" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, December 7, 2023

AA သိမ်းပိုက်ပြီးစခန်းများကို ကာကွယ်ရန် တပ်သားသစ် များ လိုအပ်နေ

DMG
06 Dec 2023 

ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်ရရှိထားသော စစ်ကောင်စီဗျူဟာစခန်းများနှင့် နောက်ထပ် သိမ်း ပိုက်မည့် စခန်းများအား ကာကွယ်စောင့်ရှောက်ရန် ‘အာရက္ခစစ်သည်တော်သစ်များ’ လိုအပ် လျက် ရှိ ကြောင်း ထုတ်ပြန်သည်။ 

ဓာတ်ပုံ - AA Info Desk

ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်ရရှိထားသော စစ်ကောင်စီဗျူဟာစခန်းများနှင့် နောက်ထပ်သိမ်း ပိုက်မည့် စခန်းများအား ကာကွယ်စောင့်ရှောက်ရန် ‘အာရက္ခစစ်သည်တော်သစ်များ’ လိုအပ်လျက်ရှိ ကြောင်း ဒီဇင်ဘာလ ၅ ရက်တွင် ထုတ်ပြန်သည်။

အမျိုးသားရေးအသိတရား၊ တာဝန်သိစိတ်၊ တာဝန်ယူလိုစိတ် အပြည့်အဝရှိသောလူငယ်များအား တိုင်းပြည်တာဝန် ထမ်းဆောင်ရန် AA က ဖိတ်ခေါ်လိုက်ခြင်း ဖြစ်သည်။

“အာရက္ခတိုင်းပြည်အပေါ် အမှန်တကယ် ချစ်မြတ်နိုးပြီး ကာကွယ်စောင့်ရှောက်ကြမည့် Defenders of Our Fatherland - အာရက္ခ စစ်သည်တော်သစ်များ လိုအပ်လျက်ရှိနေပါသည်” ဟု ထုတ်ပြန်ထား သည်။

ရက္ခိုင့်တပ်တော်(AA)သည် နိုဝင်ဘာ ၁၃ ရက်နေ့တွင် စတင်လာသည့် ရခိုင်တိုက်ပွဲများအတွင်း စစ် ကောင်စီ တပ်စခန်းကြီးဖြစ်သည့် ပလက်ဝ တရွန်အိုင်ဗျူဟာကုန်းနှင့် မောင်တော ချိန်ခါလီ၊ ဒုံးပိုက်၊ ဒုံးညိုစခန်း၊ ဘူးသီးတောင် ခထီးလှစခန်းတို့အား ထိုးစစ်ဆင်သိမ်းပိုက်ထားပြီး စစ်ကောင်စီတပ် သား များ စွန့်လွှတ်ထားခဲ့သော စခန်းအများအပြားကိုလည်း သိမ်းပိုက်ရရှိထားသည်။

ရဟတ်ရယာဉ်ကွင်း (၂) ကွင်းပါရှိသော တရွန်အိုင်ဗျူဟာစခန်းကုန်း တစ်ခုလုံးကို ထိုက်သင့်သောပေး ဆပ်မှုများဖြင့် ၂၁ ရက်ခန့်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီးမှ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း AA က ဆို ထားသည်။

တိုက်ပွဲကာလအတွင်း AA က စစ်သည်တော်သစ်များ ဖိတ်ခေါ်လာခြင်းမှာ နိုင်ငံရေးအပြောင်း အလဲအ တွက် လိုအပ်သည့်ပြင်ဆင်မှုများကို အားယူနေခြင်းဖြစ်သည်ဟု ရခိုင်ဒေသခံများက ရှုမြင်ကြသည်။

“ကျနော်တို့ရဲ့ အနာဂတ်အဆုံးအဖြတ်အတွက် လိုအပ်တဲ့ပြင်ဆင်မှုတွေကို ဆောင်ရွက်တာလို့ ပြောလို့ ရ တယ်။ ဒီနေ့လိုတော်လှန်ရေးကာလမျိုးမှာ ရခိုင်ပြည်အတွက် အသက်တွေ၊ ဘဝတွေကိုပေးဆပ်ပြီး တိုက်ပွဲဝင်လို့ရထားတဲ့ နယ်မြေတွေကို ထိန်းချုပ်ကာကွယ်ဖို့အတွက် ရခိုင်ပြည်မှာနေတဲ့သူတိုင်း တာ ဝန်ရှိတယ်။ အဲဒါကြောင့် ရခိုင်လူမျိုးတွေအနေနဲ့ ပူးပေါင်းပါဝင်သင့်တယ်” ဟုရခိုင်ဒေသခံလွှတ်တော် အမတ်ဟောင်းတစ်ဦးက ပြောသည်။

လက်ရှိတွင် ရက္ခိုင့်တပ်တော် (AA) ပါဝင်သည့် ညီနောင်မဟာမိတ်(၃)ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးနှင့် အ တူ အခြား လက်နက်ကိုင်အင်အားစုများမှာ စစ်ကောင်စီကို နိုင်ငံတဝန်း တော်လှန်တိုက်ခိုက် နေကြ သည်။ တိုက်ပွဲများအတွင်း စစ်ကောင်စီသည် မြို့/ရွာများနှင့် တပ်စခန်းကြီး/ငယ်များအားတဖြည်းဖြည်း လက်လွှတ်ဆုံးရှုံးနေရသည်။

“တစ်နိုင်ငံလုံး စစ်မျက်နှာကျယ်ပြန့်နေတဲ့အချိန်မှာ တပ်သားတွေထပ်တိုးဖို့ လိုအပ်နေတာလို့ မြင်တယ်။ ရခိုင်မှာ ပြီးခဲ့တဲ့တိုက်ပွဲကာလက AA တပ်ထဲကို လူငယ်တွေအများကြီးသွားကြတာ ရှိတယ်။ ဒါပေ မယ့် AA ဘက်က လက်မခံဘဲ ပြန်လွှတ်ခဲ့တာ တချို့ရှိခဲ့တယ်။ အဲဒီအချိန်မှာ မလိုအပ်သေးလို့ပေါ့။ အဲဒီလူငယ်တွေက အခုအချိန်မှာ ပါဝင်အားဖြည့်ကြဖို့ အသင့်ရှိကြလိမ့်မယ်လို့ ထင်တယ်” ဟု ပုဏ္ဏား ကျွန်းမြို့ခံတစ်ဦးက ပြောသည်။

ရက္ခိုင့်တပ်တော်(AA)ကို ၂၀၀၉ ခုနှစ် ဧပြီ ၁၀ ရက်နေ့တွင် လူငယ် ၂၆ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ် သည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ပြောကြားချက်အရ ရက္ခိုင် တပ်တော်တွင် တပ်ဖွဲ့ဝင်အင်အား ၃ သောင်းအထိ ရှိကြောင်း သိရသည်။

လက်နက်ကိုင်တပ်ဖွဲ့များ၏ ထိုးစစ်ဆင်မှုကို ခံနေရသော စစ်ကောင်စီကလည်း ခွင့်မဲ့နှင့် စစ်ပြေးများ အ နေဖြင့် တပ်ထဲသို့ ပြန်ဝင်လိုသည့်ဆန္ဒရှိလျှင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် ဝင်ခွင့်ပြုမည်ဖြစ်ကြောင်း ဖိတ်ခေါ်ထားသည်။

#D004 #DMG

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */