Tuesday, January 16, 2024

ရိုဟင်ဂျာဒုက္ခသည်တွေကို ကာကွယ်ပေးရန် အင်ဒိုနီးရှား အစိုးရကို HRW တောင်းဆို

RFA
RFA Burmese
2024.01.16
ရိုဟင်ဂျာ ဒုက္ခသည်များရောက်ရှိလာသည်ကို အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ်၊ ဆာဘန်ကျွန်းရှိ ဒေသခံများ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့က ကန့်ကွက်ခဲ့စဉ်။ ASSOCIATED PRESS

ရိုဟင်ဂျာဒုက္ခသည်တွေလိုက်ပါလာတဲ့လှေတွေကို ပြန်မောင်းထုတ်တာ ချက်ချင်း ရပ်တန့်ပြီး လူသားချင်းစာနာ မှုအကူအညီပေးဖို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW)က အင်ဒိုနီးရှားအစိုးရကို ဇန်နဝါရီ ၁၆ ရက်နေ့ ထုတ်ပြန်တောင်းဆိုပါတယ်။

အင်ဒိုနီးရှားအာဏာပိုင်တွေအနေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ဘေးကင်းလုံခြုံတဲ့ အနီးဆုံးဆိပ်ကမ်းတွေမှာ ဆိုက်ကပ်ခွင့်ပေးပြီး လူသားချင်းစာနာမှုအကူအညီတွေနဲ့ ကာကွယ်မှုပေးသင့်တယ်လို့ဆိုပါတယ်။

ဒီအပြင် ဒုက္ခသည်တွေအပေါ် အကြမ်းဖက်ဖို့ အွန်လိုင်းကတစ်ဆင့် လှုံ့ဆော်နေတာတွေ ကိုလည်း စုံစမ်းစစ်ဆေး သင့်တယ်လို့ HRW က ဖော်ပြပါတယ်။

အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း အာချေပြည်နယ်မှာ အမျိုးသမီးနဲ့ ကလေးငယ်တွေအများစု ပါဝင်တဲ့ ရိုဟင်ဂျာဒု က္ခ သည် ၁၃၇ ဦး ထားရှိရာနေရာကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်နေ့ က ကျောင်းသား တစ်ရာကျော်ဟာ အင် အားသုံးဝင်ရောက်ပြီး ဒုက္ခသည်တွေကို နှုတ်နဲ့သာမက ကိုယ်ထိလက်ရောက် ထိပါးစော်ကားခဲ့တယ်လို့ ဆိုပါ တယ်။

အာချေပြည်နယ်က တခြားဒေသခံတွေကလည်း ကမ်းကပ်လာတဲ့ ရိုဟင်ဂျာလှေတွေကို တားဆီးဖို့ကြိုးစားခဲ့ သ လို ကမ်းခြေမှာရှိတဲ့ ရိုဟင်ဂျာတဲတွေနဲ့ တခြားနေရာတွေက ရိုဟင်ဂျာဒုက္ခသည်တွေကို နေရာရွှေ့ပြောင်းဖို့ ဝိုင်း ပြီးတောင်းဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလလကစပြီး ရိုဟင်ဂျာဒုက္ခသည်လှေ ၁၁ စီးဟာ အင်ဒိုနီးရှားနိုင်ငံက ပြည်နယ်နှစ်ခုကို ရောက် ရှိခဲ့ပြီး စုစုပေါင်း ဒုက္ခသည်အရေအတွက် ၁,၇၀၀ ဝန်းကျင် ရှိပါတယ်။ အဲဒီထဲက ခုနစ်ဆယ်ရာခိုင်နှုန်းကျော်က အမျိုးသမီးနဲ့ ကလေးငယ်တွေ ဖြစ်တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ထုတ်ပြန်ထားပါတယ်။

လွန်ခဲ့တဲ့နှစ်နှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တစ်သန်းဟာ လူ့အခွင့်အရေးချိုး ဖောက် မှုတွေနဲ့ ရင်ဆိုင်ခဲ့ရသလို မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ရိုဟင်ဂျာဒုက္ခသည်တွေလည်း စစ်အစိုးရရဲ့ ပြင်းထန်တဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေနဲ့ မကြာခဏ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ HRW က ဖော်ပြထားပါတယ်။ 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */