သမိုင်းအကျဉ်း
တည်ထောင်သည့်ရက်စွဲ – ၁၉၉၂ ခုနှစ်၊ ဇန်နဝါရီလ။
ဌာနချုပ် – မန်တုံနှင့် နမ့်ဆန် မြို့နယ်အတွင်း အခြေစိုက်သည်။
ထိန်းချုပ်ဒေသ – ကျောက်မဲ၊ သီပေါ၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ လားရှိုး၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မူဆယ်နှင့် မိုးကုတ်။
ခန့်မှန်းအင်အား – ၈၀၀၀ နှင့် အထက်။
ခေါင်းဆောင် – ဗိုလ်ချုပ်တားအိုက်ဘုန်း(ဥက္ကဋ္ဌ)၊ ဗိုလ်မှူးချုပ်တားခူလန်(ဒုတိယဥက္ကဋ္ဌ)၊ ဗိုလ်မှူးချုပ် တားဘုန်းကျော်(အထွေထွေအတွင်းရေးမှူး)။
ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF) ကို ၁၉၉၂ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်တွင် ထိုစဥ်က ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ ဌာနချုပ်နယ်မြေဖြစ်ခဲ့သည့် မာနယ်ပလော၌ ဖွဲ့စည်းခဲ့သည်။

ယခင်ရှိပြီးသားဖြစ်သည့် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်တော် (PSLA)၏ တပ်ဖွဲ့ဝင်များဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ PSLA ၏ မူရင်းသန္ဓေသည် ၁၉၆၃ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်က တည်ထောင် ခဲ့ သည့် ပလောင်အမျိုးသား တပ်ဖွဲ့ သေနတ်ကိုင်တပ်ရင်းဖြစ်ပြီး ၁၉၇၆ ခုနှစ်တွင် PSLA အဖြစ် ပြင်ဆင် ဖွဲ့ စည်း ခဲ့ခြင်းဖြစ်သည်။
PSLA သည် ၁၉၉၁ ခုနှစ်၊ ဧပြီ ၂၁ ရက်တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ အစိုးရ) နှင့် အပစ်အခတ်ရပ်စဲရေး စာချုပ် လက်မှတ်ထိုးလိုက်ရာ ထိုင်း-မြန်မာ နယ်စပ်တွင် ရောက်ရှိ နေသည့် တပ်ဖွဲ့များက လက်မခံခဲ့ပါ။ ထို့ကြောင့် ထိုင်း-မြန်မာနယ်စပ်ရောက် တပ်ဖွဲ့ဝင်များသည် PSLF ကို ထပ်မံ ထူထောင်ခဲ့သည်။
ငြိမ်းချမ်းရေး ယူထားသည့် PSLA ၏ ခေါင်းဆောင်များသည် နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုး ရေး ကောင်စီ အစိုးရ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရကာ ၂၀၀၅ ခုနှစ်၊ ဧပြီ ၂၉ ရက်တွင် တပ်ဖွဲ့တဖွဲ့လုံး လက် နက်အပ်ခဲ့ရသည်။
ထိုင်း-မြန်မာ နယ်စပ်၌ ဖွဲ့စည်းထားသည့် PSLF ခေါင်းဆောင်များအနေနှင့် တအန်း(ပလောင်) လူ မျိုး များတွင် လက်နက်ကိုင် တပ်ဖွဲ့ ရှိရမည်ဟူသည့် ဆုံးဖြတ်ချက်ဖြင့် ၂၀၀၉ ခုနှစ်တွင်စစ်ရေးလက် တံအ ဖြစ် တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)ကို ဖွဲ့စည်းသည်။
TNLA ကို ဖွဲ့စည်းကာ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းသို့ ထိုးဖောက်ဝင် ရောက်နိုင်ရန် အတွက် တ အန်း လူငယ် ၄၂ ဦး သည် ၂၀၁၁ ခုနှစ်တွင် KIA ထံ၌ စစ်ပညာကို သွားရောက်သင်ယူခဲ့သည်။ သင် တန်း ပြီးနောက် ယင်း တအန်းလူငယ် ၄၂ ဦးကို KIA က ရိုင်ဖယ်သေနတ် ၂၂ လက် ပေးခဲ့ရာ TNLA သည် ထိုလက်နက်များဖြင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် စတင်လှုပ်ရှားခဲ့သည်။
ယခုအခါ တပ်မဟာ ခုနစ်ခုအထိ ဖွဲ့စည်းကာ အင်အားတောင့်တင်းလာပြီး ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ် ကိုးခု၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် တခုတို့တွင် လှုပ်ရှားလျက် ရှိသည်။ အဖွဲ့ကို စတင်တည်ထောင်စဥ်က လက်နက်ခဲယမ်း အားနည်းသော်လည်း ၂၀၁၉ ခုနှစ်မှစ၍ မဟာမိတ်များ၏ အကူအညီဖြင့် ပခုံးထမ်း လေယာဥ်ပစ်လက်နက် FN-6 အချို့ကိုပါ ပိုင်ဆိုင်လာခဲ့သည်။ TNLAလှုပ်ရှား နေသည့် နယ်မြေများသည် တရုတ်နိုင်ငံ၏ ရပ်ဝန်း၊ လမ်းကြောင်း စီမံကိန်း၏ အစိတ်အပိုင်းဖြစ်သော တရုတ်-မြန်မာစီးပွားရေးစင်္ကြံစီမံကိန်းများနှင့် ချိတ်ဆက်ပြုလုပ်မည့် အရေးပါသည့် နယ်မြေအစိတ် အပိုင်းများ ဖြစ်သည်။
ရည်ရွက်ချက် ရည်မှန်းချက်
(က) တအန်းတမျိုးသားလုံးအဖိနှိပ်ခံဘဝမှ လွတ်မြောက်ရေး။
(ခ) ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အာမခံသည့် တအန်းပြည်နယ် တည်ဆောက်ရေး။
(ဂ) အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံသည့် ဒီမိုကရက်တစ်ပြည်ထောင်စုနိုင်ငံ တည်ဆောက်ရေး။
နိုင်ငံရေး လုပ်ငန်းစဥ်
(က) အမျိုးသားလွတ်မြောက်ရေးနှင့် ပြည်နယ်ရရှိရေး။
(ခ) အမျိုးသားသွေးစည်းညီညွတ်မှု တည်ဆောက်ရေး။
(ဂ) နိုင်ငံရေးအဖွဲ့အစည်း တည်ဆောက်ရေး။
ခေါင်းဆောင်များ၊ဗဟိုကော်မတီအဖွဲ့ဝင်များ

(၁) ဒုတိယ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း ဥက္ကဋ္ဌ
(၂) ဗိုလ်မှူးချုပ် တားဂျုတ်ဂျား ဒုတိယ ဥက္ကဋ္ဌ (၁)
(၃) ဗိုလ်မှူးချုပ် တားခူလန်း ဒုတိယ ဥက္ကဋ္ဌ (၂)
(၄) ဗိုလ်မှူးချုပ် တားဘုန်းကျော် အထွေထွေအတွင်းရေးမှူး
(၅) ဗိုလ်မှူးချုပ် တားဟိုပလန် စစ်ဦးစီးချုပ်
အပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
သမ္မတ ဦးသိန်းစိန်လက်ထက်တွင် အပစ်အခတ်ရပ်စဲရေး စာချုပ်များချုပ်ဆိုနိုင်ရေးအတွက် ဆွေး နွေးကြရန် ဖိတ်ခေါ်ရာ TNLA အနေနှင့် ပါဝင်တက်ရောက်ခဲ့သလို NCA ဆွေးနွေးပွဲများသို့ ကိုယ်စား လှယ်လွှတ်ခြင်းများ ရှိခဲ့သော်လည်း ယခုအစိုးရ လက်ထက်တွင်မှ ပေါ်ပေါ်လာသည့် လက်နက်ကိုင်တပ်ဖွဲ့အသစ်ဟု ဆိုကာ လက်နက်စွန့်ပြီးမှ ငြိမ်းချမ်းရေး ဆွေးနွေးရန် အစိုးရနှင့် စစ်တပ်က ပြောဆိုခဲ့သည်။ ထို့ကြောင့် ၂၀၁၅ ခုနှစ် နောက်ပိုင်းမှစ၍ ဆွေးနွေးမှုများကို ရပ်တန့်ခဲ့သည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA နှင့် စစ်တပ်သည် မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိသည်။ ၂၀၁၆ ခုနှစ် နောက်ပိုင်းမှစ၍ TNLA မှာ အင်အားကြီးမားလာကာ မြို့ပေါ် ရှိ တပ်မတော်၏ တပ်စခန်းများကိုပါ တိုက်ခိုက်လာ ခဲ့သည်။
စစ်တပ်သည် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာမှစ၍ မြောက်ပိုင်းမဟာမိတ်လေးဖွဲ့ဖြစ်သည့် TNLA, KIA, MNDAA နှင့် AA တို့ကို အပစ်ရပ်ဆွေးနွေးရန် ပြန်လည် ညှိနှိုင်းမှုများ လုပ်ဆောင်ခဲ့သည်။
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာမှ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာအတွင်း မြောက်ပိုင်းမဟာမိတ် လေးဖွဲ့၏ ကိုယ်စား လှယ်များနှင့် အစိုးရ၊ တပ်မတော်တို့၏ ငြိမ်းချမ်းရေးကိုယ်စားလှယ်များသည် အနည်းဆုံး ငါးကြိမ်ခန့် တွေ့ဆုံကာ ပဏာမအပစ်ရပ်စာချုပ်များ ရေးထိုးနိုင်ရန် ညှိနှိုင်းခဲ့ကြသည်။ ၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများကြောင့် တွေ့ဆုံမှုများ ရပ်တန့်သွားခဲ့သလို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်က အာဏာသိမ်းလိုက်ရာ ဆက်လက် ဆွေးနွေးခြင်း မရှိတော့ပါ။
TNLA သည် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ၎င်းတို့လှုပ်ရှားသည့် နယ်မြေများအတွင်း ရှမ်းလက်နက် ကိုင် အဖွဲ့တခုဖြစ်သည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) က ဝင်ရောက်တပ်ဖြန့်မှုကြောင့် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာမှ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာအထိ နှစ်ဖက်အကြား တိုက်ပွဲများ ဖြစ် ပွားခဲ့သည်။
စုဖွဲ့မှု
PSLF သည် မြောက်ပိုင်းမဟာမိတ် လေးဖွဲ့ (TNLA, AA, MNDAA နှင့် KIA)၊ ညီနောင်မဟာမိတ် သုံး ဖွဲ့ (TNLA, AA နှင့် MNDAA) တို့၏ မဟာမိတ် အဖွဲ့ဝင်ဖြစ်ပြီး ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးရေးကော်မတီ FPNCC (Federal Political Negotiation and Consultative Committee)၏ အဖွဲ့ဝင်လည်း ဖြစ်သည်။
အာဏာသိမ်းကာလ နိုင်ငံရေး၊ စစ်ရေးရပ်တည်ချက်
TNLA သည် စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်တွင်း၌ လက်နက်ကိုင်ပဋိပက္ခများ ကြီးမားကျယ်ပြန့် လာသည့် အခြေအနေနှင့်ပတ်သက်၍ ၎င်း၏ မဟာမိတ်များနှင့် အတူ ၂၀၂၁ ခုနှစ်၊ မတ် ၃၀ ရက်က ထုတ်ပြန်ချက် တစောင် ထုတ်ပြန်ခဲ့သည်။ စစ်တပ်အနေဖြင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်သူနေများနှင့် ပြည်သူလူထုအပေါ် အကြမ်းဖက်နေခြင်းများအား ချက်ချင်းရပ်တန့်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ထို့အပြင် နွေဦးတော်လှန်ရေးကို ဆင်နွှဲနေသည့် တိုင်းရင်း သားလူမျိုးပေါင်းစုံနှင့်အတူ ပူးပေါင်း ဆောင်ရွက်မည်ဟု ဆိုထားသည်။
TNLA သည် စစ်တပ်က အာဏာမသိမ်းခင်ကာလတွင် ပဏာမ အပစ်ရပ်စာချုပ်တစောင် ရေးထိုးနိုင်ရန် ဆွေးနွေးလျက်ရှိခြင်းကြောင့် ၎င်းပါဝင်သည့် ညီနောင်မဟာမိတ်သုံးဖွဲ့သည် ၂၀၁၉ ခုနှစ်၊ စက် တင်ဘာ ၉ ရက်မှ စတင်ကာ စစ်တပ်နှင့် တဖက်သတ် အပစ်အခတ်ရပ်စဲရေး ကြေညာမှုများကို လ အလိုက် လုပ်ဆောင်ခဲ့သည်။ သို့သော် အာဏာသိမ်းမှုအား ဆန့်ကျင်သည့် လူထုကို တပ်မတော်က ပစ်ခတ်သတ်ဖြတ်ခြင်းများ ပြုလုပ်လာမှု ကြောင့် ၂၀၂၁ ခုနှစ် ၊ မတ်လ မှစ၍ အပစ်အခတ်ရပ်စဲကြောင်း ကြေညာခြင်းများကို ရပ်ဆိုင်းခဲ့သည်။
စစ်ကောင်စီက ချင်းပြည်နယ်၊ ထန်တလန်မြို့အတွင်းရှိ အရပ်သားအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်တို့အတွင်း စစ်ဘေးရှောင် ၃၅ ဦးကို မီးရှို့သတ်ဖြတ်ခြင်းများ ပြုလုပ်စဥ်က TNLA ပါဝင်သည့် ညီနောင်မဟာမိတ် သုံးဖွဲ့သည် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်တွင် တကြိမ်၊ ဒီဇင်ဘာ ၂၇ ရက်တွင် တကြိမ် ထုတ်ပြန်ချက်များ ထုတ်ကာ ရှုတ်ချခဲ့ပြီး စစ်ကောင်စီ၏ လုပ်ရပ်အပေါ် အရေးယူနိုင်ရေးကိုလည်း ဆောင်ရွက်သင့်သည်ဟု ဆိုထားသည်။
TNLA သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တရားဝင် ပူးပေါင်းဆောင်ရွက်ကြောင်း ကြေ ညာခြင်း မရှိသော်လည်း NUG ၏ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်တွင် ဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေး တပ် (PDF) အတွင်း ဝင်ရောက်လှုပ်ရှားမည့် လူငယ်များကို စစ်သင်တန်းပေးခြင်းများ ပြုလုပ်လျက် ရှိသည်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်တွင် စစ်ကောင်စီသည် နမ့်ဆန်မြို့နယ်အတွင်းရှိ TNLA ဌာနချုပ်ရှိရာ နယ်မြေသို့ ဝင်ရောက်ကာ တိုက်ခိုက်လျက် ရှိသည်။
ဆက်ဆံရေးရုံးများ
အချက်အလက် မရနိုင်သေးပါ။
တပ်မဟာများ
TNLA ၏ လက်အောက်တွင် တပ်မဟာ ၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆ နှင့် ၇ ဟူ၍ တပ်မဟာ ခုနစ်ခုရှိပြီး ထိုတပ်မဟာများ အောက်တွင် တပ်ရင်း ၃၅ ရင်း ဖွဲ့စည်းထားသည်။
ဆက်သွယ်နိုင်သည့်လိပ်စာ
Website: http://www.pslftnla.org/
Link : Here
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဝီကီပီးဒီးယား မှ
တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (အင်္ဂလိပ်: Ta’ang National Liberation Army; အတိုကောက် TNLA) သည် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (Palaung State Liberation Front; PSLF) ၏ လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည်။ TNLA သည် မြန်မာအစိုးရကို ဆန့်ကျင်သည့် အဖွဲ့အစည်းဖြစ်ပြီး မြန်မာတပ်မတော် နှင့် မကြာခဏ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။[၇] TNLA သည် ယခင်ကမူ ကချင်လွတ်မြောက်ရေးတပ်မတော် နှင့် ရှမ်းပြည်တပ်မတော်-မြောက်ပိုင်း တို့နှင့် ပူးပေါင်းကာ တက်လာသောတရားဝင် အစိုးရ မှန်သမျှကို ဆန့်ကျင်ခဲ့သည်။ TNLA သည် ဘိန်း ခင်းများ ဖျက်ဆီးခြင်း၊ ဘိန်းချက်စခန်းများအား ဖျက်ဆီးခြင်းစသည့် မူးယစ်ဆေးဝါးနှိမ်နင်းရေး လုပ် ဆောင်ချက်များကြောင့် လူသိများသည် ။

သမိုင်းကြောင်း
TNLA ကို ပလောင်ပြည်နယ် လွတ်မြောက်ရေးအဖွဲ့/တပ်မတော် (Palaung State Liberation Organization/Army; PSLO/A) အနေဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၉၁ ခုနှစ်တွင် အစိုးရနှင့် အပစ် အ ခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကာ ၂၀၀၅ ခုနှစ်တွင် လက်နက်စွန့်ခဲ့သည်။ PSLO/A ပြိုကွဲပြီးနောက် တအောင်းခေါင်းဆောင် တာအိုက်ပေါင်းနှင့် တာဘုန်းကျော်တို့သည် တအောင်း လူမျိုး ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရရှိရေးအတွက် တအောင်း အမျိုးသား လွတ်မြောက်ရေးတပ်မ တော်ကို ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦးနှင့်အတူ ဖွဲ့စည်းခဲ့သည်။ TNLA သည်ကချင်လွတ် မြောက်ရေးတပ်မတော် နှင့် ရှမ်းပြည်တပ်မတော်-မြောက်ပိုင်းတို့နှင့် မဟာမိတ်ဖွဲ့ထားပြီး ရှမ်းပြည်နယ် မြောက်ပိုင်းတွင် စစ်ရေးလှုပ်ရှားမှုများကို ပူးတွဲဆောင်ရွက်သည်။[
၂၀၁၀ အထွေထွေ ရွေးကောက်ပွဲနှင့် ၂၀၁၁-၂၀၁၅ မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ပြီးနောက် အစိုးရက တအောင်းလူမျိုးများအတွက် အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ရှမ်းပြည်နယ် မြောက် ပိုင်းတွင် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ဖွဲ့စည်းခဲ့သည်။ ထိုဒေသသည် စာသင် ကျောင်းနှင့် ဆေးရုံအနည်းငယ်သာရှိသည့် နိုင်ငံ၏ မတိုးတက်သေးသော ဒေသတစ်ခု ဖြစ်သည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်တွင် TNLA သည် မဟာမိတ်များဖြစ်သော ရက္ခိုင့်တပ်တော်၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်တို့နှင့် အတူ တပ်မတော်အား တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွားလာခဲ့သည်။[၁၄] TNLA နှင့် MNDAA တို့သည် ၂၀၂၁ ခုနှစ် မေလ ၄ ရက်နေ့နှင့် ၅ ရက်နေ့တို့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၌ စစ်ကောင်စီ၏ နေရာအတော်များများကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
TNLA နှင့် SSPP ပူးပေါင်းအဖွဲ့သည် RCSS နှင့် ၂၀၂၁ ခုနှစ် မတ်လနှင့် ဧပြီလများတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အရပ်သားများစွာ ဒဏ်ရာရရှိခဲ့သလို နေရပ်စွန့်ခွာမှုများ ဖြစ်ပွားခဲ့သည်။[
TNLA ၏ ဒုတိယစစ်ဦးစီးချုပ် တာဘုန်းကျော်က စစ်ကောင်စီကို ဆန့်ကျင်သည့်အနေဖြင့် ဖွဲ့စည်းခဲ့ သော အမျိုးသားညီညွတ်ရေးအစိုးရကို ထောက်ခံကြောင်း ပြောဆိုခဲ့သည်။
No comments:
Post a Comment