" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, February 28, 2024

ရိုဟင်ဂျာတွေကိုကာကွယ်ပေးဖို့ ၂၆ ဖွဲ့က လုံခြုံရေးကောင်စီကို တောင်းဆို

RFA
လွတ်လပ်တဲ့အာရှအသံ
2024.02.27

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ သဲချောင်း ရိုဟင်ဂျာဒုက္ခသည်စခန်းတွင် ခိုလှုံနေကြသူများအား ၂၀၂၃ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့က တွေ့ရစဥ်။ Photo: RFA

ရိုဟင်ဂျာတွေကို ဖိနှိပ်မှုတွေ ပိုတိုးလာတဲ့လုပ်ရပ်တွေအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အရေး ယူရမယ်လို့ နိုင်ငံတကာမှာရှိတဲ့ ရိုဟင်ဂျာ ၂၆ ဖွဲ့က ဖေဖော်ဝါရီ ၂၈ ရက်နေ့ ဒီနေ့မှာ တောင်းဆိုလိုက်ပါတယ်။

၂၀၁၆-၁၇ ကာလမတိုင်ခင်က ကြုံခဲ့ရတဲ့အမှားမျိုး လုံခြုံရေးကောင်စီအနေနဲ့ နောက်တစ်ခါမဖြစ်အောင် တောင်းဆိုတာလို့လည်း ဆိုပါတယ်။

အခုဆိုရင် ရခိုင်ပြည်နယ်မှာ ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတွေကို စစ်ကောင်စီက စစ်မှုမထမ်းမနေရ ဥပဒေနဲ့ အတင်းအဓမ္မ စစ်ထဲဝင်ခိုင်းတာဟာ အန္တရာယ် ကြီးမားတယ်လို့ဆိုပါတယ်။

မြန်မာစစ်တပ်ဟာ နယ်မြေ တော်တော်များများကို ရက္ခိုင့်တပ်တော်လက်ထဲမှာ အလျင်အမြန် ဆုံးရှုံးလာနေပါတယ်။ ဒီအခြေအနေမှာ မြန်မာစစ်တပ်က ရိုဟင်ဂျာတွေကို စစ်ထဲထည့်ပြီး ရက္ခိုင့်တပ်တော်ကို ပြန်တိုက်ဖို့ ဆောင်ရွက်နေတယ်လို့ ၂၆ ဖွဲ့က ဆိုပါတယ်။

ရိုဟင်ဂျာတွေ စစ်မှုမထမ်းမနေရ ဥပဒေနဲ့ စစ်တပ်ထဲ ဝင်ခိုင်းနေတယ်ဆိုတာ လုံးဝ မမှန်ဘူးလို့ စစ်ကောင်စီခန့်ထားတဲ့ ရခိုင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူက ပြောတဲ့အကြောင်း ဒီနေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ ၂၆ ဖွဲ့ကတော့ ရိုဟင်ဂျာတွေဟာ သူတို့ကိုလူမျိုးတုန်းသုတ်သင်မှု ကျူးလွန်ထားတဲ့ မြန်မာစစ်တပ်အတွက် မတိုက်ပေးချင်ကြဘူးလို့ ဆိုပါတယ်။ မြန်မာစစ်တပ်ထဲဝင်ပြီး ကာကွယ်ပေးရမယ်ဆိုရင် ရခိုင်ပြည်နယ်မှာ ငြိမ်းချမ်းစွာ အတူယှဥ်တွဲ နေထိုင်ရမယ့် ရိုဟင်ဂျာနဲ့ ရခိုင်ကြားမှာ သက်ရောက်မှုရှိလာနိုင်တယ်လို့လည်း ထောက်ပြထားပါတယ်။

အခုဆိုရင် ရိုဟင်ဂျာ အရပ်သားတွေဟာ စစ်တပ်နှစ်တပ်ကြားမှာ ရောက်နေပြီး ဒုက္ခသည်စခန်းတွေမှာနေရတဲ့ ဒီလူတွေမှာ ပြေးစရာမြေမရှိ ဖြစ်နေတယ်လို့လည်း တောင်းဆိုချက်မှာရေးထားပါတယ်။

ဒါ့ကြောင့် အနိမ့်ဆုံးအနေနဲ့ ဗြိတိန်အစိုးရက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးကို အရေးပေါ်ခေါ်ပြီး ICJ အပြည်ပြည်ဆိုင်ရာ တရားရုံးက မြန်မာအပေါ် ချမှတ်ထားပြီး အရေးယူဆောင်ရွက်မှု မရှိသေးတာကို ဆွေးနွေးဆောင်ရွက်သင့်တယ်လို့ နိုင်ငံတကာမှာရှိတဲ့ ရိုဟင်ဂျာ ၂၆ ဖွဲ့က တိုက်တွန်းထားပါတယ်။

ဆက်နွယ်သောသတင်းများ

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */