" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, November 1, 2023

အရှေ့အလယ်ပိုင်းဒေသကို အမေရိကန်တပ်ဖွဲ့ဝင် ၃၀၀ ထပ်လွှတ်

DVB
November 1, 2023

အမေရိကန်ပြည်ထောင်စုဟာ ပေါက်ကွဲစေတတ်တဲ့ လက်နက်တွေ စွန့်ပစ်ဖို့နဲ့ ဆက်သွယ်ရေးလို နယ် ပယ်တွေမှာ ထောက်ပံ့ဖို့ အာရုံစိုက်ရင်း အရှေ့အလယ်ပိုင်းကို အမေရိကန်တပ်ဖွဲ့ဝင် ၃၀၀ ထပ်လွှတ် ထားတယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က အောက်တိုဘာ ၃၁ ရက်မှာ ပြောလိုက်ပါတယ်။

တပ်ဖွဲ့ဝင်တွေဟာ အမေရိကန်ကနေ ထွက်လာမှာဖြစ်‌ေပမဲ့ အစ္စရေးနိုင်ငံထဲမှာ ရှိမှာတော့ မဟုတ်ဘူး လို့ ပင်တဂွန်စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ပက်ထရစ်ရိုင်ဒါက ပြောပါတယ်။

ဒေသတွင်း ဟန့်တားရေး ကြိုးပမ်းချက်တွေကို ပံ့ပိုးကူညီဖို့နဲ့ အမေရိကန်ရဲ့ အင်အားသုံးကာကွယ်ရေး စွမ်းရည်တွေကို ပိုမိုအားကောင်းစေဖို့ ရည်ရွယ်တယ်လို့ ရိုက်ဒါက ပြောပါတယ်။

အခုလအတွင်း အီရတ်နဲ့ ဆီးရီးယားတို့မှာ အမေရိကန်တပ်တွေကို တိုက်ခိုက်မှု ၂၇ ကြိမ် ရှိပြီလို့လည်း သူက ထပ်ပြောခဲ့ပါတယ်။

Source/Photo-Reuters

 Link: Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */