" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, February 14, 2024

မြန်မာနဲ့နယ်စပ် လုံခြုံရေး ဘင်္ဂလားဒေ့ရှ် တိုးမြှင့်စောင့်ကြည့်

VOA
ဗွီအိုအေ (မြန်မာဌာန)

၁၃ ဖေဖော်ဝါရီ၊ ၂၀၂၄ 

နယ်စပ်လုံခြုံရေးစောင့်ကြပ်နေတဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (ဖေဖောဝါရီ ၇၊ ၂၀၂၄)
 
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ ရခိုင့်တပ်တော် AA တို့ကြား လတ်တလောဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံသားတွေ ဘင်္ဂလားဒေ့ရှ်နယ်ထဲကို ထပ်မံဝင်ရောက်လာမှာကို စိုးရိမ်နေတဲ့အတွက် နတ်မြစ်အပါအဝင် နယ်စပ်တလျောက်မှာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်နဲ့ ကမ်းခြေစောင့်တပ် က သတိထားကြပ်မတ်နေပါတယ်။

ရိုဟင်ဂျာအပါအဝင် မြန်မာနိုင်ငံသားတွေက နတ်မြစ်ကို ကျော်ဖြတ်ပြီး ဝင်ရောက် လာနိုင်တဲ့အတွက် ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းစောင့်တပ်နဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေကင်း လှည့်နေတာကို တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လွန်ခဲ့တဲ့ ရက်သတ္တပတ်ကလည်း မြန်မာနိုင်ငံဘက်ကလာတဲ့ လှေအမြောက်အမြားကို ကြားဖြတ်ဟန့်တားပြီး မြန်မာဘက်ကိုပြန်လည်ပို့ဆောင်ခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။ အရင်အပတ် အင်္ဂါနေ့ကလည်း ရိုဟင်ဂျာအယောက် ၁၀၀ က Cox’s Bazar ရှိ Teknaf ကူးတို့ဆိပ်အနီးမှာ နတ်မြစ်ကို ဖြတ်ကူးလာတဲ့အတွက် မြန်မာပြည်ဘက်ကို ပြန်ပို့ခဲ့ရတယ်လို့ ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။

အခြေအနေတွေ စိုးလာနေတာကြောင့် အထူးတပ်လှန့်ထားရတယ်လို့လည်း Teknaf စခန်း ကမ်းရိုးတန်းစောင့်တပ်ရဲ့ အကြီးအကဲ ဒုတိယတပ်မှူး Lutfur Lahil Majid ကပြောပါတယ်။ မကြာသေးခင်ကပဲ AA နဲ့ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင် ၃၀၀ ကျော် ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ခိုလှုံခဲ့ကြပါသေးတယ်။ သူတို့ကို နေရပ်ပြန်ပို့နိုင်ရေးအတွက်လည်း အပြီးသတ် ဆွေးနွေးနေတယ်လို့လည်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေကပြောထားပါတယ်။
 
Link:  Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */