရမ်ဇာန်၌ ရိုဇဟ်စောင့်ထိန်းရန် တာဝန်ရှိသူများမှာ အသိဉာဏ်ရှိ၍ အရွယ်ရောက်သော မွတ်စလင်မ် ယောင်္ကျားနှင့် မိန်းမ များ ဖြစ်ကြသည်။ တရားတော်အရ အကြောင်းမခိုင်လုံဘဲ ရိုဇဟ်ကို စွန့်လွတ်ခွင့်မရှိပေ။

ရိုဇဟ်စောင့်ထိန်းရာမှ ခွင့်လွှတ်ချက်ရှိသူများ

အချို့သော အခြေအနေ မပေးမှုနှင့် သတ်သက်၍ တရားတော်မြတ်သည် ရိုဇဟ်စောင့်သူများအတွက် လွယ်ကူမှုပြုထားပေသည်။

ပမာဆိုရသော်-

၁။ ရောဂါသည်၊

၂။ ခရီးသည်၊

၄။ နို့ထိန်းသည်၊

၅။ အားအင်မရှိသော အဘိုးအဘွား၊

 ၆။ ဆာလောင်မွတ် သိပ်ခြင်းကြောင်း ဆောက်တည်မရ ဖြစ်သူ၊

အထက်ဖော်ပြပါ အကြောင်းနှင့် ပြည့်စုံသော အခြေအနေမပေးသူများအား ရိုဇဟ်စောင့်ထိန်းခြင်း မှ ခွင့်  လွှတ်ချက် ရှိပေသည်။ သို့သော် လမြတ်ရမ်ဇာန်၏ ကြည်ညိုလေးစားအပ်မှုကိုကား အားလုံး အပြည့်အဝ ထားရမည်။ လူသူအများရှေ့တွင် စားသုံးခြင်း မပြုရ၊ မျှော် လင့်ချက်ကင်းဝေးသော အဘိုး  အဘွားများမှအပ ကျန်အားလုံးသော ပုဂ္ဂိုလ်တို့မှာ ရမ်ဇာန်ဥပုသ်လွတ်သွားလျှင် လွတ်သမျှသော ဥပုသ်သီ တင်းကိုပြန်လည်စောင့်ထိန်းရမည်ဖြစ်ပေသည်။(ရှာမီ)

အခြေအနေမပေးမှုများမှာ အဘယ်အရာများဖြစ်ကြောင်း အတိုချုံ့၍ ယခုရေးသား တင်ပြအပ် ပေသည်။

၁။ ရောဂါသည်၊ ရောဂါသည်ဆိုသည်မှာ အကယ်၍လူတစ်ဦးတစ်ယောက်အား ဥပုသ်သီတင်း မစောာင့်ထိန်းနိုင်လောက်အောင် ရောဂါကြီးနေလျှင်သော်လည်းကောင်း၊ သို့မဟုတ် ဥပုသ်စောင့် ထိန်းခြင်းအားဖြင့် ရောဂါဘယတိုးသွားမည်ကိုလည်းကောင်း၊ သို့မဟုတ် ရောဂါသည်အား အသက်အန္တရာယ်ကြီးစေ၍ ကျွမ်းကျင်သောဆရာဝန် ၏ အကြံဉာဏ်ပြုချက်အရ ဝါရှောင်လျှင် ထိခိုက်စေမည်ဖြစ် ကြောင်း စသည်များနှင့် ရင်ဆိုင်နေရသော ရောဂါသည်များဖြစ်ပြီး ထိုသို့ဖြစ်နေစဉ် လတ်တလောတွင် ရိုဇဟ်ထားခြင်းမှ ရပ်နားခွင့် ရှိလေ သည်။ ထို့နောက် ကျန်းမာရေး ရရှိလာလျှင် ဖြည့်စွက်ထားရမည်။

၂။ ခရီးသည်မှာ ကဆွရ်ဖတ်ထိုက်ရန်မျှ ရှည်လျားသောခရီးတွင် အကယ်၍ ခရီးသည် တစ်ဦးဦးအား ထိုခရီးစဉ်၌ ဝါရှောင်စေလျှင် အတိ ဒုက္ခရောက်မည်ဖြစ်သော် ထိုအခါ ရိုဇဟ်စောင့်ခြင်းမှ ရပ်နားခွင့်ရှိလေသည်။ ထို့နောက် ၎င်းခရီးပြီးဆုံးလျှင်ရိုဇဟ်ပြန်ထားရပေမည် ။အကယ်၍ ခရီးစဉ်၌ အခက်အခဲမရှိလျှင် ရိုဇဟ် စောင့်ထိန်းခြင်းသည်မြတ်၏။ (ရှာမီ)

၃။ အိုမင်းမစွမ်းဖြစ်ခြင်းဆိုသည်မှာ ရိုဇဟ်စောင့်ထိန်းရန် အားအင်ပင်လျှင် မရှိတော့သော သူကိုဆိုလို၏။ ထိုကဲ့သို့သောပုဂ္ဂိုလ် သည် ပြည်လည်အားအင်ပြည့်ဖြိုးလာသော် ရိုဇဟ်စောင့်ထိန်း ရပေမည်။ အင်းအား ပြန်လည်ရရှိနိုင်ရန် မျှော်လင့်ချက်ပင်မရှိတော့လျှင် ဖိဒိ ယာ ပေးဆောင်ရပေမည်။ ဖိဒိယာမှာ ဝါတစ်လုံးလျှင် ဖစ်သ်ရဟ်ခန့်မျှ ဂျုံတစ်ပိဿာနှင့် တစ်ဆယ်သား သို့မဟုတ် ဝါတစ်လုံးလျှင် သူဆင်း ရဲတစ်ဦးအား ထမင်းနှစ်နပ်အဝ ကျွေးရမည်ဖြစ်၏။  (ရှာမီ)

၄။ ဆာလောင်မွတ်သိပ်ခြင်းမှ ဆောင်တည်ရာမရ ဖြစ်ခြင်းသဘောမှာ ဝါရှောင်ရာ၌ အသက် အန္တရာယ် ဖြစ်နိုင်လောက်အောင် ဆာလောင်မှုပြင်းပြခြင်းကို ဆိုလို၏။ ထိုအခါမျိုးတွင် ရပ်နားထားခွင့်ရှိ၏။ သို့သော် ဤခွင့်ပြုချက်သည် သဘာဝအလျှောက် ဆာလောင် မွတ်သိပ်ခြင်းဖြစ်သာ တရားဝင်၏။ (အာလမ်ဂီရ်)

၅။ ကိုယ်ဝန်ဆောင်တွင် အကယ်၍ကိုယ်ဝန်သည် အမျိုးသမီးအား ဝါရှောင်ခဲ့လျှင် ခန္ဓာကိုယ်၌ လည်းကောင်း၊ ဝမ်းတွင်းရှိကလေး ၌သော်လည်းကောင်း၊ထိခိုက်မည်ကို စိုးရိမ်ရလျှင် ရိုဇဟ်မှ ရပ်နားခွင့် ရှိပေ၏။ သို့သော် ကလေးဝမ်းမှ ကျွတ်၍သန့်ရှင်းပြီးနောက် ပြန် လည်စောင့်ထိန်းရပေမည်။ (ရှာမီ)

၆။ နို့ချိုတိုက်ကျွေးခြင်း၊ အကယ်၍ ဝါရှောင်လျှင်ကလေးအား ထိခိုက်မည်ဟု မျှော်လင့်ရလျှင် နောင်မှ ထားပိုင်၏။ (ရှာမီ)

၇။ ရာသီပန်းပွင့်ခြင်းနှင့် မီးတွင်း၌ရှိခြင်း၊ ဤကဲ့သို့ ကိုယ်မသန့်သော အမျိုးသမီးများ ရိုဇဟ်ထား ခွင့်မရှိချေ။ ဤသည်မှာ သဘာဝ ၏ ချွင်းချက်မှု ဖြစ်လေသည်။

ရိုဇဟ်၏နိယသ်အကြောင်း

ရိုဇဟ် အသီးသီးအတွက် နိယသ်ပြုရန်လည်း အရေးကြီး၏။ နိယသ်၏ အဓိပ္ပာယ်မှာ အဓိဌာန်  ပြုခြင်းဖြစ်သည်။ သဘောမှာ မိမိ စိတ်တွင်း ၌ ကျွန်တော်မျိုးမသည် ဝါရှောင်ရန် ရည်စူးအပ်သည်ဟု ပြောကြားရမည်။ ဤမျှ ရည်ရွယ်လိုက်ရုံမျှဖြင့်ရိုဇဟ်ပြီးမြောက်သွား ပေ အံ့၊ အကယ်၍ နှုတ်လျှာဖြင့်လည်း ထိုစကားလုံးများကို ဖတ်လိုက်လျှင်သာ မြတ်ပေ၏။  (အာလမ်ဂီရ်)

ကဇာရိုဇဟ်များ၏ မတ်စ်အလဟ်များ

မတ်စ်အလဟ် ရှင်းလင်းချက်(၁)

အကြောင်းတစ်စုံတရာကြောင့် လွတ်ခဲ့ရသော ရိုဇဟ်ကိုအတတ်နိုင်ဆုံး အဆောတလျင်ဆုံး ကဇာစောင့်ထိန်းရပေမည်။ အကြောင်းမဲ့ ကြန့်ကြာစေခြင်းသည် ဂုနဟ်ဖြစ်၏။ လူ၏ ဘဝသက်တမ်း သည်လည်း စိတ်ချနိုင်စရာ မရှိ။ ဘယ်သောအခါ ဘဝဆုံးမည်ကို မ သိရှိနိုင်ရချေ။ (ဟေဒါယာ)

မတ်စ်အလဟ် ရှင်းလင်းချက်(၂)

ကဇာဖြည့်စွက်ရန် ရိုဇဟ်များကို ညကတည်းက နိယသ်ပြုရန် အရေးကြီး၏။ နံနက်မိုးလင်းမှ နယသ်ပြုလျှင် နဖိလ်ရိုဇဟ်ဖြစ်သွား အံ့။ ထိုအခါ ကဇာထပ်မံ စောင့်ထိန်းရပေမည်။ (ဟေဒါယာ)

မတ်စ်အလဟ် ရှင်းလင်းချက်(၃)

ကသွာရိုဇဟ်များကို ဆက်တိုက်သော်လည်းကောင်း၊ ရက်ခြား၍သော်လည်းကောင်း၊ စောင့်ထိန်း နိုင်ခွင့်ရှိလေ၏။(ဟေဒါယာ)

မတ်စ်အလဟ် ရှင်းလင်းချက်(၄)

လူတစ်ဦးတွင် ရမ်ဇန်တစ်လ၏ ရိုဇဟ်စောင့်ထိန်းရန် တာဝန်ရှိနေ၏။ ၎င်းကိုမဖြည့်စွက်သေးမီ ဒုတိယရမ်ဇာန်ရောက်ရှိလာ၏။ ၎င်းနောက် ဒုတိယရမ်ဇာန် ရိုဇဟ်များလည်း ကသွာဖြစ်သွားပြန်၏။ ထိုအခါ ၂-နှစ်စလုံး၏ ရိုဇဟ်ကို စောင့်ထိန်းရန် အရေးကြီးပေ၏။ ဖြည့် စွက်စောင့်ထိန်းသောအခါ မည်သည့်ရမ်ဇာန်လ၏ ရိုဇဟ်ဖြစ်ကြောင်း နိယသ်ပြု၍စောင့်ထိန်းရပေမည်။ (ဒွရ်ရေမွခ်သာရ်)

မတ်စ်အလဟ် ရှင်းလင်းချက်(၅)

ရိုဇဟ်စောင့်ထိန်းရန် တာဝန်ရှိနေ၏။ ထိုအခိုက်၌ပင် ဒုတိယရမ်ဇာန်လ ရောက်ရှိလာသော် ဦးစွာ လက်ရှိ ရမ်ဇာန်၏ ရိုဇဟ်ကို စောင့်ထိန်းရပေမည်။ ယခင်ကျန်ရှိသော ရိုဇဟ်ကို အီဒ်အမြီး၌ ဆက်လက်  စောင့်ထိန်းရမည် ဖြစ်သည်။ (ဟေဒါယာ)

မတ်စ်အလဟ် ရှင်းလင်းချက်(၆)

လူတစ်ဦးသည် ရမ်ဇာန်တစ်လုံးရူးသွပ်နေခဲ့၏။ ထို့နောက်ရမ်ဇာန်ကုန်လွန်ပြီး ကောင်းမွန်သွားလေ၏။ ထိုအခါ၎င်းကို ကသွာဖြည့် စွက်ရန်မလိုပေ။ အကယ်၍ ရမ်ဇာန်လ၌ပင် ကောင်းမွန် သွားသော် ထိုရူးသွပ်နေစဉ်က လွတ်ကျန်ခဲ့သော ရက်များကို ထပ်မံကသွာပြုရန် ဝါဂျစ်ဗ် ဖြစ်ပေ၏။ (ဟေဒါယာ)

မတ်စ်အလဟ် ရှင်းလင်းချက်(၇)

လူတစ်ဦးသည် ရမ်ဇာန်တစ်လလုံး သတိလစ်မေ့မျောနေခဲ့၏။ ထို့နောက်ရမ်ဇာန်အပြီး၌ သတိ ရလာခဲ့၏။ ထိုအခါ ၎င်းရမ်ဇာန်လ ရိုဇဟ်အားလုံး၏ ကသွားပြုရပေမည်။

မတ်စ်အလဟ် ရှင်းလင်းချက်(၈)

လူတစ်ဦးသည် ရိုဇဟ်စောင့်ထိန်းနေစဉ် သတိလစ်သွား၏။ထိုဖြစ်ရပ်သည် တစ်နေ့တာထက် လွန်သွားပေ၏။ ထိုအခါ ရိုဇဟ်ထား လျက် သတိလစ်မေ့သွားသည့်နေ့မှအပ ကျန်ရက်များ၏ ရိုဇဟ်ကို ကသွာဖြည့်စွက်ရပေမည်။ သတိစတင်လစ်သွားခဲ့သောရိုဇဟ်မှာ နိယသ် မှန်ကန်နေသော်ကြောင့် ထိုနေ့၏ ရိုဇဟ်ကို ထပ်မံစောင့်ထိန်းရန် မလိုတော့ပေ။ အကယ်၍ ထိုနေ့၌ ရိုဇဟ်ထားခဲ့ခြင်းမရှိမူ သို့မဟုတ် ထိုနေ့ ၌ လည်ချောင်းတွင်းသို့ ဆေးထည့်လိုက်သည်ရှိမူ ထိုနေ့၏ ကသွာဝါဂျစ်ဗ်ဖြစ်ပေ၏။ (ဗဟဲရှ်သီဇေဝရ်)

မတ်စ်အလဟ် ရှင်းလင်းချက်(၉)

ခံတွင်းကျင်းနေစဉ် အမှတ်မဲ့ လည်ချောင်းအတွင်းသို့ ရေဝင်သွား၏။ ထို့ပြင် ၎င်းအနေဖြင့် ရိုဇဟ်စောင့်ထိန်းထားမှန်းလည်းသိရှိမူ ထိုရိုဇဟ်၏ ကသွာပြုရန် ဝါဂျစ်ဗ်ဖြစ်ပေ၏။ (အာလမ်ဂီရ်)

မတ်စ်အလဟ် ရှင်းလင်းချက်(၁၀)

လူတစ်ဦးသည် ရိုဇဟ်စောင့်ထိန်းထားလျက် မေ့မှားကာတစ်စုံတစ်ရာ စားလိုက်၏။ ထို့နောက် ရိုဇဟ်ပျက်သွားလေပြီဟုမှတ်၍ တဖန်ဆက်ပြီး စားသုံးလိုက်လေ၏။ ထိုအခါ ရိုဇဟ်ပျက်သွားလေတော့သည်။ သို့ဖြစ်၍ ၎င်းကိုကသွားပြုရန် ဝါဂျစ်ဗ်အရေးကြီးပေ၏။ (အာလမ်ဂီရ်)

မတ်စ်အလဟ် ရှင်းလင်းချက်(၁၁)

လူတစ်ဦးသည် ရိုဇဟ်စောင့်ထိန်းထားရင်း နားအတွင်းသို့ဆေး(သို့မဟုတ်) ဆီထည့်လိုက်သည်ရှိသော် ထိုအခါ ရိုဇဟ်ပျက်သွား လေသည်။ ထိုအခါ ကသွာပြုရပေမည်။ (ဒွရ်ရေမွခ်သာရ်)

မတ်စ်အလဟ် ရှင်းလင်းချက်(၁၂)

လူတစ်ဦးသည် ဝါထမင်းစားချိန်၌ မနိုးခဲ့ပေ။ထို့နောက်ဇိုဟရ်အချိန်ထိတိုင် မစားသုံးဘဲ ရိုဇဟ်  နိယသ်ပြုရကောင်းနိုးနိုင်းနှင့် ရှိခဲ့၏။ ထို့နောက် ဇိဟရ်အချိန်တွင် ရိုဇဟ်ဖျက်လိုက်လေသည်။ ထိုအခါ ကသွာပြုရပေမည်။ (ဒွရ်ရေမွခ်သာရ်)

မတ်စ်အလဟ် ရှင်းလင်းချက်(၁၃)

တိမ်ထူနေသောကြောင့် နေဝင်ပြီဟုတ်မှတ်ယူ၍ ဝါဖြေလိုက်၏။ ထို့နောက်တွင် နေထွက် ပေါ်လာ၏။ သို့ရှိရာ ထိုရိုဇဟ်သည် လည်းကသွာမျှသာ ထိုက်ပေသည်။ (ဟေဒါယာ)

မတ်စ်အလဟ် ရှင်းလင်းချက်(၁၄)

လူတစ်ဦးသည် အလွန်ဆာနေသည်မှာ အသက်ထွက်လုမတတ်ပင် ရှိနေ၏။ သို့ဖြစ်သောကြောင့် ဥပုသ်ဖျက်သိမ်းလိုက်ရလေ သည်။ ထိုအခါ ၎င်းအဖို့ ကသွာမျှသာ ထိုက်ပေသည်။ (ဒွရ်ရေမွခ်သာရ်)

မတ်စ်အလဟ် ရှင်းလင်းချက်(၁၅)

အမျိုးသမီးတစ်ဦးသည် ရိုဇဟ်ထားနေစဉ် ဓမ္မတာရာသီဆင်းလာ၏။ ထိုအခါတွင် ၎င်းသည်ကသွာပြုရန်အရေးကြီလေသည်။ ထို ဖြစ်စဉ်၌လည်း ညနေနေဝင်သည့်တိုင်လူသူအများရှေ့တွင် မစားသုံးဘဲ နေခြင်းသည် မြတ်ပေ၏။

မတ်စ်အလဟ် ရှင်းလင်းချက်(၁၆)

သူနာပြုသည် လူနာ၏အင်္ဂါဇာတ်အတွင်းသို့ လက်ထည့်သည်။ သို့မဟုတ် မိမိကိုယ်တိုင် လက်ချောင်းကိုထည့်သည်။ ထို့အပြင် ထည့်ထားသောလက်ကိုအနည်းငယ်ထုတ ၍ပြန်ထည့် လိုက်သည်။ ထိုအခါ ရိုဇဟ်ပျက်သွားလေသည်။၎င်းရိုဇဟ်၏ ကသွားပြုရန် ဝါဂျစ်ဗ် ဖြစ်ပေသည်။ သို့မဟုတ် ပထမအကြိမ် ထည့်သောလက်ချောင်း၌ ဆေးသော် လည်းကောင်း၊ရေစွတ်စိုလျက်သော်လည်းကောင်း၊ ရှိခဲ့မူ ပထမအကြိမ်ကတည်းကပင် ရိုဇဟ်ပျက်သွားပေ၏။ ၎င်း၏ ကသွာမှာ ဝါဂျစ်ဗ်ဖြစ်ပေ၏။ (ဗဟဲရှိသီးဇေဝရ်)

မတ်စ်အလဟ် ရှင်းလင်းချက်(၁၇)

ပါးစပ်အတွင်းတွင် ကွမ်းငုံထား၍ အိပ်ပျော်သွား၏။ ထို့နောက်နံနက်မိုးလင်းမှ အိပ်ရာမှ နိုးကြားလာခဲ့၏။ ထိုအခါ ရိုဇဟ်မပိုင်ချေ။ ၎င်းကို ကသွာထားရပေမည်။

မတ်စ်အလဟ် ရှင်းလင်းချက်(၁၈)

လူတစ်ဦးသည် ရိုဇဟ်ထားလျက် နှာရှူဆေးမှုန့်ကို ရှူရှိုက်လိုက်သည်။ သို့မဟုတ် နားတွင်းသို့ ဆီလောင်းထည့်လိုက်သည်။ သို့ တည်းမဟုတ် ဝမ်းချူလိုက်သည်။ ထိုအခါတွင် ရိုဇဟ်ပျက် သွားလေ    တော့သည်။ ထိုရိုဇဟ်မှာကသွားသာ ထိုက်ပေသည်။ (ဟေဒါယာ)

မတ်စ်အလဟ် ရှင်းလင်းချက်(၁၉)

လူတစ်ဦးသည် ရိုဇဟ်ထားလျက် ဆီးထွက်ရာနေရာတွင် ဆေးထည့်လိုက်မူ ၎င်း၏ ရိုဇဟ်သည် လည်းပျက်၏။ ၎င်းအားကသွာပြု ရန် ဝါဂျစ်ဗ် ဖြစ်သည်။ (ဗဟဲရှ်သီးဇေဝရ်)

မတ်စ်အလဟ် ရှင်းလင်းချက်(၂၀)

သွားကြားတွင် အသားများညပ်၍ ကျန်နေ၏။ ထို့အပြင်ထိုညပ်နေသော အရာကိုမျိုချလိုက်၏။ ၎င်းအသားသည် ‘ကြနာ’ ကုလားပဲ လုံးခန့်မျှ သို့မဟုတ် ၎င်းထက်များလျှင် ရိုဇဟ်ပျက်လေ သည်။ သို့ဖြင့် ကသွားပြုရန် ဝါဂျစ်ဗ်ဖြစ်ပေ၏။ (ဒွရ်ရေမွခ်သာရ်)

ရိုဇဟ်၏ ကသွာနှင့် ကပ်ဖာရဟ်၏ မတ်စ်အလဟ်များ

ကပ်ဖာရဟ်၏ မတ်စ်အလာနှင့် စပ်လျဉ်း၍ ဦးစွာ ဤသည်ကိုသိထားရန် အရေးကြီး၏။ ကဖ်ဖာရဟ်မှာ လမြတ်ရမ်ဇာန်၏ဝါကို ချိုး ဖျက်ခြင်းဖြင့်သာ ထိုက်ပေ၏။ ထို့ပြင် အခြားသော ရိုဇဟ်များကို ချိုးဖျက်ခြင်းဖြင့် ကဖ်ဖာရဟ်မထိုက်ပေ။ သို့သာမက ရမ်ဇာန်၏ ရိုဇဟ်ကို ဖြည့်စွက် ထားရာမှ ၎င်းကိုပင် ချိုးဖျက်ခဲ့သော်လည်း ၎င်း၏ ကသွာသာထိုက်ပေ၏။ ကဖ်ဖာရဟ်မထိုက်ပေ။ ကဖ်ဖာရဟ်ဝါဂျစ်ဗ်ထိုက်ခြင်းမှာ နည်းများစွာရှိသည်- ဥပမာ

၁။ ရိုဇဟ်စောင့်ထိန်းလျှက်ရှိကြောင်း သိပါလျက် ဆေးဝါးတစ်စုံတစ်ရာကိုသော်လည်းကောင်း သို့မဟုတ် အာဟာရ တစ်စုံတစ်ရာ ကိုသော်လည်းကောင်း၊ စားသုံးလိုက်ခြင်း။

၂။ ရိုဇဟ်စောင့်ထိန်းနေပါလျက် လင်ခန်းမယားခန်းပြုလိုက်ခြင်း။

၃။ စွရ်မာထည့်ခြင်းကိုလည်းကောင်း၊ ခွဲစိတ်၍ဆေးထည့်ခြင်းကိုလည်းကောင်း၊ ဝါပျက်ပြီဟု မှတ်ယူ၍ စားသုံးလိုက်ခြင်းစသော အခြေအနေများတွင် ကသွာနှင့် ကဖ်ဖာရဟ်နှစ်ရပ်စလုံး ဝါဂျစ်ဗ်ထိုက်ပေသည်။ (အာလမ်ဂီရ်)

မတ်စ်အလဟ် ရှင်းလင်းချက်(၁)

လမြတ်ရ်ဇာန်တွင် တရားတော်မြတ်၌ ပြဋ္ဌာန်းထားသော အကြောင်းတရား မခိုင်လုံဘဲ ရိုဇဟ်ချိုးဖျက်လိုက်ခြင်း၏ ကဖ်ဖာရစ်ဒဏ် ဆောင်ချက်မှာ ရိုဇဟ်အလုံးခြောက်ဆယ်ကို တစ်ဆက် တည်း အဆက်မပြတ် စောင့်ထိန်းရန်ဖြစ်သည်။ အကယ်၍စောင့်ထိန်းနေစဉ် အ ကြောင်းတစ်ခုခုဖြင့် လွတ်သွားခဲ့သော် အစမှပြန်လည် စောင့်ထိန်းရမည် ဖြစ်ပေသည်။(ဗဟ်ရွရ်ရာအိက်)

မတ်စ်အလဟ် ရှင်းလင်းချက်(၂)

အကယ်၍ ကဖ်ဖာရဟ်ရိုဇဟ်ကို ထမ်းရွက်နေစဉ် ဓမ္မတရာသီပေါ်လာသော် ရပ်ဆိုင်းလိုက်ရ၏။ ဤသည်မှ တရားတော်အရခိုင်လုံ သော အကြောင်းဖြစ်၍ သန့်ရှင်းပြီးလျှင် ပြီးချင်း ကျန်ရိုဇဟ်များကို ဖြည့်စွက်၍ အလုံးခြောက်ဆယ်ဖြည့်ဆည်း စေရမည်။

မတ်စ်အလဟ် ရှင်းလင်းချက်(၃)

ကဖ်ဖာရဟ်ထမ်းရွက်နေစဉ် သားဖွားခြင်းကြောင့် ထိုဇဟ်များပျက်ပြားခဲ့လျှင် သို့မဟုတ် ကျန်ရစ် သွားလျှင် ထိုကဖ်ဖာရဟ်မ မြောက်ပေ။ အစ အလယ် အဆုံး ပြန်လည် စောင့်ထိန်းရပေမည်။ (ဗဟ်ရှ်သီးဇေဝရ်)

မတ်စ်အလဟ် ရှင်းလင်းချက်(၄)

အမျိုးသမီးတစ်ဦးသည် ရိုဇဟ်စောင့်လျက် အိပ်မောကျနေ၏။ ထိုစဉ် ၎င်း၏ခင်ပွန်းသည် သူမကို  ပေါင်းသင်းလိုက်၏။ ထိုအခါ ရို ဇဟ်ပျက်သွားတော့၏။ သို့သော် အမျိုးသမီးအပေါ်၌ ကသွာမျှသာ တာဝန်ကျပေသည်။ ခင်ပွန်းသည်အပေါ်၌ ကသွာနှင့် ကဖ်ဖာရဟ် နှစ်ရပ် စလုံး ဝါဂျစ်ဗ်ဖြစ်ပေသည်။ (ဗဟဲရှ်သီးဇေဝရ်)

မတ်စ်အလဟ် ရှင်းလင်းချက်(၅)

ကဖ်ဖာရဟ်ရိုဇဟ်များ စောင့်ထိန်းနေစဉ် ရမ်ဇန်လမြတ်ဆိုက်ရောက်လာလေသော် ထိုအခါ ဦးစွာလက်ရှိ ရမ်ဇာန်၏ ရိုဇဟ်ကို စောင့်ထိန်းရမည်။ အိဒ်ပြီးနောက်တွင် ကဖ်ဖာရဟ်ရိုဇဟ်များကို ပြန်လည်စောင့်ထိန်းရပေမည်။

မတ်စ်အလဟ် ရှင်းလင်းချက်(၆)

လူတစ်ဦးတွင် ကဖ်ဖာရစ်ရိုဇဟ်များ စောင့်ထိန်းရန် အားအင်ရှိသော် သူဆင်းရဲ ခြောက်ဆယ်ကို ထမင်းနှစ်နှပ် ကျွေးမွေးရပေ သည်။ စားသုံးသည့် ဆင်းရဲသားများမှာ အရွယ်ရောက်သူများ ဖြစ်စေရမည်။ကလေးများဖြစ်လျှင် ကပ်ဖာရဟ်မမြောက်ချေ။ (ရှာမီ)

သူဆင်းရဲများအား မကျွေးမွေးဘဲ တစ်ဦးလျှင် ဆွဒကဟ်ဖိသိရ်ခန့်မျှ ဂျုံစေ့ကိုသော်လည်း ကောင်း၊ တန်ဖိုးကိုသော်လည်းကောင်း ပေးလိုက်လျှင်လည်းပေးပိုင်၏။

မတ်စ်အလဟ် ရှင်းလင်းချက်(၇)
သူဆင်းရဲအားမကွေးမွေးဘဲတစ်ဦးလျှင် ဆွဒ်ကဟ်ဖိတ်ရဟ်ခန့်မျှဂျုံစေ့ကိုသော်လည်းကောင်း၊တန်ဖိုးကိုသော်လည်ကောင်း ပေးလိုက်လျှင်လည်း ပေးပိုင်၏။

မတ်စ်အလဟ် ရှင်းလင်းချက်(၈)

သူဆင်းရဲတစ်ဦးအား ရက်ပေါင်းခြောက်ဆယ်ထိတိုင်ညမနက် ကျွေးမွေးခြင်းသော်လည်းကောင်း၊ ဂျုံ သို့မဟုတ် ၎င်း၏တန်ဖိုးကို သော်လည်းကောင်း၊နေစဉ်ပေးဆောင်ခြင်းသည်လည်း ပိုင်၏။ (အာလမ်ဂီရ်)

မတ်စ်အလဟ် ရှင်းလင်းချက်(၉)

အကယ်၍ ရက်ပေါင်းခြောက်ဆယ်အတွက် ဂျုံစေ့ကိုတွက်ချက်၍ သူဆင်းရဲတစ်ဦးတည်းကိုသာ ပုံ၍ပေးဆောင်လိုက်လျှင် တစ် ရက်သာမျှ ကဖ်ဖာရဟ်သာ တာဝန်ကျေ၏။ သူဆင်းရဲတစ်ဦးအား လူတစ်ကိုယ်စာ ဆွဒကဟ်ဖိသ်သိရ်ထက် နည်း၍သော်လည်းကောင်း၊ သာပို၍သော်လည်းကောင်း ပေးဆောင်ခွင့်မရှိပေ။( ရှာမီ)

မတ်စ်အလဟ် ရှင်းလင်းချက်(၁၀)

ရမ်ဇာန်တစ်လတည်းတွင် ဝါဥပုဿ် သုံး၊လေးလုံး ကို ဖျက်ပစ်လိုက်သော် ၎င်းအားလုံးအတွက် ကဖ်ဖာရဟ် တစ်ခုတည်း ဖြင့် လုံလောက် ပေ၏။ (ရှာမီ)

ရိုဇဟ်ပျက်စေတတ်သောအရာများ

     ရိုဇဟ်ပျက်စေတတ်သော အရားများကို အောက်တွင်ဖော်ပြထားပေသည် –

မတ်စ်အလဟ် ရှင်းလင်းချက်(၁)

လူတစ်ဦးသည် ရိုဇဟ်ထားသူတစ်ဦး၏ ပါးစပ်အတွင်းသို့ အတင်းအဓမ္မ တစ်စုံတစ်ရာကို ထိုးသွင်းခဲ့ရာ ထိုအရာသည် လည် ချောင်းအတွင်းသို့ ကျဆင်းသွားလျှင် ရိုဇဟ်ပျက်သွားချေ၏။ (ဟေဒါယာ)

မတ်စ်အလဟ် ရှင်းလင်းချက်(၂)

လူတစ်ဦးသည် ပါးစပ်အတွင်းမှ အံဖတ်များ ယိုထွက်လာ၏။ ထို့နောက် ထိုသူသည် တမင်သိပါလျက် လည်ချောင်းတွင်းသို့ပြန်၍ မျိုချပစ်လိုက်၏။ သို့မဟုတ် တမင် ပါးစပ်အပြည့် လက်ထိုး၍ အန်လိုက်၏။ ထိုအခါ ရိုဇဟ်ပျက်လေတော့၏။ (ဒွရ်ရေမွခ်သာရ်)

မတ်စ်အလဟ် ရှင်းလင်းချက်(၃)

သွားကြားညပ်နေသော အရာတစ်ခုအား အပြင်သို့ထုတ်၍တဖန်မျိုးချပစ်လိုက်သော် ထိုအရာ သည် ကုလားပဲလုံးထက် နည်းနေ လင့်ကစား ရိုဇဟ်ပျက်သွားပေမည်။ အကယ်၍ ၎င်းကိုထုတ်နေယင်း မိမိအာခေါင်အတွင်းသို့ ဝင်သွား၏။ ထို့နောက် ၎င်းသည် ကုလားပဲလုံး ထက် သေးငယ်သည်ဆိုသော် ရိုဇဟ်မပျက်ပေ။ အကယ်၍ ၎င်းခန့်မျှရှိလျှင် ပျက်သွားချေမည် ဖြစ်ပေသည်။ (ဒွရ်ရေမွခ်သာရ်)

မတ်စ်အလဟ် ရှင်းလင်းချက်(၄)

လည်ချောင်းအတွင်းသို့ တံတွေးနှင့် သွေးများ ရော၍ပါသွား၏။ အကယ်၍၎င်းတွင် တံတွေးထက် သွေးပမာဏက ပိုနေပါမူ ရိုဇဟ် ပျက်သွားလေ၏။ (ဒွရ်ရေမွခ်သာရ်)

မတ်စ်အလဟ် ရှင်းလင်းချက်(၅)

လော်ဗန် (သို့) အခြားအရာတစ်ခုခုကို မှိုင်းတိုက်၍ မိမိအလိုအလျောက် ရှူရှိုက်သော် ထိုအခါ ရိုဇဟ်ပျက်သွားလေ၏။

မတ်စ်အလဟ် ရှင်းလင်းချက်(၆)

လူတစ်ဦးသည် ကျောက်စရစ်ခဲ သို့မဟုတ် သံတိုသံစ သို့မဟုတ် စားစရာမဟုတ်သော အရာတစ်ခုခုကို စားသုံးလိုက်သော် ရိုဇဟ် ပျက်သွားလေ၏။ (ဟေဒါယာ)

ရိုဇဟ်တွင် မက္ကရူဟ်ဖြစ်စေအပ်သော အရာများ

မက္ကရူဟ်၏ သဘောမှာ ရိုဇဟ် စောင့်ထိန်းနေစဉ်၌ စဝါဗ်တွင် လျော့နည်းစေသော ကိစ္စမျိုးကို ဆိုလိုပေ၏။ အကယ်၍ကံအား လျှော်စွာ ထိုကိစ္စများ ဖြစ်ပေါ်ခဲ့မူ ရိုဇဟ်မှာ မပျက်ပေ။ စဝါဗ်၌သာ လျော့နည်းသွားလေ၏။ မက္ကရူဟ်ထိုက်သော အချို့ကိစ္စများမှာ-

၁။ မီးသွေးဝါး၍ သွားတိုက်ခြင်း၊ ၂။ဆေးမှုန့်ဖြင့် သွားတိုက်ခြင်း၊ ၃။ ရိုဇဟ်ထားနေလျက် အာလုပ်သံနှင့် ပလုပ်ကျင်းခြင်း၊ ၄။ နှာခေါင်းအတွင်းသို့ ရေရိုက်သွင်းခြင်း၊ ၅။ ကျင်ငယ်စွန့်ပြီး ရေသန့်စင်သောအခါ ပေါင်ကို ကား၍ထိုင်ခြင်း။ ၆။ တစ်စုံတရာကို နှုတ်ဖြင့် မြည်းစားခြင်း၊ ၇။ တံတွေးငုံ၍ မျိုချခြင်း၊ ၈။နောက်ကွယ်အတင်းပြောဆိုခြင်း၊ ၉။ မုသားပြောဆိုခြင်း၊ ၁၀။ ဆဲဆိုခြင်း၊ ၁၁။ ရိုဇဟ်ထားစဉ် ညည်းတွားခြင်း၊ ၁၂။ရေချိုးရန် တာဝန်ရှိနေပါလျက် မိုးလင်းပြီးမှ ရေချိုးခြင်း။ ဖော်ပြပါကိစ္စအားလုံးတို့သည် ရိုဇဟ်အတွင်း၌ မက္ကရူဟ်ဖြစ် စေပေသည်။ သို့ဖြစ်၍ ၎င်းအားလုံးမှ ရှောင်ရှားအပ်ပေသည်။

ဖစ်(ဒ်)ယဟ်နှင့် ၎င်း၏ မတ်စ်အလဟ်

မတ်စ်အလဟ် ရှင်းလင်းချက်(၁)

တရားတော်မြတ်၌ ဖစ်(ဒ်)ယသ်ဆိုသည်မှာ အကြင်သူ အလွန်တရာ အိုမင်းမစွမ်းဖြစ်ကာ ရိုဇဟ်ဥပုသ်သီတင်း စောင့်ထိန်းနိုင်ရန် အားအင်ဗလ မရှိသူဖြစ်မှု သို့မဟုတ် ရောဂါသည်ဘဝမှ ပြန်လည်ကျန်းမာရေးရရှိမည်ကိုပင် မျှောင်လင့်ချက် မရှိမူ ထိုအခါ ရိုဇဟ်စာလုံးအ စား သူဆင်းရဲတစ်ဦးအား ဆွဒကဟ်ဖိသိရ်ခန့်မျှ ဂျုံသော်လည်းကောင်း၊ငွေသော်လည်းကောင်း၊ ည မနက် ထမင်းနှစ်နှပ်အဝကျွေးခြင်းကို လည်းကောင်း၊ နေ့စဉ်ပြုရပေမည်။ ရှရီအသ် တရားတော်မြတ်တွင် ၎င်းကို ဖစ်ဒ်ယဟ်ဟု ခေါ်ပေသည်။(ဒွရ်ရေမွခ်သရ်)

မတ်စ်အလဟ် ရှင်းလင်းချက်(၂)

အကယ်၍ အားအင်ချိနဲ့သူမှာ အရှင့်အလိုတော်နှင့်ပြန်လည်အားအင်ပြည့်ဖြိုးလာမူ သို့မဟုတ် နာမကျန်းဖြစ်နေသူမှာ ကျန်းမာမှုရ ရှိလာ၍ ရိုဇဟ်စောင့်ထိန်းနိုင်စွမ်း ရှိလာမူ ထိုအခါပျက်ကွက်ခဲ့သော ရိုဇဟ်အားလုံး၏ ကသွာကိုစောင့်ထိန်းရပေမည်။ အကယ်၍၎င်းရိုဇဟ် များ၏ ဖစ်ဒ်ယဟ်ပင် ပေးဆောင် ခဲ့မူ ထိုဖစ်ယဟ်၏ အကျိုးစဝါဗ် သီးသန့်ရရှိမည် ဖြစ်ပေသည်။ (အာလမ်ဂီရ်)

ကိုးထားသော ရိုဇဟ်များနှင့် ၎င်း၏မတ်စ်အလဟ်

နဇရ်ကိုးခြင်းသည် နှစ်မျိုးနှစ်စား ရှိပေသည်။တစ်မျိုးမှာ မိမိဘက်မှ နေ့ရက်သတ်မှတ်၍ ကိုးထားခြင်း၊ ဒုတိယတစ်မျိုးမှာ ကန့်သတ်ခြင်း မပြုဘဲ ကိုးထားခြင်း ဖြစ်လေသည်။

ဥပမာ-

မတ်စ်အလဟ် ရှင်းလင်းချက်(၁)

လူတစ်ဦးသည် အလ္လာဟ်အရှင်မြတ်အား ဤသို့ကိုးထား၏။ အကယ်၍ ကျွန်တော်မျိုး၏အဘယ် အဘယ်အလုပ်ပြီးမြောက်လျှင် လည်းကောင်း၊ လိုအင်ဆန္ဒများ ပြည့်ဝလျှင်လည်းကောင်း ဗုဒ္ဓဟူးနေ့ သို့မဟုတ် ကြာသပတေးနေ့တွင် ရိုဇဟ်စောင့်ထိန်းပါမည်ဟူ၍ ကိုး ထားခဲ့၏။ ထိုအခါ ထိုနေ့ ထိုရက်၌ပင် ရိုဇဟ်စောင့်ထိန်းရန်အရေးကြီး၏။ ၎င်းအတွက် နိယသ်ကို ညကတည်းကပင် ပြုရပေမည်။ အကယ်၍ နိယသ်ပြုရန် မေ့သွားလျှင် မွန်းမလွဲမီ အလျင်ပြုလိုက်ရပေမည်။ (မရာကိယလ်ဖလာဟ်)

မတ်စ်အလဟ် ရှင်းလင်းချက်(၂)

မည်သူမဆိုးကိုးထားလိုက်လျှင် ၎င်းကိုဖြည့်စွက်ရန်မှ ဝါဂျစ်ဗ်ဖြစ်ပေသည်။ မဖြည့်စွက်လျှင် အပြစ်ငရဲထိုက်ပေအံ့။ အကယ်၍နေ့ ရက်ကို သတ်မှတ်ခြင်း မပြုခဲ့မူ စိတ်သန်ရာရက်တွင် ဖြည့်စွက်ခွင့်ရှိလေသည်။

မတ်စ်အလဟ် ရှင်းလင်းချက်(၃)

အကယ်၍ အီ့ဒ်နေ့တွင် ရိုဇဟ်စောင့်ထိန်းပါမည်ဟု ကိုးထားခဲ့လျှင် ထိုနေ့အစား   အခြားတစ်ရက် ရက်တွင် စောင့်ထိန်း၍ မိမိ ကိုး ထားခြင်းကို ဖြည့်စွက်ရပေမည်။ (ဟေဒါယာ)

အဘယ်ကြောင့်ဆိုသော် တစ်နှစ်ပတ်လုံးတွင် ငါးရက်သည် ရိုဇဟ်စောင့်ထိန်းခြင်းမှာ ဟရာမ်ဖြစ်ချေ၏။ (၁) ဝါကျွတ်အိဒ်နေ့၊ (အီဒွလ်ီတိရ်နေ့ )(၂) ကုရ်ဘာနီအိဒ်နေ့ (ဇစ်လ်ဟဂျ်လ ဆယ်ရက်နေ့)၊ (၃) ဇစ်လ်ဟဂျ်လ ဆယ့်တစ်ရက်နေ့ (ကွရ်ဘာန်ပြီး နောက် တစ်နေ့ -ဒုတိယနေ့)၊ (၄) ဇစ်လ်ဟဂျ်လ ဆယ့်နှစ်ရက်နေ့တတိယနေ့) (၅) ဇစ်လ်ဂျ်လ ဆယ့်သုံးရက်နေ့ (စတုတ္ထမြောက်နေ့)များ ဖြစ်လေသည်။

အလ္လာဟ်အရှင်မြတ်သည် မွတ်စလင်မ်တိုင်အား ရမ်ဇာန်လမြတ်၏ ရိုဇဟ်ကို စောင့်ထိန်း   နိုင်ခြင်းနှင့် ၎င်းအား ကြည်ညိုလေးစား နိုင်ခြင်းများ ချီးမြှင့်တော်မူ၍ မိမိ၏ ရဟ်မသတ်တော်များတွင် နှစ်မြှုပ်ထားပါစေသားဟု ဆုမွန်ကောင်း တောင်းလိုက်ရပေသည်။ (အာမီန်)

မှတ်ချက်။     ။ဟဇရသ် မော်လာနာ ကာရီ ရှရီဖ် ပါကစ္စတန်၏ သအ်လီမွန် နိဆာအ်၊ မြန်မာပြန် မော်လာနာ အာဘူဘက္ကရ်(မှော်ဘီ)

စာမျက်နှာ (၂၉၂ မှ ၃၃၈ ) ကိုးကားတင်ပြထားခြင်းဖြစ်ပါသည်။

အောက်ပါ တော်ဝင်မြန်မာဝပ်ဆိုဒ် ( link ) ကိုနှိပ်၍လည်း ဘာသာရေးစာများကိုလေ့လာဖတ်ရှုနိုင်ပါသည်။

http://tawwinmyanmar.multiply.com/ 
<><><><><><><><<><><><><><><><><><><><><><><><><><><><><><><<><><><><><><><><><><><>

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */