" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, January 4, 2024

မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်း အမေရိကန် ထုတ်ပြန်

RFA
RFA Burmese
2024.01.03 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်အား ၂ဝ၂၃ ခုနှစ် ဧပြီလ ၄ ရက်နေ့က ဘယ်လ်ဂျီယံနိုင်ငံ ခရီးစဉ်တွင် တွေ့ရစဉ်။ Reuters

ဒီမိုကရေစီနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဖော်ဆောင်ဖို့ ကြိုးစားနေတဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်တယ်လို့အမေရိ ကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က အမေရိကန် ပြည်ထောင်စု ကိုယ်စား ဇန်နဝါရီလ ၄ ရက်၊ လွတ် လပ်ရေးနေ့မှာ ထုတ်ပြန်ပါတယ်။

စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေဟာ လွတ်လပ်ရေး၊ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှု ရရှိရေးအတွက်လျှောက်လှမ်း နေတဲ့ ပြည်သူတွေကို ရပ်တန့်မသွားစေနိုင်ဘူးလို့လည်း ဆိုထားပါတယ်။

စစ်အာဏာရှင်အဖွဲ့အစည်းအနေနဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ပြီး ဖမ်းဆီးထားသူ တွေကို ပြန်လွှတ်ပေးဖို့၊ လူ သားချင်းစာနာထောက်ထားမှု အကူအညီတွေကို အဟန့်အတားမရှိ ပေးခွင့်ပြုဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး က ပြောထားပါတယ်။

နောက်ပြီး အားလုံးပါဝင်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းလိုတဲ့ ပြည်သူတွေ ရဲ့ ဆန္ဒကို အသိအမှတ် ပြုဖို့လည်း တိုက်တွန်းထားပါတယ်။ 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */