" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, December 7, 2023

ရုရှားသမ္မတပူတင် ယူအေအီးသမ္မတနှင့် တွေ့ဆုံဆွေးနွေး

DVB
December 7, 2023

အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံဟာ ရုရှားနိုင်ငံရဲ့ အကြီးဆုံး အာရပ် ရင်းနှီးမြှုပ် နှံ သူဖြစ်ပြီး ပင်လယ်ကွေ့ဒေသမှာတော့ ရုရှားရဲ့ အကြီးဆုံးကုန်သွယ်ဘက် ဖြစ်တယ်လို့ ယူအေအီး သမ္မတ ဘင်ဇာယဒ်အယ်လ်နာယန်က ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ချိန်မှာ ဒီဇင်ဘာ ၆ ရက်က ပြောပါတယ်။

အဘူဒါဘီမြို့မှာ တွေ့ဆုံချိန် ဘင်ဇာယဒ်က သူ့နိုင်ငံဟာ အထူးသဖြင့် “ဆန်းသစ်တီထွင်မှု၊ စွမ်းအင်၊ အခြေခံအဆောက်အအုံနဲ့ နည်းပညာသစ်တွေ အပါအဝင် နယ်ပယ်တွေမှာ ရုရှားနဲ့ ပူးပေါင်းဆောင် ရွက်မှုကို တိုးချဲ့ဖို့ မျှော်လင့်ထားတယ်လို့ ပြောပါတယ်။

ရုရှားနဲ့ ယူအေအီးတို့ဟာ ကမ္ဘာ့ရေနံ ၄၀ ရာခိုင်နှုန်းကျော်ကို ထုတ်ယူနေတဲ့ OPEC+ အဖွဲ့ရဲ့ တစိတ် တပိုင်းအဖြစ် ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ ပူတင်ကပြောပြီး အစ္စရေး-ဟားမတ်စ် ပဋိပက္ခနဲ့ယူကရိန်း အရေးတို့ကို ဆွေးနွေးမယ်လို့ ပူတင်က ပြောခဲ့ပါတယ်။

ရုရှားနဲ့ အာရပ်စော်ဘွားများပြည်ထောင်စုကြား ဆက်ဆံရေးက မကြုံစဘူး မြင့်မားလာတယ်လို့လည်း ပူတင်က ဘင်ဇာယဒ်ကို ပြောပါတယ်။

ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ပူတင်ဟာ ရှားရှားပါးပါး နိုင်ငံခြားခရီးအနေနဲ့ ယူအေအီးနဲ့ ဆော်ဒီအာ ရေ ဗျ နိုင်ငံတို့ကို သွားခဲ့တာဖြစ်ပြီး ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်နဲ့လည်း တွေ့ဆုံ ဆွေးနွေး မယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

Source/Photo-Reuters

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */