" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, December 7, 2023

လုံခြုံရေး စိုးရိမ်မှုကြား တရုတ်ရေတပ်သင်္ဘောများ မြန်မာ ဆီ လာရောက်

Mizzima
December 7, 2023

Reuters – တရုတ်နယ်စပ်အနီး မြန်မာ အာဏာသိမ်း စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ် များကြား တိုက်ပွဲများ အရှိန်မြင့် ဖြစ်ပွားနေသည်ကို တရုတ်နိုင်ငံက စိုးရိမ်ပူပန်နေသည့်ကြားမှ အသစ် တဖန် တရုတ်၏ ကာကွယ်ရေး ချိတ်ဆက်ပတ်သက်မှု တစိတ်တပိုင်းအဖြစ် တရုတ် ရေတပ်သင်္ဘော သုံးစင်းသည် မြန်မာနိုင်ငံသို့ အပြုသဘော ခရီးစဉ် ရောက်ရှိသည်။

ပဲ့ထိန်းဒုံးကျည်ဖျက်သင်္ဘော Zibo နှင့် ပဲ့ထိန်းဒုံးကျည် ဖရီးဂိတ်သင်္ဘော Jingzhou တို့ကို မြန်မာဖရီး ဂိတ်သင်္ဘော တစင်း ခြံရံလျက် ရန်ကုန်သို့ တနင်္လာနေ့တွင် ဆိုက်ကပ်ကြောင်း တရုတ်ပြည်သူ့လွတ် မြောက်ရေး ရေတပ်က ထုတ်ပြန်ချက်၌ ဖော်ပြသည်။

အကြီးတန်း ကပ္ပတိန် ဆန်ဘို ဦးဆောင်သော အမာခံတပ်အင်အား ၇၀၀ နှင့်အတူတရုတ်တပ်ထောက် ကူ သင်္ဘောတစင်းပါ လေးရက်တာ ခရီးစဉ် ရောက်ရှိကြောင်း Global New Light of Myanmar သတင်းစာက ဖော်ပြသည်။

တရုတ် လုပ်ငန်းစဉ်တပ်ဖွဲ့က မြန်မာနှင့်အတူ “ရေတပ်လုံခြုံရေး စစ်ရေးလေ့ကျင့်မှုများ ဆောင်ရွက် မည်”ဖြစ်ကြောင်း ယင်း သတင်းက ဆိုသည်။

ယခု တရုတ်သင်္ဘောများသည် ၂၀၀၈ ခုနှစ်က စတင်ပြီး ဆိုမာလီကမ်းလွန်နှင့် အေဒင်ပင်လယ်ကွေ့တို့ ၌ ပင်လယ်ဓားပြ ချေမှုန်းရေး စစ်ဆင်ရေးများကို ဆောင်ရွက်နေသည့် တရုတ် ရေတပ် အမှတ်( ၄၄ ) ရေတပ်အုပ်စုမှ ဖြစ်သည်။ အမှတ်( ၄၄ )ရေတပ်အုပ်စုကို ယခုလအတွင်း ယူအေအီး၌လည်း မြင်တွေ့ ခဲ့ရသည်။

၂၀၂၂ နှောင်းပိုင်း၌ zero-COVID ကန့်သတ်ချက်များ ရုပ်သိမ်းပြီးနောက်တွင် တရုတ်စစ်တပ်သည် ယခုနှစ်၌ အရှေ့တောင်အာရှတွင် ကာကွယ်ရေး ချိတ်ဆက်မှုများ ဆောင်ရွက်လျက် ရှိသည်။

ယခုလအတွင်း၌ တရုတ်နှင့် ဗီယက်နမ် ရေတပ်တို့သည် ၂၀၀၅ ခုနှစ်မှနောက်ပိုင်း ဘိုင်ဘူပင်လယ် ကွေ့၌ ၃၅ ကြိမ်မြောက် ပူးတွဲကင်းလှည့်မှုကို ဆောင်ရွက်ခဲ့သကဲ့သို့ လာအိုမှ တပ်များနှင့်လည်း တရုတ် တပ်များက နယ်စပ်ကာကွယ်ရေး အပြန်အလှန် ဆောင်ရွက်ချက်များကို လုပ်ဆောင်ခဲ့သည်။

မြန်မာနိုင်ငံတွင် တရုတ်နယ်စပ်အနီး တိုင်းရင်းသားတပ်များနှင့် အာဏာသိမ်းတပ်များ တိုက်ပွဲများ ဖြစ် ပွားပြီး တရုတ်အတွက် စိုးရိမ်ပူပန်မှုဖြစ်ရကာ ငြိမ်းချမ်းရေး တိုက်တွန်းနေရသည့်ကြားက တရုတ်ရေ တပ်သင်္ဘောများ ရောက်ရှိလာခြင်းပဲ ဖြစ်သည်။

စနေနေ့မှ စတင်ကာ တရုတ်တပ်ဖွဲ့ဝင်များသည် နယ်စပ် ၎င်းတို့ဘက်၌ ကျည်စစ်ဖြင့် စစ်ရေးလေ့ ကျင့် မှုများ ပြုလုပ်ခဲ့ပြီး ပြည်သူ့လွတ်မြောက်ရေးတပ်က “မည်သို့သော အရေးပေါ်အခြေအနေအတွက် မ ဆို အသင့်ရှိကြောင်း” PLA Daily သတင်းက ဖော်ပြခဲ့သည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုများကို နှစ်စဉ် လေ့ကျင့်ရေး အစီအစဉ်အရ လုပ်ဆောင်ခြင်း ဖြစ်သော် လည်း မြန်မာက ပဋိပက္ခများကြောင့် ထိခိုက်ပျက်စီးမှုများ ရှိနေပြီး လုံခြုံရေးအခြေအနေ ရှုပ်ထွေးစေ သည်ဟု PLA Daily က ဖော်ပြခဲ့သည်။ 

 Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */