" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, January 8, 2024

မလေးရှားသွားမယ့်ရိုဟင်ဂျာ ၃၀ ကို ထိုင်းရဲတပ်ဖွဲ့ဖမ်းဆီး

VOA
အေးအေးမာ

၀၈ ဇန်နဝါရီ၊ ၂၀၂၄ 

မလေးရှားနိုင်ငံကို တရားမဝင်သွားမယ့် ရိုဟင်ဂျာ ၃၀ ကို ထိုင်း-မြန်မာနယ်စပ် Sangkhlaburi (စံခရဘူရီ) ခရိုင်မှာ ရဲတပ်ဖွဲ့က စစ်ဆေးဖမ်းဆီးစဥ် ကားမှောက်ပြီး ၇ ဦးဒဏ်ရာရခဲ့စဥ်။ (ဓာတ်ပုံ-ထိုင်းရဲတပ်ဖွဲ့/ဇန်နဝါရီ ၅၊ ၂၀၂၄)

မလေးရှားနိုင်ငံကို တရားမဝင်ပို့ဆောင်မယ့် ရိုဟင်ဂျာ ၃၀ ကို ထိုင်း-မြန်မာနယ်စပ် Sangkhlaburi (စံခရဘူရီ) ခရိုင်မှာ ဇန်နဝါရီလ ၅ ရက်နေ့မှာဖမ်းမိကြောင်း ထိုင်းရဲတပ်ဖွဲ့ကပြောပါတယ်။ 

ရဲစစ်ဆေးဂိတ်ကစစ်ဆေးတာမခံဘဲထွက်ပြေးတဲ့ကားဟာ လမ်းဘေးဓါတ်တိုင်နဲ့တိုက်မိခဲ့တာကြောင့် ၇ ယောက် ဒဏ်ရာရခဲ့ပြီး တဦးကတော့ ဒဏ်ရာပြင်းထန်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်း ထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

 ထိုင်း-မြန်မာနယ်စပ် စံခရဘူရီခရိုင်မှာ အမှတ် ၁၃၄ နယ်ခြားစောင့်တပ်ဖွဲ့က တရားမဝင်လူတွေ ဝင်ရောက် လာ မယ်လို့ကြိုတင်သတင်းရတာကြောင့် ပန်ဖယ်ရွားနားမှာ စောင့်ကြည့် စစ်ဆေးနေချိန်မှာပဲ ရိုဟင်ဂျာတွေကို တင် လာတဲ့ တိုယိုတာ ပစ်ကပ်ကားဟာ ရဲကင်းကို ဖြတ်ကျော်မောင်းပြေးသွားခဲ့တာပါ။ နောက်ကနေ ရဲ ကားတွေက အမှီလိုက်ဖမ်းဆီးချိန်မှာ အဲဒီကားဟာ လမ်းဘေးက ဓါတ်တိုင်နဲ့တိုက်မိခဲ့ပါတယ်။ ကားပေါ်မှာလိုက်ပါလာတဲ့ ရို ဟင်ဂျာ ကလေးနဲ့လူကြီး အယောက် ၃၀ မှာ ၇ ယောက် ဒဏ်ရာရခဲ့ပြီး တဦးကတော့ ဒဏ်ရာပြင်းထန်တယ်လို့ စန်ခရဘူရီ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။


ဖမ်းမိတဲ့ရိုဟင်ဂျာ ၃၀ ဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကနေ လာရောက်ခဲ့ကြတာဖြစ်ပြီးသူတို့အားလုံးဟာမလေး ရှားနိုင်ငံအထိ သွားကြမှာဖြစ်တယ်လို့ အဲဒီအုပ်စုကိုဦးဆောင်ခေါ်လာတဲ့ အသက် ၂၀ အရွယ်အမျိုးသား ဟာဆန် က ရဲတပ်ဖွဲ့မှာ ဝန်ခံ ဖြောင့်ချက်ပေးခဲ့တယ်လို့ရဲတပ်ဖွဲ့က ပြောပါတယ်။ ထွက်ပြေးလွတ်‌မြောက်နေတဲ့ ကား မောင်း သူကို ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေတယ်လို့ဆိုပါတယ် ။

ထိုင်းနိုင်ငံက ရိုဟင်ဂျာအရေး ဆောင်ရွက်နေတဲ့ (BURMESE ROHINGA ASSOCIATION IN THAILAND) - BRAT အဖွဲ့က နိုင်အာလီက အခုလို ပြောပါတယ်။

"စားဖို့သောက်ဖို့လည်းခက်ခဲနေပြီ။ တရွာကနေတရွာကိုလည်း သွားမရတော့ဘူး။ စျေးလည်းသွားမရဘူး။အလုပ် လုပ်ဖို့သွားလည်း မြို့ထဲလည်း သွားမရတော့ဘူး။ လူတွေက သွားလာလို့လည်းမရတော့ဘူး။ လူတွေကဘယ် လိုနေကြမလဲဗျာ။ လူတွေကပြေးတဲ့နေရာမရှိတော့ဘူး။ အခုအဲဒါကြောင့် ရိုဟင်ဂျာတို့၊ ရခိုင်တို့၊ မြန်မာတို့တွေ အများကြီးလာကြတာပဲ။"

ဒဏ်ရာရတဲ့ရိုဟင်ဂျာတချို့ကို စန်ခရ ဘူရီ ဆေးရုံမှာ ကုသပေးနေပါတယ်။ သူတို့တွေဟာ ရခိုင်ပြည်နယ်တွင်း စစ်ပွဲတွေကြောင့် လာကြသူတွေဖြစ်ပါတယ်။

ဒီဇင်ဘာလ ၁၉ ရက်နေ့ကတုန်းကလည်း ထိုင်းနိုင်ငံတောင်ပိုင်း Phatthalung (ဖတ်ထလုံး) ခရိုင် ဖနွန်ဝမ်မြို့ နယ် ထဲက အာရှအဝေးပြေးလမ်းမကြီးပေါ်မှာ ပစ်ကပ်ကားငယ် ၃ စီးနဲ့ လိုက်ပါလာတဲ့ ရိုဟင်ဂျာ ၆၀ နီးပါးကို ထိုင်းရဲတွေ ဖမ်းဆီးရမိတယ်လို့လည်း ထိုင်းရဲတပ်ဖွဲ့ကပြောပါတယ်။

အလားတူပဲ ဒီဇင်ဘာလ ၁၉ ရက်နေ့မှာပဲ ဟတ်ရိုင်မြို့နယ်ထဲမှာလည်း ရိုဟင်ဂျာ ၁၅ ယောက်ကို ဖမ်းမိခဲ့ပါ တယ်ရှင်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */