" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, November 17, 2023

ကုလသမဂ္ဂ၏ ဘက်လိုက်သော ဆုံးဖြတ်ချက်အဆိုအား မြန်မာကပယ်ချ

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့
Friday, November 17, 2023

နယူးယောက်မြို့၌ ကျင်းပနေသည့် (၇၈) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယ ကော် မတီ၌ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်း စစ်ဆေးရေးယန္တရား (IIMM) နှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူတို့၏အစီ ရင်ခံစာများအပေါ် ပူးတွဲရှင်းလင်းဆွေးနွေးမှုများကို ၂၃-၁ဝ-၂ဝ၂၃ ရက်တွင် ပြုလုပ်ခဲ့သည်။ ထို့အပြင် “မြန်မာနိုင်ငံရှိ “ရိုဟင်ဂျာ” မွတ်ဆလင်များနှင့် အခြားလူနည်းစုများ၏ လူ့အခွင့်အရေးအခြေအနေ” ဟု ခေါင်းစဉ်တပ်ထားသည့် ဆုံးဖြတ်ချက်အဆိုကို သက်ဆိုင်ရာ မြန်မာ နိုင်ငံ၏ တရားဝင်ကိုယ်စား လှယ်များ ပါဝင်ခြင်းမရှိဘဲ ၁၅-၁၁-၂၀၂၃ ရက်တွင် အတည်ပြုချမှတ် ခဲ့သည်။

ကုလသမဂ္ဂနိုင်ငံရေးနှင့် ငြိမ်းချမ်း‌ရေးတည်ဆောက်မှုဆိုင်ရာရုံးမှ Assistant Secretary-General Mr. Khaled Khiari သည် ၎င်းအားလုပ်ပိုင်ခွင့်ပေးအပ်ထားခြင်း မရှိဘဲ အဆိုပါ ပူးတွဲ ဆွေးနွေးမှု တွင် ပါဝင်တင်ပြခဲ့သည်။ မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေ ဆိုင်ရာ အထူးအစီရင်ခံစာတင် သွင်း သူ Thomas Andrews ကလည်း ၂၃-၁၀-၂၀၂၃ ရက်တွင်ပင် ၎င်း၏ ကျင့်ဝတ် နှင့်မညီရုံမျှ သာ မက ပညာရှင်မဆန်သော အစီရင်ခံစာကို အဖွဲ့ဝင်နိုင်ငံများထံ တင်ပြဆွေးနွေးခဲ့သည်။ IIMM ယန္တ ရားက စုဆောင်းခဲ့သည်ဟုဆိုသော သတင်းအချက်အလက် ၂၃ သန်း၏ တိကျမှန်ကန်မှုကို စိစစ်နိုင် ခြင်းမရှိဘဲ ၎င်းတို့ဘာသာလိုရာဆွဲ၍ ကောက်ချက်ချလျက်ရှိသည်။ “NUG” ဆိုသည့် အကြမ်းဖက် အဖွဲ့ကို ကိုယ်စားပြုလျက်ရှိသော ကျော်မိုးထွန်းက မြန်မာနိုင်ငံအမည်ခံ၍ ကုလသမဂ္ဂ အစည်းအဝေး များ တွင် ပါဝင်ဆောင်ရွက်ချက်များကို ကန့်ကွက်ကြောင်း မြန်မာနိုင်ငံမှ ကုလသမဂ္ဂ ဘက်သို့ စာပေးပို့ အကြောင်းကြားပြီးဖြစ်သည်။

အီးယူနှင့် အိုအိုင်စီတို့က ၁၅-၁၁-၂၀၂၃ ရက်တွင် တင်သွင်းသည့် ဆုံးဖြတ်ချက်အဆိုတွင် ယခင်အ ဆိုများနည်းတူ ဆန့်ကျင်ဘက်အဖွဲ့အစည်းများနှင့် မီဒီယာတစ်ချို့၏ အခြေအမြစ်မရှိသော စွပ်စွဲချက် များပါဝင်သည်။ ယင်းဆုံးဖြတ်ချက်အဆိုသည် ၂၀၁၇ ခုနှစ်၊ ဩဂုတ်လတွင် ရခိုင်ပြည်နယ် မြောက်ပိုင်း ဖြစ်စဉ်မှ စတင်ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး၊ ယင်းဖြစ်စဉ်၏ အကြောင်းရင်းနှင့် မြေပြင် အခြေအနေမှန်ကို ရည်ရွယ်ချက်ရှိရှိ လျစ်လျူရှုထားခဲ့သည်။ စင်စစ် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ နှောင်းပိုင်း၌ ARSA (ခေါ်) Aqua Mul Mujahidin အကြမ်းဖက်အဖွဲ့၏ ခြိမ်းခြောက်မှုများ၊ သတ်ဖြတ်မှုများနှင့် ကြိုတင် ကြံစည်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ရခိုင်ပြည်နယ် မြောက်ပိုင်းမှ အလုံးအရင်းဖြင့် နေရပ် စွန့်ခွာမှုများ စတင်ခဲ့ခြင်းဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ စခန်း များမှ ရာပေါင်းများစွာသော နေရပ်စွန့် ခွာသူများသည် အကြမ်းဖက်သမားများ၏ အစီအစဉ်ကို မလိုက်နာခြင်းနှင့် နေရပ်ပြန်ရေး လုပ်ငန်းစဉ် ကို ထောက်ခံခြင်းတို့ကြောင့် သတ်ဖြတ်ခံနေရပြီး၊ယင်းသို့အသက်အန္တရာယ်ခြိမ်းခြောက်မှုများကြောင့် ၎င်းတို့နေရပ်ပြန်ရေး လုပ်ငန်းစဉ် ဖြစ်မြောက် ရေးကို ထိခိုက်စေသည်။ မြန်မာနိုင်ငံအနေဖြင့် တည်ဆဲ ဥပဒေများနှင့် မြန်မာ-ဘင်္ဂလားဒေ့ရှ်အကြား သဘောတူလက်မှတ်ရေးထိုးထားသော အစီအမံများနှင့် အညီ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ အဖြစ် စိစစ်အတည်ပြုပြီးသူများကို လက်ခံရန် အဆင်သင့် ရှိသည်။ စိစစ်ပြီး နေရပ်စွန့်ခွာသူများကို ပြန်လည်ပို့ဆောင်ရန် နှစ်နိုင်ငံအကြားဆက်လက်ညှိနှိုင်းဆွေး နွေးလျက်ရှိသည်။ မြန်မာအစိုးရ အနေဖြင့် ရာနှင့်ချီသော နေရပ်ပြန်လိုသည့် ဟိန္ဒူများအားဆောလျင် စွာ နေရပ်ပြန်လာနိုင်ရေး အကူအညီပေးရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အကြိမ်ကြိမ်မေတ္တာရပ်ခံလျက်ရှိ သည်။ ပြန်လည်ပို့ဆောင် ရေးလုပ်ငန်းစဉ်မှာ မြန်မာနိုင်ငံ တစ်နိုင်ငံတည်းဆောင်ရွက်၍ မရဘဲ၊ ဘင်္ဂ လားဒေ့ရှ်ဘက်မှ ပူးပေါင်း ဆောင်ရွက်ပေးရန်လိုအပ်သည်။ မြန်မာနိုင်ငံအနေဖြင့် ဥပဒေအရ လည်း ကောင်း၊ သမိုင်းမှတ်တမ်းများ အရလည်းကောင်း မည်သည့်အခါကမျှ မရှိခဲ့သော “ရိုဟင်ဂျာ” ဆိုသည့် တီထွင်ထားသည့် အသုံး အနှုန်းကို အသိအမှတ်မပြုကြောင်း ဖော်ပြအပ်သည်။

ဆုံးဖြတ်ချက်အဆိုသည် NUG နှင့် PDF ဆိုသူတို့၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ကလေးသူ ငယ် ၂၃၀ ဉီးကျော်အပါအဝင် လက်နက်မဲ့အရပ်သား ၆,၇ဝဝ ကျော် သေဆုံးခဲ့ရသည်ကို ရှုတ်ချရန် ပျက် ကွက်ခဲ့သည်။ ယင်းဆုံးဖြတ်ချက်အဆိုတွင် အမုန်းပွားစေသောအချက်များနှင့် နိုင်ငံ အတွင်း မတူ ညီသော အသိုက်အဝန်းများအကြား စိတ်ဝမ်းကွဲပြားမှုနှင့် တင်းမာမှုများကို ပိုမို မြင့်တက် စေနိုင်သည့် အချက်များ ပါဝင်သည်။

ဆုံးဖြတ်ချက်အဆိုပါ သိမ်းကျူံးစွပ်စွဲချက်များနှင့် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်သည့် အချက် များကြောင့်လည်းကောင်း၊ နိုင်ငံတစ်နိုင်ငံအပေါ် ဉီးတည်ချမှတ်သော ဆုံးဖြတ်ချက်အဆိုများ အပေါ် အစဉ်တစိုက် ဆန့်ကျင်သည့် မြန်မာနိုင်ငံ၏ ရပ်တည်ချက်တို့ကြောင့်လည်းကောင်း မြန်မာ နိုင်ငံက ယင်းဆုံးဖြတ်ချက်အဆိုတစ်ခုလုံးအား လုံးဝပယ်ချ၍ ပါဝင်ပတ်သက်မှုမရှိကြောင်း ဖော်ပြ အပ်သည်။ ဆုံးဖြတ်ချက်အဆိုချမှတ်ရာတွင် ပါဝင်ပတ်သက်ခြင်းမရှိသော မိတ်ဆွေနိုင်ငံများကို ကျေးဇူးတင်ရှိ ကြောင်း ဖော်ပြအပ်သည်။ 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */